နေ့စဥ်သတင်း

PNDF တပ်ရင်း ၁၀၁၁ တည်ထောင်ခြင်း ၃ နှစ်ပြည့်ကြောင်း ထုတ်ပြန်

မဲခေါင် 23 Sep - 2026
မဲခေါင်၊ စက်တင်ဘာ ၂၃ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF)၊ အမှတ် (၁၀၁၁) တပ်ရင်းသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ တရားဝင် တပ်ရင်းတစ်ရင်းအဖြစ် ရပ်တည်ခဲ့သည်မှာ ၃ နှစ် ပြည့်မြောက်ပြီဖြစ်ကြောင်း စက်တင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်သည်။ အမှတ် (၁၀၁၁) တပ်ရင်းသည် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်ရင်းတစ်ရင်းအဖြစ် တရားဝင်ရပ်တည်ခဲ့ခြင်းဖြစ်ပြီး တပ်ရင်းအနေဖြင့် စတင်ဖွဲ့စည်းခဲ့သည့် စည်းလုံးညီညွတ်ရေးခရီးမှာ ၂၀၂၇ ခုနှစ် ဇွန် ၁၁ ရက်တွင် ၅ နှစ်ပြည့်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “စက်တင်ဘာ ၁၃

မဲခေါင်၊ စက်တင်ဘာ ၂၃

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF)၊ အမှတ် (၁၀၁၁) တပ်ရင်းသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ တရားဝင် တပ်ရင်းတစ်ရင်းအဖြစ် ရပ်တည်ခဲ့သည်မှာ ၃ နှစ် ပြည့်မြောက်ပြီဖြစ်ကြောင်း စက်တင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်သည်။

အမှတ် (၁၀၁၁) တပ်ရင်းသည် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်ရင်းတစ်ရင်းအဖြစ် တရားဝင်ရပ်တည်ခဲ့ခြင်းဖြစ်ပြီး တပ်ရင်းအနေဖြင့် စတင်ဖွဲ့စည်းခဲ့သည့် စည်းလုံးညီညွတ်ရေးခရီးမှာ ၂၀၂၇ ခုနှစ် ဇွန် ၁၁ ရက်တွင် ၅ နှစ်ပြည့်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စက်တင်ဘာ ၁၃ ရက်က တပ်တည်ထောင်တဲ့ရက် အမှန်ပါ၊ မြေပြင်အခြေအနေကြောင့် ပွဲကိုရော နေ့ကိုရော ခုမှ ထုတ်ပြန်ရတာပါ” ဟု တပ်ရင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

တပ်ရင်းအနေဖြင့် ပအိုဝ်းအမျိုးသားအမည်ကို အသုံးပြုထားသော်လည်း လူမျိုးရေးကို အခြေခံထားခြင်းမရှိဘဲ တိုင်းရင်းသားနောက်ခံမတူညီသည့် ရဲဘော်များ ပါဝင်ပြီး အပြန်အလှန်လေးစားမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အခြေခံ၍ ရပ်တည်နေသည်ဟု ဆိုသည်။

၃ နှစ်တာကာလအတွင်း တိုက်ပွဲများအတွင်း ကျဆုံးခဲ့သည့် ရဲဘော်များ၊ တာဝန်ထမ်းဆောင်ရင်း သွေး၊ ချွေးနှင့် အချိန်ပေးဆပ်ခဲ့သူများကို ဂုဏ်ပြုမှတ်တမ်းတင်ထားပြီး ပြည်တွင်းပြည်ပရှိ ပြည်သူများ၊ အလှူရှင်များ၊ မိတ်ဖက်နှင့် မဟာမိတ်အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုများအတွက် ကျေးဇူးတင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရှေ့ဆက်ကာလတွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးအတွက် မိတ်ဖက်နှင့် မဟာမိတ်အဖွဲ့များ၊ ပြည်သူများနှင့်အတူ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမှတ် (၁၀၁၁) တပ်ရင်းက ထုတ်ပြန်ထားသည်။

#MeKongNews
#ပအိုဝ်း
#တည်ထောင်ခြင်း
#သုံးနှစ်ပြည့်
#PNDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now