နေ့စဥ်သတင်း

ကြယ်တံခွန်မိုတယ် အွန်လိုင်းဂိမ်း ဖမ်းဆီးမှုမှ လူငယ် ၂၀၀ ကျော်ကို ၆ လ ကျော်ကြာမှ ပြင်းထန်သည့် ဥပဒေပုဒ်မဖြင့် စွဲချက်တင်ကာ ကျိုင်းတုံထောင်သို့ ပြောင်းရွှေ့ စစ်ဆေး၊ မိသားစုဝင်များ များစွာ အခက်အခဲဖြစ်နေရပြီး ပိုင်ရှင်နှင့် တာဝန်ခံများမှာမူ လွတ်မြောက်နေ

မဲခေါင် 27 Aug - 2026
မဲခေါင်၊ ဩဂုတ် ၂၇ တာချီလိတ်မြို့ရှိ ကြယ်တံခွန်မိုတယ်တွင် အွန်လိုင်းဂိမ်း (အွန်လိုင်းလောင်းကစားလုပ်ငန်း) တွင် ဝင်ရောက်လုပ်ကိုင်းရင်း ဖမ်းဆီးခံရသည့် လူငယ် ၂၀၀ ကျော်ကို ပြင်းထန်သည့် ဥပဒေပုဒ်မ တစ်ခုဖြစ်သည့် အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃(က) ဖြင့် စွဲချက်တင်လိုက်ပြီး ဩဂုတ်လ ၂၆ရက်က အချို့ကို ကျိုင်းတုံထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ ကြယ်တံခွန်မိုတယ်ကို ယခုနှစ် ဖေဖော်ဝါရီလ ၄ရက်က ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းဆီးခံရသည့် လူငယ် ၂၀၀ ကျော်ကို တာချီလိတ်မြို့မရဲစခန်းအချုပ်နှင့် ဟောင်လိတ်ရဲစခန်းအချုပ်တို့တွင် ထိန်းသိမ်းထားပြီး တာချီလိတ်မြို့နယ်အားကစားခန်းမကို အထူးတရားရုံးအဖြစ် အသုံးပြု စစ်ဆေးနေရာမှ ယခုကဲ့သို့ ကျိုင်းတုံထောင်သို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။ “ကလေးတွေက ဒီမှာလည်း

မဲခေါင်၊ ဩဂုတ် ၂၇

တာချီလိတ်မြို့ရှိ ကြယ်တံခွန်မိုတယ်တွင် အွန်လိုင်းဂိမ်း (အွန်လိုင်းလောင်းကစားလုပ်ငန်း) တွင် ဝင်ရောက်လုပ်ကိုင်းရင်း ဖမ်းဆီးခံရသည့် လူငယ် ၂၀၀ ကျော်ကို ပြင်းထန်သည့် ဥပဒေပုဒ်မ တစ်ခုဖြစ်သည့် အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃(က) ဖြင့် စွဲချက်တင်လိုက်ပြီး ဩဂုတ်လ ၂၆ရက်က အချို့ကို ကျိုင်းတုံထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

ကြယ်တံခွန်မိုတယ်ကို ယခုနှစ် ဖေဖော်ဝါရီလ ၄ရက်က ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းဆီးခံရသည့် လူငယ် ၂၀၀ ကျော်ကို တာချီလိတ်မြို့မရဲစခန်းအချုပ်နှင့် ဟောင်လိတ်ရဲစခန်းအချုပ်တို့တွင် ထိန်းသိမ်းထားပြီး တာချီလိတ်မြို့နယ်အားကစားခန်းမကို အထူးတရားရုံးအဖြစ် အသုံးပြု စစ်ဆေးနေရာမှ ယခုကဲ့သို့ ကျိုင်းတုံထောင်သို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။

“ကလေးတွေက ဒီမှာလည်း အချိန်ကြာလို့ ဒုက္ခရောက်နေကြတယ်။ အခု ကျိုင်းတုံကို ပြောင်းတော့ ပိုဒုက္ခရောက်ကုန်တာပေါ့။ ပုဒ်မကလည်း အရမ်းပြင်းထန်ပါတယ်။ ဖမ်းခံရတဲ့သူတွေထဲမှာ ကိုယ်ဝန်ဆောင်တွေနဲ့ အသက်မပြည့်သေးတဲ့သူတွေလည်းပါတယ်။ မနေ့ (ဩဂုတ် ၂၆ရက်)က ဆယ်ဘီးကား ၃စီးနဲ့ ကျိုင်းတုံထောင်ကိုပို့လိုက်တယ်။ ဝက်တွေလိုပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အွန်လိုင်းဂိမ်းဟု အရပ်ခေါ်သည့် အွန်လိုင်းလောင်းကစားဝန်ဆောင်မှုပေးသည့်လုပ်ငန်း အတွက် ဖမ်းဆီးခံရသည့် လူငယ်များကို ဖွင့်လှစ်ထားသည့် အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၃(က)မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း – ကျားဖြန့်မှုဖြင့် ဖမ်းဆီးခံရသူများကို ဖွင့်လှစ်သင့်သည့် ပုဒ်မဖြစ်ပြီး အွန်လိုင်းဂိမ်းဖြင့် ဖမ်းဆီးခံရသူများအတွက် ပြင်းထန်လွန်းသည့် ဥပဒေပုဒ်မဖြစ်ကြောင်း တရားရေးနားလည်သည့် ဒေသခံတစ်ဦးက ထောက်ပြသည်။

တာချီလိတ်တွင် ကျားဖြန့်ငွေလိမ်ဂိုဏ်းများမှာ ခြံဝန်းကျယ်ပြီး ခြံစည်းမြင့်ကာ သံဆူးကြိုးများ ခက်ထားသည့် နေရာများတွင် လူဝင်လူထွက် ကန့်သတ်ထားပြီး မနက်သွား၊ ညပြန် လုပ်ခွင့်မပြုကြောင်း၊ ကျားဖြန့်လုပ်ငန်းပိုင်ရှင်များသည် တရုတ်နှင့် ထိုင်းနိုင်ငံသားများသာ ဖြစ်ကြောင်း၊ အလုပ်သမားအများစုမှာလည်း တရုတ်နိုင်ငံသားများဖြစ်ကြောင်း၊ လက်ရှိဖမ်းဆီးခံထားရသည့် လူငယ်များမှာ အွန်လိုင်းအသုံးပြု၍ လုပ်ရသည့် လောင်းကစားလုပ်ငန်းများကို ဝန်ဆောင်မှုပေးသူများသာ ဖြစ်ကြောင်း၊ အများစုမှာ တက္ကသိုလ်ကျောင်းသားအရွယ်များနှင့် ဆင်းရဲနွမ်းပါးသူများဖြစ်ကြောင်း ယင်းဒေသခံက ထောက်ပြသည်။

“အွန်လိုင်းပေါ်က လုပ်တာဆိုပေမယ့် လောင်းကစားလုပ်ငန်းဖြစ်တဲ့အတွက် လောင်းကစားဥပဒေပုဒ်မနဲ့ပဲ အမှုဖွင့်သင့်တယ်။ သက်ဆိုင်ရာလူကြီးတွေအနေနဲ့ ကျားဖြန့်လုပ်ငန်းနဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းကို ကွဲကွဲပြားပြားနားလည်စေချင်ပါတယ်။ ကိုယ့်နိုင်ငံသား အရွယ်ကောင်း လူငယ်တွေ၊ ဆင်းရဲနွမ်းပါးသူတွေဖြစ်တဲ့အတွက်လည်း သက်ညှာသင့်ပါတယ်။ မိသားစုဝင်တွေလည်း တော်တော်ခက်ခဲနေကြတယ်။ အခုလိုကျိုင်းတုံကို ပြောင်းလိုက်တော့ ပိုဆိုးတာပေါ့။ လောင်းကစားဥပဒေ ပြစ်မှု၊ ပြစ်ဒဏ်တွေအရ သက်သက်ညှာညှာစဉ်းစားပေးမယ်ဆိုရင် ၆လ၊ ၁နှစ်လောက်နဲ့ ပြီးပါတယ်။ ၆လဆို အခုချုပ်ရက်နဲ့ လွတ်တောင် လွတ်ပြီ” ဟု ၎င်းက အကြံပြုသည်။

ယခုစွဲချက်တင်လိုက်သည့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃(က) မှာ “နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်း၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေသော အချက်အလက်များကို အီလက်ထရောနစ်နည်းပညာသုံး၍ ဖြန့်ဝေကျူးလွန်လျှင် အာမခံမရဘဲ ထောင်ဒဏ်ချမှတ်ရမည့် ပြစ်မှုဖြစ်ပါသည်” ဟု ပြဌာန်းထားပြီး ထောင်ဒဏ် အနည်းဆုံး ၅နှစ်မှ အများဆုံး ၇နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

ယင်းအမှုတွင် အလုပ်သမားဖြစ်သည့် လူငယ် ၂၀၀ ကျော်မှာ ၆လကျော်ကြာ အချုပ်ကျကာ အမှုရင်ဆိုင်နေရသော်လည်း အွန်လိုင်းဂိမ်းပိုင်ရှင်နှင့် တာဝန်ခံများကိုမူ ဖမ်းဆီးရမိခြင်းမရှိသည့်အတွက် တာဝန်ရှိသူများအပေါ် ပြည်သူများက ဝေဖန်နေကြသည်။

တာချီလိတ်မြို့တွင် အွန်လိုင်းဂိမ်းဖမ်းမိသည့် ဖြစ်စဉ်အများတွင် အလုပ်သမားများသာ ဖမ်းဆီးခံရပြီး အွန်လိုင်းဂိမ်းပိုင်ရှင်နှင့် တာဝန်ခံများ ဖမ်းဆီးခံရခြင်းမရှိကြောင်း ဒေသခံထားက ထောက်ပြကြသည်။

၂၀၂၅ ခုနှစ်အတွင်းက အွန်လိုင်းဂိမ်းတစ်ခု ဖမ်းမိသည့်ဖြစ်စဉ်တွင်လည်း အလုပ်သမားလူငယ်များသာ ဖမ်းဆီးခံရပြီး ပိုင်ရှင်ဖြစ်သူ ထိုင်းနိုင်ငံသားနှင့် ၎င်း၏ ဇနီးဖြစ်သာ လားရှိုသူ (ယခင် မေဖလားဝါးကွင်းတွင် VIP ဘားဖွင့်ခဲ့သူ) လွတ်မြောက်သွားကြောင်း သိရသည်။

#MeKongNews
#တာချီလိတ်
#အွန်လိုင်းဂိမ်း
#ကြယ်တံခွန်
#ကျိုင်းတုံထောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now