နေ့စဥ်သတင်း

ညောင်ရွှေအကျဉ်းထောင်နှင့် အလုပ်စခန်းတို့မှ အကျဉ်းသား ၁၃၀ ကျော် လွတ်မြောက်၊ နိုင်ကျဉ်းမပါ

မဲခေါင် 17 Apr - 2026
မဲခေါင်၊ ဧပြီ ၁၇ ယနေ့ ကျရောက်သည့် ၂၀၂၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းသား ၄,၃၃၅ ဦး လွတ်ငြိမ်းသက်သာခွင့်ရရှိရာ၌ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေအကျဉ်းထောင်မှ ၁၀၈ ဦးနှင့် အလုပ်စခန်းမှ ၃၀ ဦးတို့ လွတ်မြောက်လာကြောင်း သိရသည်။ ညောင်ရွှေအကျဉ်းထောင်မှ လွတ်မြောက်လာသူများတွင် အကျဉ်းသား ၉၈ ဦးနှင့် အကျဉ်းသူ ၁၀ ဦး၊ စုစုပေါင်း ၁၀၈ ဦး ပါဝင်ပြီး ၎င်းတို့သည် နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခုကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ပူးတွဲကျခံရမည်ဟူသော သတ်မှတ်ချက်ဖြင့် လွတ်မြောက်လာခြင်း ဖြစ်သည်။ ယင်းသို့ လွတ်မြောက်လာသူများ မည်သည့်ပုဒ်မများဖြင့် ပြစ်ဒဏ်ကျခံနေရသူများဖြစ်သည်ကိုမူ အသေးစိတ် မသိရသေးပေ။ အလားတူ

မဲခေါင်၊ ဧပြီ ၁၇

ယနေ့ ကျရောက်သည့် ၂၀၂၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းသား ၄,၃၃၅ ဦး လွတ်ငြိမ်းသက်သာခွင့်ရရှိရာ၌ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေအကျဉ်းထောင်မှ ၁၀၈ ဦးနှင့် အလုပ်စခန်းမှ ၃၀ ဦးတို့ လွတ်မြောက်လာကြောင်း သိရသည်။

ညောင်ရွှေအကျဉ်းထောင်မှ လွတ်မြောက်လာသူများတွင် အကျဉ်းသား ၉၈ ဦးနှင့် အကျဉ်းသူ ၁၀ ဦး၊ စုစုပေါင်း ၁၀၈ ဦး ပါဝင်ပြီး ၎င်းတို့သည် နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခုကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ပူးတွဲကျခံရမည်ဟူသော သတ်မှတ်ချက်ဖြင့် လွတ်မြောက်လာခြင်း ဖြစ်သည်။

ယင်းသို့ လွတ်မြောက်လာသူများ မည်သည့်ပုဒ်မများဖြင့် ပြစ်ဒဏ်ကျခံနေရသူများဖြစ်သည်ကိုမူ အသေးစိတ် မသိရသေးပေ။

အလားတူ တောင်လေးလုံး စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်း (ရဲဘက်) မှ အကျဉ်းသား ၃၀ ဦးနှင့် တောင်ကြီးအချုပ်ထောင်မှ အကျဉ်းသား ၁ ဦးတို့လည်း ယနေ့တွင် လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

ယင်းသို့ လွတ်မြောက်လာသူများထဲတွင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများ မပါဝင်ပေ။

စစ်ကောင်စီသည် ယနေ့ကျရောက်သည့် နှစ်ဆန်းတစ်ရက်နေ့တွင် သေဒဏ်ကျခံနေရသူများကို ထောင်ဒဏ်တစ်သက်၊ ထောင်ဒဏ်တစ်သက်နှင့် နှစ် ၄၀ အထက် ကျခံနေရသူများကို ထောင်ဒဏ် နှစ် ၄၀ သို့လည်းကောင်း၊ ထောင်ဒဏ် နှစ် ၄၀ အောက် ကျခံနေရသူများကို ကျန်ရှိသည့်ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံအား လျှော့ပေါ့ခြင်းဖြင့်လည်းကောင်း လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

#MeKongNews
#လွတ်ငြိမ်း
#တောင်လေးလုံးထောင်
#နှစ်ဆန်းတစ်ရက်နေ့
#နိုင်ကျဉ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now