နေ့စဥ်သတင်း

မြေသိမ်းခံ ညောင်ဗက်ရွာသူကြီး အပါအဝင် ဒေသခံပြည်သူ ၄ ဦးကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ် ဟုဆို

မဲခေါင် 12 Jun - 2026
မဲခေါင်၊ ဇွန် ၁၂ စစ်ကောင်စီနှင့် PNO – ပြည်သူ့စစ်က ပြီးခဲ့သည့် မတ် ၃၀ ရက်တွင် ဖမ်းဆီးသွားသည့် မြေသိမ်းခံ ဟိုပုံးမြို့နယ် ညောင်ဗက်ရွာ ရွာသူကြီးနှင့်အသက် ၁၅ နှစ် ကလေးတစ်ဦးအပါအဝင် ဒေသခံ ၄ ဦးကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ်ချမှတ်လိုက်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။ ဟိုပုံးမြို့နယ်၊ ညောင်ဗက်ကျေးရွာအား ဖျက်သိမ်းပေးမည်ဟု လက်မှတ်ထိုးမှ ဖမ်းထားသူများကို ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း PNO တပ်ဖွဲ့ဝင် မြေပွဲစားများက ဖိအားပေးခြိမ်းခြောက်သဖြင့် လက်မှတ်ထိုးပေးခဲ့သော်လည်း ဖမ်းဆီးခံရသည့် ဒေသခံများအနက် ၆ ဦးသာ ပြန်လွတ်လာပြီး ရွာသူကြီးအပါအဝင် ၄ ဦးမှာ ဟိုပုံးတရားရုံးတွင် တရားစွဲဆိုထောင်ချခြင်း ခံလိုက်ရသည်ဟု သတင်းရင်းမြစ်တစ်ဦးက

မဲခေါင်၊ ဇွန် ၁၂

စစ်ကောင်စီနှင့် PNO – ပြည်သူ့စစ်က ပြီးခဲ့သည့် မတ် ၃၀ ရက်တွင် ဖမ်းဆီးသွားသည့် မြေသိမ်းခံ ဟိုပုံးမြို့နယ် ညောင်ဗက်ရွာ ရွာသူကြီးနှင့်အသက် ၁၅ နှစ် ကလေးတစ်ဦးအပါအဝင် ဒေသခံ ၄ ဦးကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ်ချမှတ်လိုက်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

ဟိုပုံးမြို့နယ်၊ ညောင်ဗက်ကျေးရွာအား ဖျက်သိမ်းပေးမည်ဟု လက်မှတ်ထိုးမှ ဖမ်းထားသူများကို ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း PNO တပ်ဖွဲ့ဝင် မြေပွဲစားများက ဖိအားပေးခြိမ်းခြောက်သဖြင့် လက်မှတ်ထိုးပေးခဲ့သော်လည်း ဖမ်းဆီးခံရသည့် ဒေသခံများအနက် ၆ ဦးသာ ပြန်လွတ်လာပြီး ရွာသူကြီးအပါအဝင် ၄ ဦးမှာ ဟိုပုံးတရားရုံးတွင် တရားစွဲဆိုထောင်ချခြင်း ခံလိုက်ရသည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“တရားမဝင် ဆန္ဒပြတာ၊ တာဝန်ရှိသူကို အာခံတာ နယ်မြေကျူးကျော်တာတွေကို လုပ်လို့တဲ့။ အမှန်က သူတို့ပြောတဲ့ဟာတွေကို ရွာသားတွေ တခုမှ မလုပ်ရဘူး၊ PNO နဲ့ စစ်တပ်ပဲလုပ်တာလေ။ သူတို့က ငါတို့ရွာ ငါတို့မြေကို လာသိမ်းတာလေ၊ ထောင်ချခံရတဲ့ ဖြားကျော်ရဲ့တူတစ်ယောက်ဆို အသက် ၁၅ နှစ်ပဲရှိသေးတာ။ ကလေးပဲ ရှိသေးတာကို ဖမ်းပြီး အဲ့လောက်ထိလုပ်တယ်တဲ့ စိတ်နာလိုက်တာ”ဟု ဒေသခံ သတင်းရင်းမြစ်တဦးက ပြောသည်။

စစ်ကောင်စီနှင့်PNO ဖမ်းဆီးပြီး ထောင်ချခံရသည့်သူများမှာ ညောင်ဗက်ရွာသူကြီး ဖြားခွန်ထီး၊ ဖြားခွန်ကျော်နှင့် ဖြားခွန်ကျော်၏ တူတော်စပ်သူ ၂ ဦးဖြစ်သည်။

“အခုက တောင်လေးလုံးထောင်ကို ပို့လိုက်ပြီတဲ့။ ထောင်ဘယ်နှနှစ်ချလဲ မသိရသေးဘူး။ တရားရုံးချိန်းတုန်းက သွားကြည့်တာ ပေးမကြည့်ဘူး၊ ဖမ်းခံရတဲ့သူနဲ့လည်း ပေးမတွေ့ဘူး။ သူတို့၄ဦးကို ဖမ်းတုန်းက ကားတစီးကိုလည်း PNO သိမ်းသွားတာ ပြန်မပေးဘူး။ ရွာသားတွေ လက်မှတ်ထိုးပေးလည်း ပြန်မလွတ်လာဘူး။ ရွာသားတွေ ဘာမှ မလုပ်ရဲအောင် လုပ်ပြမယ်ဆိုပြီး PNO မြေပွဲစားတွေက ကြိမ်းဝါးခဲ့သလိုပဲ တကယ်လုပ်သွားတာလေ။ ပအိုဝ်းအချင်းချင်းကို အခုလိုလုပ်တာ ရင်နာလို့မဆုံးဘူးဗျာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းမြေယာကိစ္စနှင့်ပတ်သက်ပြီး ဒေသခံပြည်သူလူထုက PNO ပါတီကို အကူအညီ တောင်းခံခဲ့သော်လည်း ၎င်းတို့နှင့် မသက်ဆိုင်ဟု ပြောဆိုပြီး ကူညီရန် ငြင်းဆန်ခဲ့သည်ဟုလည်း ဒေသခံပြည်သူများက ပြောသည်။

“ပြောတော့ ပအိုဝ်းလူကြီးတွေတဲ့ ဆက်ကြေးတွေကျ မပျက်မကွက် ထည့်ပေးတယ်။ တပ်သားသစ်စုဆောင်းလည်း ပေးတယ်။ အခု အခက်အခဲဖြစ်တော့ အကူအညီတောင်းတာကျ သူတို့နဲ့မဆိုင်ဘူးတဲ့”ဟု ညောင်ဗက်ရွာသူတစ်ဦးက ပြောသည်။

PNO တပ်ဖွဲ့ဝင် မြေပွဲစားများ၏ ပြောကြားချက်အရ တရားစွဲထောင်ချခံရသူအနက် တစ်ဦးမှာ ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံရသည်ဟု ပြောသော်လည်း အတည်ပြု၍ မရသေးကြောင်း ညောင်ဗက်ရွာခံတစ်ဦးက ပြောသည်။

“မြေပွဲစားက ဖုန်းဆက်လာပြီး ကလန်ကဆန်လုပ်တဲ့ မင်းတို့ရွာသားတွေ တစ်ယောက်ကိုတော့ ထောင်နှစ်၂၀ကျသွားပြီ၊ အဲ့လိုမဖြစ်ချင်ရင် ရွာကနေ မြန်မြန်ထွက်သွားဆိုပြီး ခြိမ်းခြောက်လာတယ်။ ဒါပေမယ့် တစ်ကယ် နှစ် ၂၀ ကျတာလား ခြိမ်းခြောက်ချင်လို့ ပိုပြီးပြောတာလား တိတိကျကျမသိရသေးဘူး”ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် မတ် ၃၀ ရက်တွင် PNO တပ်ဖွဲ့ဝင် မြေပွဲစားများဖြစ်သည့် ဦးခွန်အုန်း၊ ခွန်လကျော်၊ ခွန်မောင်ဟန်၊ ခွန်စင်ခံထွက်ပေ၊ ခွန်မောင်နီ၊ ခွန်မောင်မြတို့သည် စစ်ကောင်စီ ရဲတပ်ဖွဲ့များနှင့် PNO ပြည်သူ့စစ်များကို ခေါ်ဆောင်လာကာ ညောင်ဗက် ရွာသူကြီးအပါအဝင် ၁၀ ဦးကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ဖမ်းဆီးပြီးနောက် ရွာအား ဖျက်သိမ်းပေးမည်ဟု လက်မှတ်ရေးထိုးမှသာလျှင် ပြန်လွတ်ပေးမည်ဖြစ်ကြောင်း ဖိအားအားပေးသဖြင့် ဒေသခံများမှာ လက်မှတ်ရေးထိုးပေးခဲ့သော်လည်း ၆ ဦးသာ ပြန်လွတ်လာပြီး ရွာသူကြီးအပါအဝင် ကျန် ၄ ဦးမှာ ထောင်ချခံလိုက်ရခြင်း ဖြစ်သည်။

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့ နောင်တောင်းဘုန်းကြီးကျောင်း တောင်ဘက်တွင်ရှိသည့် ညောင်ဗက်ကျေးရွာသည် PNO အဖွဲ့အစည်း မပေါ်ခင်ကတည်းက ရွာတည်ရှိခဲ့ရာ သက်တမ်း နှစ် ၅၀ ကျော်ပြီ ဖြစ်သည်။

သို့သော် ယင်းကျေးရွာသည် စစ်တပ်ပိုင်မြေပေါ် တည်ရှိသည်ဟုဆိုကာ ယခင်ကတည်းက ဒေသခံများကို အကြိမ်ကြိမ် နှင်ထုတ်ဖူးသည်။

PNO မြေပွဲစားများက ရွာသားများကို ပြောင်းရွှေ့ခိုင်းသည့် နေရာသည် ဘုရားဖြူကျေးရွာသားများ ပိုင်ဆိုင်သည့် မြေနေရာသာဖြစ်ပြီး ယင်းမြေနေရာကိုပြောင်ရွေ့လျှင်လည်း မြေကွက်တစ်ကွက်ကို ၂၅သိန်းမှ သိန်း၅၀ထိ ပေးသွင်းခိုင်းနေခြင်းဖြစ်သည်။

“အခုဆို သူတို့က ဟိုပုံး – နောင်တောင်းလမ်းမ အရှေ့ဘက်မှာရှိတဲ့ အိမ်တွေကို အကုန်ပြန်ဖျက်ခိုင်းနေတာ၊ အိမ်ခြေ ၂၇၀ ကျော် ၃၀၀ နီးပါးရှိတယ်။ အကုန်လုံး ဒေသခံ ပအိုဝ်းတွေကြီးပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ညောင်ဗက်ကျေးရွာ၏ မြေယာအရေးနှင့် ပတ်သက်ပြီး အကြိမ်ကြိမ် စာတင်ဖူးသော်လည်း စစ်ကောင်စီတပ်က ယင်းမြေနေရာသည် တပ်နှင့် မဆိုင်တော့ကြောင်း ၂၀၁၅ ခုနှစ်ကတည်းကပင် နိုင်ငံတော်မှတဆင့် ဒေသခံများအား ပြန်ပေးရန် PNO ပါတီက ဥက္ကဌနေရာယူပြီး ဦးဆောင်ဖွဲ့စည်းထားသည့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ကို လွှဲပြောင်းခဲ့ပြီဖြစ်ကြောင်း အကြိမ်ကြိမ် ပြန်လည် ပြောဆိုခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဟိုပုံး – လွိုင်လင် ကားလမ်းမကြီး မြောက်ဘက်ရှိ မြေဧက ၁၄၀၀၀ ကျော်ကို စစ်တပ်က ၁၉၉၂ ခုနှစ်တွင် သိမ်းဆည်းခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီတွင် နိုင်ငံတော်မှတဆင့် ဒေသခံများအား ပြန်ပေးရန် ပြန်လည်အပ်နှံခဲ့သည်။

နိုင်ငံတော်မှ ဒေသခံများ လက်ဝယ်အရောက် ပြန်ပေးရန် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ကို တာဝန်ပေးအပ်ခဲ့ရာ PNO ဥက္ကဌ ခွန်စံလွင် ခေါင်းဆောင်သည့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့က ဒေသခံများကို မြေပြန်မပေးပဲ မြို့ရပ်ကွက် တိုးချဲ့မည်ဟုဆိုကာ PNO ကို ပြန်ချပေးပြီး မတရား သိမ်းဆည်းခဲ့သည့် မြေဖြစ်ကြောင်း သိရသည်။

#MeKongNews
#မြေသိမ်းခံ
#ညောင်ဗက်ရွာသူကြီး
#ဒေသခံပြည်သူ
#စစ်ကောင်စီတရားရုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now