နေ့စဥ်သတင်း

လားရှိုးမြို့ ၁၂ ရပ်ကွက်တွင် MNDAA စစ်မှုထမ်းခေါ်

မဲခေါင် 28 Apr - 2026
မဲခေါင်၊ ဧပြီ ၂၈ ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ပြင်ရပ်ကွက်ဖြစ်သည့် ရပ်ကွက် ၁၂ တွင် ကိုးကန့်တပ်ဖွဲ့ – MNDAA က စစ်မှုထမ်းကောက်နေသည်ဟု ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် မတ်လကုန်မှစပြီး ရပ်ကွက် ၁၂ ၏ ရာအိမ်မှူးဖြစ်သူ ဇေမောင်မောင်ဖြိုး‌အောင်သည် ရပ်ကွက်တွင်းရှိ ဒေသခံများကို အစည်းအဝေး ခေါ်ယူကာ ကိုးကန့်တပ်ဖွဲ့စေခိုင်းချက်အရ စစ်မှုထမ်းခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောသည်။ MNDAA အတွက် စစ်မှုထမ်း အယောက် ၂၀ ပို့ဆောင်ပေးရမည်ဖြစ်ပြီး သွားမည့်သူ မရှိပါက လူအစားထိုး ထည့်ရမည်ဟု လားရှိုး – သိန္နီလမ်းမကြီးပေါ်တွင်ရှိသည့် ရပ်ကွက် ၁၂ ၏ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့က ပြောဆိုခဲ့သည်ဟု

မဲခေါင်၊ ဧပြီ ၂၈

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ပြင်ရပ်ကွက်ဖြစ်သည့် ရပ်ကွက် ၁၂ တွင် ကိုးကန့်တပ်ဖွဲ့ – MNDAA က စစ်မှုထမ်းကောက်နေသည်ဟု ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လကုန်မှစပြီး ရပ်ကွက် ၁၂ ၏ ရာအိမ်မှူးဖြစ်သူ ဇေမောင်မောင်ဖြိုး‌အောင်သည် ရပ်ကွက်တွင်းရှိ ဒေသခံများကို အစည်းအဝေး ခေါ်ယူကာ ကိုးကန့်တပ်ဖွဲ့စေခိုင်းချက်အရ စစ်မှုထမ်းခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

MNDAA အတွက် စစ်မှုထမ်း အယောက် ၂၀ ပို့ဆောင်ပေးရမည်ဖြစ်ပြီး သွားမည့်သူ မရှိပါက လူအစားထိုး ထည့်ရမည်ဟု လားရှိုး – သိန္နီလမ်းမကြီးပေါ်တွင်ရှိသည့် ရပ်ကွက် ၁၂ ၏ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့က ပြောဆိုခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

ထိုသို့ပြောဆိုပြီးနောက် ကိုးကန့်တပ်ဖွဲ့သို့ စစ်မှုထမ်းသွားချင်သည့်သူများ မရှိသဖြင့် တစ်အိမ် ၅ သောင်းကျပ် ကောက်ခံကာ လူအစားထိုး ဝယ်ထည့်ခဲ့သည်ဟုလည်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အစက စာရင်းကောက်တယ်။ အစည်းဝေးလုပ်တယ်။ စစ်သားကောက်မယ်ဆိုတဲ့ အကြောင်းပေါ့။ သူတို့ခန့်ထားတဲ့ ရာအိမ်မှူး ဇေမောင်မောင်ဖြိုးအောင်ကို ကောက်ခိုင်းတာပါ။ ဘယ်သူမှ မသွားလို့ တစ်အိမ် ၅ သောင်းတောင်းပြီး စစ်သား ၀ယ်ထည့်လိုက်ရတယ်” ဟု ၎င်းက ပြောသည်။

တပ်သားသစ်အတွက် စာရင်းကောက်ခံသည့် ရပ်ကွက် ၁၂ တွင် အနည်းဆုံး လူအယောက် ၂၀ လာရောက်စစ်မှုထမ်းရန် ကိုးကန့်တပ်ဖွဲ့က ခေါ်ယူနေခြင်းဖြစ်ပြီး သွားမည့်သူ မရှိသဖြင့် ငွေကောက်ပြီး ဝယ်ထည့်သော်လည်း အယောက် ၂၀ မပြည့်သေးကြောင်း သတင်းရင်းမြစ်က ပြောသည်။

“ရပ်ကွက်တိုင်းတော့ မဟုတ်ဘူး။ ဒီရပ်ကွက်ကို လူမျိုးစုံအယောက် ၂၀ တောင်းတယ်။ စာရင်းထဲပါတဲ့ မိသားစုတွေဆိုရင်လည်း သားသမီးဘယ်နေရာရောက်ရောက် ပြန်ခေါ်‌လို့ ပြောတယ်။ ပြန်မလာရင် အိမ်တွေ ချိတ်ပိတ်မယ်လို့ပြောတယ်” ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

လားရှိုးမြို့တွင်းရှိ ရပ်ကွက်များတွင်မူ စစ်ကောင်စီက ထိန်းချုပ်ထားသဖြင့် MNDAA က စစ်မှုထမ်းခေါ်ယူခြင်းမရှိဘဲ ၎င်းတို့ထိန်းချုပ်ထားသည့် လားရှိုးမြို့ပြင် အေဒီတံတားအကျော်ရှိ တိုးချဲ့ရပ်ကွက်ဖြစ်သည့် ရပ်ကွက် ၁၂ တစ်ခုကိုသာ စစ်မှုထမ်းခေါ်ယူခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

“ရပ်ကွက် ၁၂ ကတော့ မြို့အစွန်ဖြစ်တာပေါ့၊ အေဒီတံတားအကျော်မှာရှိတာလေ အဲ့မြို့ပြင်တိုးချဲ့ရပ်ကွက်ကို ကိုးကန့်က ထိန်းချုပ်ထားတာ” ဟု သတင်းရင်းမြစ်က ပြောသည်။

လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်များကိုမူ MNDAA က စစ်မှုထမ်း စာရင်းကောက်တာမျိုး မရှိကြောင်း အမှတ် ၉ ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“အမတို့ ရပ်ကွက်ထဲမှာတော့ ကိုးကန့်တွေ စစ်မှုထမ်းစာရင်း လာကောက်တာ မကြားမိဘူးရယ်” ဟု ၎င်းက ပြောသည်။

MNDAA သည် ဧပြီ ၂၁ ရက်မှ စတင်ပြီး လားရှိုးမြို့နယ် အီနိုင်းရွာအနီးတွင် ဒေသခံများနှင့် ခရီးသွားလူငယ် ၇၀ ဦး ဝန်းကျင်ကို မူးယစ်ဆေးဝါး စစ်ဆေးသည်ဟု အကြောင်းပြကာ သိန္နီသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

#MeKongNews
#လားရှိုးမြို့
#MNDAA
#စစ်မှုထမ်း
#ရှမ်းမြောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now