မြန်မာ့နွေဦး

စစ်ကောင်စီက ရွှေဈေးကွက်အပေါ် တင်းကျပ်တာကြောင့် ရန်ကုန်မှာ အိမ်ခြံမြေဘက်ကို ရင်းနှီးမြုပ်နှံသူ များလာ

မဲခေါင် 18 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၇ စစ်ကောင်စီက ရွှေဈေးကွက်အပေါ် ထိန်းချုပ်တင်းကျပ်လိုက်တာကြောင့် ရင်းနှီးမြုပ်နှံသူတချို့ဟာ အိမ်ခြံမြေဘက်ကို ပိုမိုဝင်စားလာပြီး ဆင်ခြေဖုန်းရပ်ကွက်တွေအထိ ဝယ်ယူမှုတွေရှိနေတယ်လို့ အိမ်ခြံမြေအရောင်းအဝယ်လုပ်သူတွေဆီက သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၇

စစ်ကောင်စီက ရွှေဈေးကွက်အပေါ် ထိန်းချုပ်တင်းကျပ်လိုက်တာကြောင့် ရင်းနှီးမြုပ်နှံသူတချို့ဟာ အိမ်ခြံမြေဘက်ကို ပိုမိုဝင်စားလာပြီး ဆင်ခြေဖုန်းရပ်ကွက်တွေအထိ ဝယ်ယူမှုတွေရှိနေတယ်လို့ အိမ်ခြံမြေအရောင်းအဝယ်လုပ်သူတွေဆီက သိရပါတယ်။

၂၀၂၃ ခုနှစ် နှစ်စပိုင်းကစပြီး အိမ်ခြံမြေဈေးကွက်မှာ အလှုပ်အခတ်ရှိလာပြီး​ ဆင်ခြေဖုန်းရပ်ကွက်တွေကို ရင်းနှီးမြုပ်နှံသူတွေက ပိုမိုစိတ်ဝင်စားလာကြတာပါ။

“အခုငွေတန်ဖိုးကလည်း ကျမြဲတိုင်းဆိုတော့ လက်ထဲမထားချင်တော့ ဒီဘက်ပြန်လှည့်လာတဲ့သဘော၊ ရွှေနဲ့ ဒေါ်လာက နိုင်ငံတော်နဲ့ တိုက်ရိုက်ပတ်သက်နေတော့ စျေးကစားတဲ့သူတွေက နောက်ဆက်တွဲ ပြဿနာတွေရှိနိုင်တော့ ဒီဘက်ကိုလှည့်လာတာ၊ ဆင်ခြေဖုန်း မြို့နယ်တွေက မြေတွေပါလိုက်ဝယ်နေကြတာလို့” အိမ်ခြံမြေအရောင်းအဝယ် လုပ်ငန်းလုပ်သူတစ်ဦးက ဆိုပါတယ်။

မှော်ဘီ၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွေ၊ သာကေတနဲ့ သုဝဏ္ဏက မြေကွက်တွေ၊ တိုက်ခန်းတွေကတော့ သိန်း ၃၀၀ တိုက်ခန်းတွေအပြင်၊ သိန်းတစ်ထောင်အောက် မြေကွက်တွေ အရောင်းသွက်တယ်လို့လည်း သိရပါတယ်။

ရန်ကုန်မြို့စွန့်တွေအပြင် ဆင်ခြေဖုန်းမြို့နယ်တွေမှာပါ စျေးကောင်းပေးဝယ်မှုတွေရှိနေပေမယ့် ပြောင်းရွှေ့နေထိုင်ဖို့ အတွက် ဝယ်တဲ့သူနည်းတယ်လို့ အိမ်ခြံမြေအရောင်းအဝယ်လုပ်သူတစ်ဦးက ပြောပါတယ်။

“နယ်က ဆင်းဝယ်တဲ့သူတွေလည်း များတယ်၊ မြို့ပေါ်ကလူတွေလည်း ဆင်းလာကျတယ်၊ ပေ ၄၀-၆၀ သိန်း ၃၀၀ ဝန်းကျင်လေးတွေက ပိုသွက်တယ်။ ဝယ်ပြီးသူတွေက အဌား တစ်ခါတည်းပြန်ချထားတာမျိုး နေထိုင်ဖို့ဝယ်တာထက်၊ ငွေကို ရင်းနှီးမြုပ်နှံထားတဲ့သဘော” လို့ မှော်ဘီမြို့နည်းပညာတက္ကသိုလ်နားက အိမ်ခြံမြေရောင်းဝယ်လုပ်သူက ဆိုပါတယ်။

အာဏာသိမ်းပြီးချိန်က စတင်ပြီး မြန်မာငွေတန်ဖိုးကျဆင်းလာမှု၊ ဘဏ်လုပ်ငန်းတွေ အခြေမခိုင်မှုတွေကြောင့် ရင်းနှီးမြုပ်နှံသူတွေက ရွှေ၊ ဒေါ်လာ၊ ကား တွေကို ရင်းနှီးမြုပ်နှံလာရာကနေ အခုအခါမှာတော့ အိမ်ခြံမြေအပေါ် ရင်းနှီးမြုပ်နှံမှု ပိုတိုးလုပ်ကိုင်လာကြတာဖြစ်ပါတယ်။

MK-006

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now