နေ့စဥ်သတင်း

ကွတ်ခိုင်တွင် ကျောင်းသားဦးရေ ၅၀ မပြည့်လည်း ကျောင်းဖွင့်ခွင့် ပြန်ပေးမည်ဟု ကိုးကန့်တပ်ဖွဲ့ဆို

မဲခေါင် 21 May - 2026
မဲခေါင်၊ မေ ၂၁ ကျောင်းသားဦးရေ အနည်းဆုံး ၅၀ ရှိမှသာ ကျောင်းဖွင့်ခွင့်ပေးသည့် မူဝါဒကို ကွတ်ခိုင်ခရိုင်အတွက် ဖြေလျှော့ပေးထားပြီး ကျောင်းသားဦးရေ ရှိသလောက်ဖြင့် ကျောင်းဖွင့်ခွင့် ပြန်လည်ပေးထားသည်ဟု ကိုးကန့်တပ်ဖွဲ့ – MNDAA က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။ ကနဦးတွင် ကျောင်းသားဦးရေ ၅၀ မပြည့်လျှင် ကျောင်းဖွင့်ခွင့်မပေးဟု ကိုးကန့်တပ်ဖွဲ့က ဆိုသဖြင့် ပြည်သူများက အပြင်းအထန် ဝေဖန်ပြီးနောက် ကျောင်းသားဦးရေ ၅၀ မပြည့်လည်း ကျောင်းဖွင့်ခွင့်ပေးမည်ဟု ကိုးကန့်တပ်ဖွဲ့က ပြန်လည် ထုတ်ပြန်လာခြင်း ဖြစ်သည်။ သို့သော် ကျောင်းသားဦးရေ ၅၀ မပြည့်သဖြင့် ကိုယ်ထူကိုယ်ထ ဖွင့်လှစ်သည့် ကျောင်းများအနေဖြင့် ဆရာ ဆရာမများကို အနည်းဆုံး ၁၀

မဲခေါင်၊ မေ ၂၁

ကျောင်းသားဦးရေ အနည်းဆုံး ၅၀ ရှိမှသာ ကျောင်းဖွင့်ခွင့်ပေးသည့် မူဝါဒကို ကွတ်ခိုင်ခရိုင်အတွက် ဖြေလျှော့ပေးထားပြီး ကျောင်းသားဦးရေ ရှိသလောက်ဖြင့် ကျောင်းဖွင့်ခွင့် ပြန်လည်ပေးထားသည်ဟု ကိုးကန့်တပ်ဖွဲ့ – MNDAA က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

ကနဦးတွင် ကျောင်းသားဦးရေ ၅၀ မပြည့်လျှင် ကျောင်းဖွင့်ခွင့်မပေးဟု ကိုးကန့်တပ်ဖွဲ့က ဆိုသဖြင့် ပြည်သူများက အပြင်းအထန် ဝေဖန်ပြီးနောက် ကျောင်းသားဦးရေ ၅၀ မပြည့်လည်း ကျောင်းဖွင့်ခွင့်ပေးမည်ဟု ကိုးကန့်တပ်ဖွဲ့က ပြန်လည် ထုတ်ပြန်လာခြင်း ဖြစ်သည်။

သို့သော် ကျောင်းသားဦးရေ ၅၀ မပြည့်သဖြင့် ကိုယ်ထူကိုယ်ထ ဖွင့်လှစ်သည့် ကျောင်းများအနေဖြင့် ဆရာ ဆရာမများကို အနည်းဆုံး ၁၀ တန်းအောင်ပြီးသည့်သူများသာ ခန့်ထားရမည်ဖြစ်ပြီး ၎င်းခန့်ထားသည့် ဆရာ ဆရာများသည်လည်း ကိုးကန့်တပ်ဖွဲ့က ဖွင့်လှစ်ထားသည့် အထူးဒေသ – ၁ ပညာရေးကောလိပ်သို့ မဖြစ်မနေ ဆက်လက်တက်ရမည်ဟု ကိုးကန့်တပ်ဖွဲ့က ပြောသည်။

“ကိုယ်ထူကိုယ်ထကျောင်းများ အနေဖြင့်လည်း မိမိတို့ကျောင်းတွင် သင်ကြားမည့် ဆရာ၊ ဆရာမများကို အနည်းဆုံး ၁၀ တန်း အောင်မြင်သူများကိုသာ စတင်ခန့်ထားရမည်ဖြစ်ပြီး ခန့်အပ်ပြီးပါက ၎င်းတို့အနေဖြင့် အရည်အသွေး မြင့်မားစေရန် အထူးဒေသ(၁) ပညာရေးကောလိပ်သို့ မဖြစ်မနေ ဆက်လက် တက်ရောက် သင်ယူကြရမည် ဖြစ်သည်”ဟု ကိုးကန့်တပ်ဖွဲ့က ဆိုသည်။

ကွတ်ခိုင်မြို့နယ်တွင် ယခင်နှစ်က တအာင်းပြည်ပညာရေးကောင်စီ – TLEC က တာဝန်ယူပြီး ဖွင့်လှစ်ထားသည့် ကျောင်းပေါင်း ၁၃၀ ကျော်ရှိရာ ယင်းကျောင်းများသည် လက်ရှိတွင် ပိတ်ပင်ထားရဆဲဖြစ်သည်။

ကိုးကန့်တပ်ဖွဲ့က ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိသည့် နေရာများတွင် TLEC က ကျောင်းပြန်ဖွင့်လှစ်ခွင့် တောင်းဆိုထားရာ ကိုးကန့်တပ်က အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်းလည်း သတင်းရင်းမြစ်များထံမှ သိရသည်။

ကိုးကန့်တပ်ဖွဲ့အနေဖြင့် စာသင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ၏ ဝါသနာနှင့် ရွေးချယ်မှုအပေါ်မူတည်၍ နိုင်ငံတကာတွင် အသုံးများသည့် အင်္ဂလိပ်နှင့် တရုတ်ဘာသာစကားများကို သင်ကြားပေးသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

သို့သော် လက်ရှိမြေပြင်တွင် ထုတ်ပြန်ချက်ကဲ့သို့ မဟုတ်ပဲ မနက်ပိုင်းတွင် တရုတ်စာကို ကိုးကန့်တပ်ဖွဲ့က မဖြစ်မနေ သင်ခိုင်းနေသည်ဟု ကွတ်ခိုင်မြို့ရှိ ကလေးမိဘများကပြောသည်။

“မြို့ပေါ်က ကိုယ်ပိုင်ကျောင်းကအစ မနက်ပိုင်းဆို တရုတ်စာကို မဖြစ်မနေ သင်ခိုင်းတယ်ရှင့်၊ ကျောင်းပြဌာန်းစာကို နေ့လည်မှ သင်ရတယ်ရှင့်၊ ထုတ်ပြန်ချက်မှာက ဝါသနာပါမှ သင်လို့ရတယ်ဆိုပေမယ့် လက်တွေ့က မဖြစ်မနေ သင်ရတယ်ရှင့်။”ဟု ကျောင်းသားမိဘတစ်ဦးကပြောသည်။

ယခုနှစ် ပညာရေးကဏ္ဍတွင် ကချင်၊ ရှမ်း၊ တအာင်း၊ လားဟူ စသည့် ဒေသအလိုက် တိုင်းရင်းသား ဘာသာစကား များကိုလည်း တက်ရောက်သင်ယူလိုသည့် ကျောင်းသားများအတွက် အထူးအလေးပေး စီစဉ် သင်ကြား ပေးသွားမည်ဟု ကိုးကန့်တပ်ဖွဲ့ကပြောသည်။

ထိုသို့ ထုတ်ပြန်နေသော်လည်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ မြေပြင်တွင် တအာင်းစာပေ၊ အလံ၊ ဆိုင်းဘုတ်များကို ကိုးကန့်တပ်ဖွဲ့က ဖျက်ဆီးပြီး တရုတ်ဘာသာစကားဖြင့် အစားထိုးလျက်ရှိသည်။

စာသင်ကျောင်းများကို လာမည့် ဇွန်လတွင် ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ပြီး မေ ၂၅ ရက်မှ စတင်ကာ ကျောင်းအပ်နှံမှုများကို လက်ခံသွားမည်ဟုလည်း ကိုးကန်တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

#MeKongNews
#ကွတ်ခိုင်
#ကျောင်းသား
#ကျောင်းဖွင့်ခွင့်
#ကိုးကန့်တပ်ဖွဲ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now