နေ့စဥ်သတင်း

မိုင်းတုံမှ တာချီလိတ်ပို့သည့် ရာဘာများကို ဖမ်းဆီးပြီး နယ်လုံဝန်ကြီး ညွှန်ကြားချက်ဟုဆိုကာ ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အမှုဖွင့်မည်ဆိုသည့်အတွက် တောင်သူများ ဒုက္ခရောက်

မဲခေါင် 29 Sep - 2026
မဲခေါင်၊ စက်တင်ဘာ ၂၉ ရှမ်းအရှေ့ဒေသတွင်းစိုက်ပျိုးပြီး တာချီလိတ်တွင် ရောင်းချရန် ပို့ဆောင်သည့် ရာဘာကား ၂စီးကို စ.စ.စ က တာချီလိတ်မြို့အဝင်၌ ဖမ်းဆီးပြီး နယ်လုံဝန်ကြီး၏ ညွှန်ကြားချက်ဟုဆိုကာ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ် (၈) ဖြင့် အမှုဖွင့်မည်ဟု ဆိုသည့်အတွက် မိုင်းတုံမြို့နယ်မှ ရာဘာစိုက်တောင်သူများ ဒုက္ခရောက်နေကြောင်း ရာဘာစိုက်တောင်သူများနှင့် နီးစပ်သူများထံမှ သိရသည်။ ရာဘာများမှာ မိုင်းတုံမြို့နယ်အတွင်းစိုက်ပျိုးပြီး တာချီလိတ်မြို့ရှိ ရာဘာစက်ရုံများတွင် ရောင်းချရန် စက်တင်ဘာလ ၂၃ရက်က မိုင်းတုံမြို့မှ ထွက်ခွာလာခြင်းဖြစ်ကြောင်း၊ စက်တင်ဘာလ ၂၅ရက် ညပိုင်း တာချီလိတ်မြို့အဝင် ဟွေရဲဂိတ်အကျော်တွင် စ.စ.စ ဦးဆောင်သည့်အဖွဲ့က ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း တောင်သူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “ရာဘာတွေက မိုင်းတုံကနေ တာချီလိတ်ကို

မဲခေါင်၊ စက်တင်ဘာ ၂၉

ရှမ်းအရှေ့ဒေသတွင်းစိုက်ပျိုးပြီး တာချီလိတ်တွင် ရောင်းချရန် ပို့ဆောင်သည့် ရာဘာကား ၂စီးကို စ.စ.စ က တာချီလိတ်မြို့အဝင်၌ ဖမ်းဆီးပြီး နယ်လုံဝန်ကြီး၏ ညွှန်ကြားချက်ဟုဆိုကာ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ် (၈) ဖြင့် အမှုဖွင့်မည်ဟု ဆိုသည့်အတွက် မိုင်းတုံမြို့နယ်မှ ရာဘာစိုက်တောင်သူများ ဒုက္ခရောက်နေကြောင်း ရာဘာစိုက်တောင်သူများနှင့် နီးစပ်သူများထံမှ သိရသည်။

ရာဘာများမှာ မိုင်းတုံမြို့နယ်အတွင်းစိုက်ပျိုးပြီး တာချီလိတ်မြို့ရှိ ရာဘာစက်ရုံများတွင် ရောင်းချရန် စက်တင်ဘာလ ၂၃ရက်က မိုင်းတုံမြို့မှ ထွက်ခွာလာခြင်းဖြစ်ကြောင်း၊ စက်တင်ဘာလ ၂၅ရက် ညပိုင်း တာချီလိတ်မြို့အဝင် ဟွေရဲဂိတ်အကျော်တွင် စ.စ.စ ဦးဆောင်သည့်အဖွဲ့က ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း တောင်သူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ရာဘာတွေက မိုင်းတုံကနေ တာချီလိတ်ကို ပို့တာပါ။ တာချီလိတ်က စက်ရုံတွေမှာရောင်းဖို့ပါ။ ဈေးမကောင်းသေးရင်လည်း ခဏ တာချီလိတ်မှာပဲလှောင်ထားမယ်ဆိုပြီး ပို့တာ။ နယ်စပ်ကိုလည်း မရောက်ပါဘူး။ မြို့အဝင်ပဲရှိသေးတာကို ဖမ်းလိုက်တာ။ ဒေသတွင်းစိုက်ပျိုးထားတဲ့ကုန် စစ်စစ်ပါ” ဟု ၎င်းကပြောသည်။

စက်တင်ဘာလ ၂၅ရက် ညပိုင်းက ယင်းရာဘာတင်ကား ၂စီးကို ဖမ်းဆီးကာ ယာဉ်မောင်းများကို အာမခံဖြင့် လွှတ်ပေးထားသော်လည်း စက်တင်ဘာလ ၂၈ရက် ညနေပိုင်းတွင် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ(၈)ဖြင့် အမှုဖွင့်မည်ဟုဆိုကာ ပြန်လည်ဖမ်းဆီးသွားကြောင်း၊ ယင်းဥပဒေပုဒ်မဖြင့် အမှုဖွင့်ရန် နယ်လုံဝန်ကြီးက ညွှန်ကြားသည်ဟု စ.စ.စ က ဆိုကြောင်း နီးစပ်သူများက ပြောသည်။

မိုင်းတုံဒေသဘက်မှ စိုက်ပျိုးထွက်ရှိသည့် ရာဘာများကို တာချီလိတ်မြို့ရှိ ရာဘာစက်ရုံများသို့ ပုံမှန် နှစ်စဉ်နှစ်တိုင်း ပို့ဆောင်ရောင်းချနေခြင်းဖြစ်ပြီး ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းမရှိကြောင်း၊ ကိုယ်တိုင်စိုက်ပျိုးသည့် ဒေသထွက်ကုန်များကို ယခုကဲ့သို့ ဖမ်းဆီးပြီး ပုဒ်မကြီးတပ်ကာ အရေးယူခြင်းကြောင့် တောင်သူများမှ များစွာထိတ်လန့်ရကြောင်း တောင်သူများနှင့် နီးစပ်သူက ပြောသည်။

“တစ်ခါမှ ဟိုဘက်ကမ်းကို မရောင်းဖူးဘူး။ သွားရလောက်အောင်လည်း ဒီကလူတွေ (ရာဘာစိုက်တောင်သူတွေ) က ပေါက်ပေါက်မြောက်မြောက် မရှိပါဘူး။ တောင်သူတွေက တာချီလိတ်ပဲရောင်းရတာလေ။ ဘယ်သွားရောင်းတတ်မှာလဲ။ အရင်က ရောင်းနေကြ အထောက်အထားဘောင်ချာတွေလည်း ရှိတယ်။ သက်ဆိုင်ရာက ဒေသထွက်ကုန်ဆိုတဲ့ ထောက်ခံချက်လည်း ပါတယ်။ ဒါတောင်ဖမ်းတယ်ဆို တောင်သူတွေက ဘာလုပ်စားရမှန်းမသိတော့ဘူး” ဟု ၎င်းက ပြောသည်။

ယင်းဖမ်းဆီးခံရသည့် ရာဘာများမှာ တောင်သူ ၅ဦးခန့်ပိုင်သည့် ရာဘာများဖြစ်ပြီး တန်ဖိုးအားဖြင့် ကျပ်သိန်း ၂၀၀ ခန့်ရှိကြောင်း၊ လက်ရှိတင် ရာဘာ၊ ကုန်ကားနှင့် ယာဉ်မောင်းများ အားလုံးအဖမ်းခံထားရသည့်အတွက် များစွာ အခက်အခဲဖြစ်နေရကြောင်း၊ ယခုကိစ္စကို နယ်လုံဝန်ကြီး သိရှိကာ အမှန်အတိုင်းကူညီဆောင်ရွက်ပေးစေလိုကြောင်း ရာဘာစိုက်တောင်သူများက တောင်းဆိုနေကြသည်။

#MeKongNews
#တာချီလိတ်
#ရှမ်းအရှေ့
#ရာဘာစက်ရုံ
#ရာဘာ
#မိုင်းတုံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now