နေ့စဥ်သတင်း

ကိုးကန့်ထိန်းချုပ်နယ်မြေတွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဌာနေတိုင်းရင်းသားများ၏ ဝိသေသလက္ခဏာဖျက်ဆီးဖျောက်ဖျက်မှုအပေါ် တာဝန်ယူရန် TSCN တောင်းဆို

မဲခေါင် 29 Apr - 2026
မဲခေါင် ၊ ဧပြီ ၂၉ ကိုးကန့်တပ်ဖွဲ့-MNDAA က ပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဌာနေတိုင်းရင်းသားများ၏ ဝိသေသလက္ခဏာများကို ဖျက်ဆီးဖျောက်ဖျက်နေမှုအပေါ် တာဝန်ယူဖြေရှင်းပေးရန် တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ယက်-TCSN က တောင်းဆိုလိုက်သည်။ ယမန်နေ့ ဧပြီ၂၈ရက်ညတွင် ထုတ်ပြန်ကြေညာသည့် ယင်းကြေညာချက်တွင် ကိုးကန့်တပ်ဖွဲ့-MNDAAက ကွတ်ခိုင်မြို့ကို တိုက်ခိုက်စဉ်အတွင်း အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အရပ်သား နေအိမ် ၊ ဘုန်းကြီးကျောင်းများကို ဖျက်ဆီးခြင်းနှင့် တအာင်းတိုင်းရင်းသားစာပေ ယဉ်ကျေးမှုအား ဖျက်ဆီးဖျောက်ဖျက်ခြင်း အခြေအနေများကို ဖော်ပြထားသည်။ ထို့သို့သော ချိုးဖောက်မှုများအပေါ် ကိုးကန့်တပ်ဖွဲ့-MNDAA အနေဖြင့် တာဝန်ယူဖြေရှင်းပေးရန် အချက် ၈ ချက်ကို TSCNက ထုတ်ပြန်ချက်တွင် တောင်းဆိုးထားသည်။ ယင်းအချက်များမှာ ဒရုန်းတိုက်ခိုက်မှု အသက်ဆုံးရှုံးရသော ပြည်သူများအတွက်

မဲခေါင် ၊ ဧပြီ ၂၉

ကိုးကန့်တပ်ဖွဲ့-MNDAA က ပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဌာနေတိုင်းရင်းသားများ၏ ဝိသေသလက္ခဏာများကို ဖျက်ဆီးဖျောက်ဖျက်နေမှုအပေါ် တာဝန်ယူဖြေရှင်းပေးရန် တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ယက်-TCSN က တောင်းဆိုလိုက်သည်။

ယမန်နေ့ ဧပြီ၂၈ရက်ညတွင် ထုတ်ပြန်ကြေညာသည့် ယင်းကြေညာချက်တွင် ကိုးကန့်တပ်ဖွဲ့-MNDAAက ကွတ်ခိုင်မြို့ကို တိုက်ခိုက်စဉ်အတွင်း အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အရပ်သား နေအိမ် ၊ ဘုန်းကြီးကျောင်းများကို ဖျက်ဆီးခြင်းနှင့် တအာင်းတိုင်းရင်းသားစာပေ ယဉ်ကျေးမှုအား ဖျက်ဆီးဖျောက်ဖျက်ခြင်း အခြေအနေများကို ဖော်ပြထားသည်။

ထို့သို့သော ချိုးဖောက်မှုများအပေါ် ကိုးကန့်တပ်ဖွဲ့-MNDAA အနေဖြင့် တာဝန်ယူဖြေရှင်းပေးရန် အချက် ၈ ချက်ကို TSCNက ထုတ်ပြန်ချက်တွင် တောင်းဆိုးထားသည်။

ယင်းအချက်များမှာ ဒရုန်းတိုက်ခိုက်မှု အသက်ဆုံးရှုံးရသော ပြည်သူများအတွက် တရားမျှတမှုနှင့် ကုစားမှုပေးရန်၊ အတင်းအဓမ္မ တပ်သားစုဆောင်းခြင်းမပြုရန်၊ ပျက်စီးဆုံးရှုံးမှုအတွက် ပြန်လည်တည်ဆောက်ပေးရန်၊ လူမျိုးကြီးဝါဒ ကျင့်သုံးခြင်းမပြုရန်၊ ကျေးရွာဆိုင်းဘုတ်ဖျက်ဆီးခြင်းအပေါ် ပြန်လည်တာဝန်ယူ တည်ဆောက်ရန်၊ ဆိုင်းဘုတ်များတွင် တရုတ်စာဖြင့် မရေးရန် တိုင်းရင်းသားစာပေများကို လေးစားမြတ်နိုးရန်၊ ပြစ်မှုကျူးလွန်သည့် MNDAAတပ်ဖွဲ့ဝင်များ အရာရှိများကို အရေးယူရန် စသည်တို့ဖြစ်သည်။

ကွတ်ခိုင်မြို့ကို သိမ်းပိုက်သည့် တိုက်ခိုက်မှုအတွင်း MNDAA တိုက်ခိုက်မှုကြောင့် သေဆုံးရသည့် အရပ်သားပြည်သူများမှာ အသက်၅နှစ်အရွယ် လွေးအီမိုခမ်း၊ အသက် ၆ နှစ်အရွယ် လွေးအီဝင်း၊ အသက် ၂၄ နှစ်အရွယ် မိုင်းထွန်းလှ၊ အသက် ၃၇ နှစ်အရွယ် တားနိုင်ကိန်၊ အသက် ၄၈ နှစ်အရွယ် ယာလွေး၊ အသက် ၅၃ နှစ်အရွယ် ယာမာခင်အေးနှင့် နမ့်ဖက်ကာရှိ ကိုနိုင်ထွန်းတို့ဖြစ်သည်။

ထို့အပြင် ကိုးကန့်တပ်ဖွဲ့၏ ဒရုန်းဗုံးများကြောင့် ဘုန်းကြီးကျောင်း ၃ ကျောင်းပျက်စီးခဲ့ကာ ကလေးများအပါအဝင် ရွာခံ ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန်အတွင်း ဒေသခံများ၏ နေအိမ်များကို ဝင်ရောက်မွှေနှောက်ခြင်း၊ ဒေသခံများကို ဖမ်းဆီးခြင်းများလည်း MNDAAက လုပ်ဆောင်ခဲ့ပြီး ဒေသခံ ၁၁ ဦးထက်မနည်း ဖမ်းဆီးခံရကာ အချို့မှ လက်ရှိအချိန်ထိ ပြန်မလွတ်လာသေးကြောင်း TSCNကပြောသည်။

MNDAA တပ်ဖွဲ့သည် ကွတ်ခိုင်မြို့ကို သိမ်းပိုက်ပြီးသည့် နောက်တွင်လည်း မြို့နယ်အတွင်းရှိ တအာင်းဝိသေသလက္ခဏာပါရှိသည့် တအာင်းအလံနှင့်တအာင်းစာပေဖြင့် ပြုလုပ်ထားသည့် ကျေးရွာအဝင် ဆိုင်းဘုတ်များကိုလည်း ဖျက်ဆီးခဲ့သည်ဟု TSCNက ထုတ်ပြန်ချက်တွင်ပြောသည်။

ထို့အပြင် ကွတ်ခိုင်နှင့် မူဆယ် ၁၀၅ မိုင်တွင်လည်း တအာင်းပြည်ပညာရေးကောင်စီက ဖွင့်လှစ်ထားသည့် ကျောင်းပေါင်း ၃၀၀ ကျော်ကို ကိုးကန့်တပ်ဖွဲ့က ပိတ်ပစ်လိုက်ပြီး တရုတ်စာသင်ကြားရန် ပြင်ဆင်မှုလုပ်ဆောင်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ယခုအစီရင်ခံစာပါ အချက်အလက်များသည် ကွတ်ခိုင်မြို့နယ်အတွင်း MNDAAက ကျူးလွန်သည့် အရာများကို လက်လှမ်းမှီသမျှ စာရင်းကောက်ယူထားခြင်းသာဖြစ်ပြီး မြေပြင်တွင် ယခုထက် ပိုမိုများပြားနိုင်သည်ဟု တအာင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ယက်-TSCNက ပြောသည်။

#MeKongNews
#ရှမ်းမြောက်
#ကိုးကန့်တပ်ဖွဲ့
#လူ့အခွင့်အရေး
#ဌာနေတိုင်းရင်းသား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now