နေ့စဥ်သတင်း

လားရှိုးမြို့နယ်ရဲမှူး ရဲဝင်း လက်အောက်ငယ်သားများကို မောက်မာရိုင်းစိုင်းစွာ ဆက်ဆံနေ၊ အမျိုးသမီးရဲမေများကိုလည်း ဆဲဆို

မဲခေါင် 23 Aug - 2026
မဲခေါင်၊ ဩဂုတ် ၂၃ လာရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲဝင်းမှာ လားရှိုးမြို့နယ်အတွင်းရှိ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို မောက်မာရိုင်းစိုင်းစွာ ပြောဆို ဆက်ဆံပြီး အမျိုးသမီးရဲမေများကို ဆဲဆိုခြင်းများ ပြုလုပ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။ ၎င်းမြို့နယ်ရဲတပ်ဖွဲ့မှူးမှာ ညစဉ်ညတိုင်း မူးယစ်သောက်စားလေ့ရှိပြီး ၎င်းမူးလာပါက ၎င်းလက်အောက်ငယ်သားများကို ရစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၅ မှ ၂၀၂၆ သို့ ကူးပြောင်းသည့် နှစ်သစ်ကူးညတွင်လည်း အမျိုးသမီး ရဲအရာရှိတစ်ဦးက သေနတ်ဖြင့် ချိန်ကာ ခြိမ်းခြောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “မူးပြီး သေနတ်နဲ့ချိန်ပြီး ခြိမ်းခြောက်တဲ့ကိစ္စ ခြိမ်းခြောက်ခံရတဲ့ အမျိုးသမီးရဲအရာရှိက ပြည်နယ်ကို တိုင်ပေမယ့် ဘာမှ ဖြစ်မလာခဲ့ဘူး။

မဲခေါင်၊ ဩဂုတ် ၂၃

လာရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲဝင်းမှာ လားရှိုးမြို့နယ်အတွင်းရှိ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို မောက်မာရိုင်းစိုင်းစွာ ပြောဆို ဆက်ဆံပြီး အမျိုးသမီးရဲမေများကို ဆဲဆိုခြင်းများ ပြုလုပ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

၎င်းမြို့နယ်ရဲတပ်ဖွဲ့မှူးမှာ ညစဉ်ညတိုင်း မူးယစ်သောက်စားလေ့ရှိပြီး ၎င်းမူးလာပါက ၎င်းလက်အောက်ငယ်သားများကို ရစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၅ မှ ၂၀၂၆ သို့ ကူးပြောင်းသည့် နှစ်သစ်ကူးညတွင်လည်း အမျိုးသမီး ရဲအရာရှိတစ်ဦးက သေနတ်ဖြင့် ချိန်ကာ ခြိမ်းခြောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“မူးပြီး သေနတ်နဲ့ချိန်ပြီး ခြိမ်းခြောက်တဲ့ကိစ္စ ခြိမ်းခြောက်ခံရတဲ့ အမျိုးသမီးရဲအရာရှိက ပြည်နယ်ကို တိုင်ပေမယ့် ဘာမှ ဖြစ်မလာခဲ့ဘူး။ အဲဒီလို ရဲဆိုးတစ်ယောက်ရှိတာ မြို့နာတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း တရားရုံးအချုပ်တွင် တာဝန်ကျနေသည့် ရဲမေ ၂ဦးကို ၎င်းပြောသည့်အတိုင်း မလုပ်သည့်အတွက်ဟု ဆိုကာ အချုပ်ထဲသို့ ထည့်ထားကြောင်း၊ ယင်းအချိန်တွင် ၎င်းမှာ မူးနေပြီး ရဲမေများက ငိုယိုတောင်းပန်သည့်အခါမှသာ အချုပ်ထဲမှ ပြန်ထုတ်ပေးကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူ ဒေသခံ တစ်ဦးက ပြောသည်။

“ရဲမေတွေ၊​တခြားရဲတွေကိုလည်း အရမ်းဆဲတယ်။ တခါတလေ နေ့လယ်ဖက် မူးမူးလာပြီး စခန်းထဲမှာ မကြားဝံ့၊ မနာသာစကားတွေ လာပြောတယ်။ သူ့ရာထူးနဲ့လုပ်ပိုင်ခွင့်ကြောင့် အားလုံးက သည်းခံနေရတာ။ လားရှိုးက ရဲတိုင်း သူ့ဒဏ် ခံရတယ်” ဟု ၎င်းကပြောသည်။

၎င်းမြို့နယ်ရဲမှူးအနေဖြင့် လာဘ်စားသည့် ကိစ္စများလည်းရှိပြီး လက်အောက်ငယ်သားများကို ယင်းကဲ့သို့ ပြုမှုနေသည့်အတွက် ဒေသခံများကရော ရဲတပ်ဖွဲ့ဝင်များကပါ မနှစ်သက်ကြောင်း စုံစမ်းသိရသည်။

#MeKongNews
#လားရှိုးမြို့နယ်
#ရဲတပ်ဖွဲ့
#မြို့နယ်ရဲမှူး
#ရဲဝင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now