နေ့စဥ်သတင်း

ဒီမော့ဆိုအနောက်ခြမ်းကို စစ်ကောင်စီ လေယာဉ် ၃ စီးဖြင့် ဗုံးကြဲ၊ အရပ်သား ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

မဲခေါင် 29 Sep - 2026
မဲခေါင်၊ စက်တင်ဘာ ၂၉ ကရင်နီပြည်၊ ဒီမော့ဆိုမြို့နယ် အနောက်ခြမ်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးနှင့် Y-12 လေယာဉ် ၁ စီး အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သဖြင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ယမန်နေ့ စက်တင်ဘာ ၂၈ ရက်တွင် နံနက် ၁၁ နာရီခွဲဝန်းကျင်မှ မွန်းတည့် ၁၂ နာရီဝန်းကျင်အထိ ဒီးမော့ဆိုအနောက်ခြမ်းရှိ အရပ်သားနေရာ ၂ ခုကို စစ်ကောင်စီက ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းအပြင် Y-12 လေယာဉ်ဖြင့်လည်း ထပ်မံဗုံးကြဲခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်

မဲခေါင်၊ စက်တင်ဘာ ၂၉

ကရင်နီပြည်၊ ဒီမော့ဆိုမြို့နယ် အနောက်ခြမ်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးနှင့် Y-12 လေယာဉ် ၁ စီး အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သဖြင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာ ၂၈ ရက်တွင် နံနက် ၁၁ နာရီခွဲဝန်းကျင်မှ မွန်းတည့် ၁၂ နာရီဝန်းကျင်အထိ ဒီးမော့ဆိုအနောက်ခြမ်းရှိ အရပ်သားနေရာ ၂ ခုကို စစ်ကောင်စီက ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းအပြင် Y-12 လေယာဉ်ဖြင့်လည်း ထပ်မံဗုံးကြဲခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၆၀ ကျော်အရွယ် အမျိုးသား ၁ ဦး၊ အသက် ၃၁ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးနှင့် ကလေးငယ် ၁ ဦး စုစုပေါင်း ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက် ၆၀ ကျော်အရွယ် အမျိုးသားမှာ ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများက ပြောသည်။

“ဒဏ်ရာပြင်းထန်တဲ့ တစ်ယောက်က ဗုံးခိုကျင်းထဲ ဝင်ဖို့လုပ်တဲ့အချိန်မှာ ဗိုက်ကိုထိသွားတာ သူကတော့ စိုးရိမ်ရတယ်။ သူ့သမီးလည်း ထိတယ်။ အခုတော့ ဆေးကုနေပြီ”ဟု ဖြစ်စဉ်ကိုသိရှိသည့် ဒေသခံတစ်ဦးကပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ ဂျက်ဖိုက်တာ ၂ စီးအနက် တစ်စီးသည် ဒီးမော့ဆိုအနောက်ခြမ်းရှိ နေရာများကို အကြိမ်ကြိမ် ဗုံးကြဲခဲ့ပြီး Y-12 လေယာဉ်ကလည်း ပျံဝဲကာ ထပ်မံဗုံးကြဲခဲ့ကြောင်း သိရသည်။ တစ်ကြိမ်လျှင် ဗုံး ၅ လုံးခန့်အထိ ကြဲချခဲ့ကြောင်းလည်း ဒေသခံများက ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ယမန်နေ့ညတွင်လည်း စစ်ကောင်စီတပ်က အသေခံဒရုန်းများဖြင့် အဆိုပါဒေသအတွင်း ပျံဝဲနေခဲ့သဖြင့် ပြည်သူများမှာ စိုးရိမ်ထိတ်လန့်နေရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်ကလည်း ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ မိဘမဲ့ကလေးများ နေထိုင်ရာနေရာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦး သေဆုံးပြီး ကလေး ၂ ဦးအပါအဝင် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယခု စက်တင်ဘာလအတွင်းတွင် ကရင်နီပြည်ရှိ အရပ်သားနေထိုင်ရာနေရာများကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၅ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ၁၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့ကြောင်း ဒေသတွင်းသတင်းဌာနများ၏ မှတ်တမ်းများအရ သိရသည်။

#MeKongNews
#ဒီမော့ဆို
#စစ်ကောင်စီ
#လေယာဥ်
#ဗုံးကြဲ
#သေဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now