နေ့စဥ်သတင်း

မူဆယ်တွင် မြေသိမ်း အုပ်ချုပ်ရေးမှူး အလိုမရှိဟု ပြည်သူများ ဆန္ဒပြ

မဲခေါင် 30 Jul - 2026
မဲခေါင်၊ ဇူလိုင် ၃၀ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်တွင် မြေသိမ်းသည့် မိုင်းယုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးကို အလိုမရှိဟု ဒေသခံပြည်သူများက ယမန်နေ့ (ဇူလိုင် ၂၉) တွင် ဆန္ဒပြကြသည်။ မိုင်းယုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးသည် အောက်နမ့်ဟွယ်ကျေးရွာပိုင်မြေကို သိမ်းသည့်အပြင် ကျေးရွာလူထုကိုပါ မူဆယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်အုပ်ချုပ်ရေးကော်မတီ တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ယင်းတရားစွဲဆိုမှုတွင်လည်း ညီနောင်မဟာမိတ်အုပ်ချုပ်ရေးကောမတီမှ ကိုးကန့်တပ်ဖွဲ့-MNDAA နှင့် အာရက္ခတပ်တော်-AAအဖွဲ့မှ တရားသူကြီးများက မြေသိမ်းအုပ်ချုပ်ရေးမှူးကို ဇူလိုင် ၂၈ ရက်တွင် အနိုင်ပေးခဲ့သည်။ ထိုသို့ အမိန့်ချသည်မှာ တရားမျှတမှု မရှိဟုဆိကာ ဒေသခံပြည်သူများက ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပြီး ဆန္ဒထုတ်ဖော်မှုတွင် ကျေးရွာဘုံပိုင်မြေအား အတင်းအဓမ္မလုယူခြင်းကို ကန့်ကွတ်ရှုတ်ချသည်၊ ကျေးရွာအုပ်ချုပ်ရေးမှူး

မဲခေါင်၊ ဇူလိုင် ၃၀

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်တွင် မြေသိမ်းသည့် မိုင်းယုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးကို အလိုမရှိဟု ဒေသခံပြည်သူများက ယမန်နေ့ (ဇူလိုင် ၂၉) တွင် ဆန္ဒပြကြသည်။

မိုင်းယုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးသည် အောက်နမ့်ဟွယ်ကျေးရွာပိုင်မြေကို သိမ်းသည့်အပြင် ကျေးရွာလူထုကိုပါ မူဆယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်အုပ်ချုပ်ရေးကော်မတီ တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းတရားစွဲဆိုမှုတွင်လည်း ညီနောင်မဟာမိတ်အုပ်ချုပ်ရေးကောမတီမှ ကိုးကန့်တပ်ဖွဲ့-MNDAA နှင့် အာရက္ခတပ်တော်-AAအဖွဲ့မှ တရားသူကြီးများက မြေသိမ်းအုပ်ချုပ်ရေးမှူးကို ဇူလိုင် ၂၈ ရက်တွင် အနိုင်ပေးခဲ့သည်။

ထိုသို့ အမိန့်ချသည်မှာ တရားမျှတမှု မရှိဟုဆိကာ ဒေသခံပြည်သူများက ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပြီး ဆန္ဒထုတ်ဖော်မှုတွင် ကျေးရွာဘုံပိုင်မြေအား အတင်းအဓမ္မလုယူခြင်းကို ကန့်ကွတ်ရှုတ်ချသည်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်အေး အလိုမရှိ၊ မြေသူခိုး ဦးမောင်အေး အလိုမရှိ စသည့်ဆိုင်းဘုတ်များဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“မဟာမိတ်ကော်မတီရုံးချလိုက်တာလည်း ပြည်သူအပေါ် မျှတမှု ဝေးလေ ဝေး ဖြစ်နေတယ်။ ဥပဒေကိုသေချာနားလည်စွာ မလေ့လာပဲ အမှုကို ဒီတိုင်းလွယ်လွယ်လေးနဲ့ အမိန့်ချတာမျိုးဆိုတော့ မျှတမှုမရှိနိုင်ပါ။ လယ်ယာမြေနဲ့ပတ်သက်လို့ မည်သို့စာရွက်စာတမ်းရှိပါစေ မြေပိုင်ဆိုင်ကြောင်းဆိုလို့ မရနိုင်ပါ။ အရင်းအမြစ်ကိုသေချာလိုက်မှ အမှန်ကိုသိနိုင်ပါတယ်။ ပိုအရေးကြီးတာက လူအများနဲ့တစ်ဦးတစ်ယောက်ဖြစ်နေတယ်။ အများဘက်ကတရားမျှမှုကို မခံစားရသ၍တော့ တရားလိုကိုအမှုအနိုင်ချရင်လည်း အသုံးမဝင်ပါဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

တရားစွဲဆိုမှုအတွင်း တရားရုံးက ဖြစ်စဉ်ကို သေချာမစုံစမ်းပဲ ရုံးချိန်းသုံးခါသာခေါ်ပြီး အပြီးသတ်အမိန့်ကို ချမှတ်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ကျေးရွာပိုင်မြေကို ဦးမောင်အေးအား ပေးအပ်မည်မဟုတ်ဟုလည်း ဒေသခံများကပြောသည်။

“ရပ်ရွာပြည်သူဘက်ကတော့ ကျေနပ်မှုမရှိပါ။ ရပ်ရွာပြည်သူက မြေကိုလည်း တရားလိုထံ ပေးမယ်မဟုတ်ပါ”ဟု ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

မူဆယ် ၁၀၅ မိုင်၊ မိုင်းယုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးဆိုသူသည် ၁၀၅ မိုင်ဒေသ အောက်နမ့်ဟွယ်ကျေးရွာပိုင်မြေကို ၎င်းပိုင်သည်ဟု ဆိုကာ သိမ်းယူနေသည့်အပြင် ဒေသခံပြည်သူကိုပါ ၁၀၅ မိုင်ရှိ ကိုးကန့်နှင့်AA မဟာမိတ်ကော်မတီရုံးတွင် ဇူလိုင်လပထမပတ်အတွင်းက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအမှုကို မဟာမိတ်ကော်မတီတရားရုံးက ဇူလိုင်လ ၂၈ ရက်တွင် အပြီးသတ် အမိန့်ချမှတ်ရာ မြေသိမ်းသည့် အုပ်ချုပ်ရေးမှူးကို အနိုင်ပေးလိုက်ခြင်းဖြစ်သည်။

“အုပ်ချုပ်ရေးမှူး ဦးမောင်အေးဟာ ရိုးသားဖြောင့်မတ်နိုင်တဲ့လူကြီး မဖြစ်နိုင်ပါ။ မြေယာနဲ့ပတ်သက်လို့ သူ့မကောင်းတဲ့ ကျောစောသတင်းများစွာရှိပါတယ်။ နောက်တခုက မြေယာပြဿနာနဲ့ပတ်သက်လို့ အုပ်ချုပ်ရေးမှူးအနေနဲ့ ဖြေရှင်းပေးနေတာ တခုမှမရှိခဲ့ပါဘူး။ ကျနော်တိုက တရွာတည်းပါပဲ။ ဒါပေမဲ့ သူက ကျနော်တို့ တရွာလုံးကို ဆန့်ကျင်ပါတယ်။ ကျနော်တို့ ဘုန်းကြီးကျောင်းကို မတက်ခဲ့ဘူး ကြာပီ ။ ကျနော်တိုရွာပန်းသကာကိုမသုံးခဲ့ပါ။ ကျေးရွာလူမျိုးဓလေ့အရ ဒီလိုလုပ်လိုမရပါဘူး။ အများက လူတစ်ယောက်ကို အနိုင်ကျင့်တာမျိုးမဟုတ်ပါဘူး သူဘက်က ရွာကိုစွန့်လွတ်တာဖြစ်ပါတယ်”ဟု ဒေသခံသတင်းရင်းမြစ်ကပြောသည်။

ထို့အပြင် ညီနောင်မဟာမိတ်တရားရုံးက ရွာ၏ ဓလေ့ထုံးတမ်း သတ်မှတ်ချက်ကို လစ်လျူရှုပြီး စစ်ကောင်စီ ဥပဒေဖြင့် ပြုလုပ်ထားသည့် သက်သေအထောက်အထားဖက်ကို အနိုင်ပေးလိုက်ခြင်းသည် စိတ်ပျက်စရာဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

“စိတ်ပျက်စရာပဲ။ လူထုရဲ့ ထုံးစံ ဓလေ့က ရှုံးပြီး။ စစ်ကောင်စီအထောက်အထားက နိုင်တယ်ဆိုတာက တကယ်စိတ်ပျက်စရာပဲ။”ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

မူဆယ်မြို့နယ်၊ မိုင်းယု ၁၀၅ မိုင်မှ ကြူကုတ်(ပန်ဆိုင်း)သွားသည့် လမ်းမကြီးဘေးတွင်ရှိသည့် အောက်နမ့်ဟွယ်ကျေးရွာ၏ ကျေးရွာပိုင်ဘုံမြေကို ဒေသခံများက တရွာလုံး၏ သဘောတူညီချက်ဖြင့် ရွာရံပုံငွေရရှိရေး ကျောက်ထုတ်လုပ်ငန်း လုပ်ဆောင်ရန် ပြင်ဆင်နေချိန်တွင် ၁၀၅ မိုင် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်အေးက ၎င်းပိုင်မြေဖြစ်ကြောင်း ပြောဆိုကာ ယခုအမှုကို တရားစွဲခဲ့ခြင်းဖြစ်သည်။

ဦးမောင်အေးသည် နမ့်ဟွမ်ကျေးရွာသားဖြစ်ပြီး စစ်ကောင်စီ ထိန်းချုပ်စဉ်ကလည်း အုပ်ချုပ်ရေးမှူးလုပ်ခဲ့သူ ဖြစ်ကာ ကိုးကန့်တပ်နှင့်အာရက္ခတပ်တော်က ထိန်းချုပ်သည့် အခါတွင်လည်း ဒေသခံများ၏ ရွေးချယ်မှုဖြင့် အုပ်ချုပ်ရေးမှူးတာဝန် ဆက်လက်ယူထားသူ ဖြစ်သည်။

တစ်ဧကခွဲ့ခန့်ရှိသည့် ယင်းမြေနေရာသည် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်ကတည်းက ကျေးရွာပိုင်မြေဖြစ်ပြီး မည်သူကိုမှ ရောင်းချဖူးခြင်း မရှိကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

#MeKongNews
#ရှမ်းမြောက်
#မူဆယ်
#မိုင်းယု
#ဆန္ဒပြ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now