နေ့စဥ်သတင်း

တာချီလိတ်တွင် မယ်ဆိုင်ချောင်းရေ စိုးရိမ်ရေမှတ်၌ ဆက်ရှိနေ၊ နောက်ထပ် ၁၂ နာရီအတွင်း ရေပြန်တက်နိုင်၍ သတိပေး

မဲခေါင် 2 Aug - 2026
မဲခေါင်၊ သြဂုတ် ၂ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင်းကို ဖြတ်သန်းစီးဆင်းနေသည့် မယ်ဆိုင်ချောင်းရေသည် ယနေ့ သြဂုတ်လ ၂ ရက်၊ နံနက် ၉ နာရီခွဲအချိန် တိုင်းတာချက်အရ စိုးရိမ်ရေမှတ် ၃၉၀ စင်တီမီတာ၌ ဆက်လက် ရောက်ရှိနေပြီး နောက်ထပ် ၁၂ နာရီအတွင်း ချောင်းရေ ပြန်လည် မြင့်တက်လာနိုင်သဖြင့် မြေနိမ့်ပိုင်းနှင့် ချောင်းအနီး နေထိုင်သူများ ဆက်လက် သတိပြုရန် သတိပေးထားကြောင်း သိရသည်။ မယ်ဆိုင်ချောင်းရေမှာ ယမန်နေ့က စိုးရိမ်ရေမှတ်အောက် ပြန်လည် ကျဆင်းခဲ့သော်လည်း ယမန်နေ့ညပိုင်းမှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် တောင်ကျရေများ ပြန်လည် စီးဝင်လာပြီး ချောင်းရေ ရုတ်တရက် ပြန်လည် မြင့်တက်လာခြင်း ဖြစ်သည်။

မဲခေါင်၊ သြဂုတ် ၂

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင်းကို ဖြတ်သန်းစီးဆင်းနေသည့် မယ်ဆိုင်ချောင်းရေသည် ယနေ့ သြဂုတ်လ ၂ ရက်၊ နံနက် ၉ နာရီခွဲအချိန် တိုင်းတာချက်အရ စိုးရိမ်ရေမှတ် ၃၉၀ စင်တီမီတာ၌ ဆက်လက် ရောက်ရှိနေပြီး နောက်ထပ် ၁၂ နာရီအတွင်း ချောင်းရေ ပြန်လည် မြင့်တက်လာနိုင်သဖြင့် မြေနိမ့်ပိုင်းနှင့် ချောင်းအနီး နေထိုင်သူများ ဆက်လက် သတိပြုရန် သတိပေးထားကြောင်း သိရသည်။

မယ်ဆိုင်ချောင်းရေမှာ ယမန်နေ့က စိုးရိမ်ရေမှတ်အောက် ပြန်လည် ကျဆင်းခဲ့သော်လည်း ယမန်နေ့ညပိုင်းမှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် တောင်ကျရေများ ပြန်လည် စီးဝင်လာပြီး ချောင်းရေ ရုတ်တရက် ပြန်လည် မြင့်တက်လာခြင်း ဖြစ်သည်။

“မိုးက တအားကြီးတော့ အခြားချောင်းတွေကပါ တောင်ကျရေတွေ ဆင်းလာပြီး နုန်းတွေပါ ပါလာတာ။ ချောင်းကြမ်းပြင်တွေမှာလည်း နုန်းတွေ တင်ကျန်ခဲ့တော့ ချောင်းရေက ပိုမြင့်လာပြီး လမ်းတွေ၊ အိမ်တွေထဲကို ပိုပြီး ရေဝင်တာပေါ့။ အခု မြို့ထဲမှာ နုန်းတွေကို ရှင်းလင်းနေကြတယ် ဆိုပေမဲ့ မိုးက ရွာနေတုန်းဆိုတော့ ရေကြီးတာ ဆက်ဖြစ်နေဦးမှာပဲ” ဟု တာချီလိတ် မြို့ခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

တာချီလိတ်မြို့တွင်း ဖြတ်သန်းစီးဆင်းနေသည့် နမ့်ယွန်းချောင်း၊ မယ်ခေါင်းချောင်း၊ ဆန်ဆိုင်းချောင်းနှင့် နိုင်းနိုင်းချောင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် တောင်ကျရေများ စီးဝင်ဆင်းလာသည့်အပြင်၊ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် ရပ်ကွက်အများအပြားအတွင်း ရေများ ပြန်လည် ဝင်ရောက်လျက်ရှိပြီး ရေပြန်ကျသည့် နေရာများ၌ တင်ကျန်ခဲ့သည့် နုန်းများကိုလည်း စည်ပင်များ၊ ဒေသခံများနှင့် ကူညီရေးအဖွဲ့များက ရှင်းလင်းနေကြရသည်။

ထို့ပြင် ယမန်နေ့ညပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဝမ်ကောင်းရပ်ကွက်၊ ဝန်ထမ်းကုန်းရှိ အိမ်တစ်လုံးပေါ်သို့ မြေပြိုကာ ဝါးရုံပင် အမြစ်ပါ လန်ထွက်၍ ပိမိခဲ့သော်လည်း လူထု ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ရပ်ကွက်နေသူတစ်ဦးထံမှ သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာရှိ မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေဆဲဖြစ်ပြီး နောက်ထပ် ၁၂ နာရီအတွင်း အနည်းငယ် ပြန်လည် တက်လာနိုင်ကြောင်း ခန့်မှန်းထားသဖြင့် မယ်ဆိုင်ချောင်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်နှင့် မြေပြိုမှု အန္တရာယ်များကို ဆက်လက် သတိပြုကြရန် အသိပေးထားသည်။

#MeKongNews
#တာချီလိတ်
#မယ်ဆိုင်ချောင်း
#စိုးရိမ်ရေမှတ်
#ရေကြီးရေလျှံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now