နေ့စဥ်သတင်း

ကွတ်ခိုင်မြို့နယ်၊ ကျေးရွာ အများအပြားရှိ တအာင်းစာများဖြင့် ရေးသားထားသည့် ဆိုင်းဘုတ်များကို MNDAA ဆက်လက် ဖျက်ဆီးနေ

မဲခေါင် 7 Apr - 2026
မဲခေါင်၊ ဧပြီ ၇ ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ တအာင်းကျေးရွာများ၏ ရွာအဝင် ဆိုင်းဘုတ်များတွင် ရေးသားထားသည့် တအာင်းစာများကို ကိုးကန့်တပ်ဖွဲ့ – MNDAA က ဆက်လက် ဖျက်ဆီးနေသည်ဟု ဒေသခံများက ပြောသည်။ တအာင်းတိုင်းရင်းသားများ၏ စာပေယဉ်ကျေးမှုများကို ဆက်တိုက် ဖျက်ဆီးနေသည့် MNDAA သည် ဧပြီ ၄ ရက်တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ မန်ဘတ်၊ မန်နောင်၊ မန်တုံ၊ မန်ထန်၊ ဟွေခုတ်၊ ဟိုကျန့်၊ တုံဆင်လေး၊ တုံဆင်ကြီး၊ ဟိုနောင်၊ နမ့်လတ်၊ ကုန်ချမ်း၊ လွယ်ကန်၊ လုံကိန်၊ မန်မောဝ်၊ ပန်ကူ၊ နောင်ခွန် စသည့်ကျေးရွာများ၏ ရွာအဝင်ဆိုင်းဘုတ်များတွင် ရေးထားသည့် တအာင်းစာများကို MNDAA တပ်သားများ

မဲခေါင်၊ ဧပြီ ၇

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ တအာင်းကျေးရွာများ၏ ရွာအဝင် ဆိုင်းဘုတ်များတွင် ရေးသားထားသည့် တအာင်းစာများကို ကိုးကန့်တပ်ဖွဲ့ – MNDAA က ဆက်လက် ဖျက်ဆီးနေသည်ဟု ဒေသခံများက ပြောသည်။

တအာင်းတိုင်းရင်းသားများ၏ စာပေယဉ်ကျေးမှုများကို ဆက်တိုက် ဖျက်ဆီးနေသည့် MNDAA သည် ဧပြီ ၄ ရက်တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ မန်ဘတ်၊ မန်နောင်၊ မန်တုံ၊ မန်ထန်၊ ဟွေခုတ်၊ ဟိုကျန့်၊ တုံဆင်လေး၊ တုံဆင်ကြီး၊ ဟိုနောင်၊ နမ့်လတ်၊ ကုန်ချမ်း၊ လွယ်ကန်၊ လုံကိန်၊ မန်မောဝ်၊ ပန်ကူ၊ နောင်ခွန် စသည့်ကျေးရွာများ၏ ရွာအဝင်ဆိုင်းဘုတ်များတွင် ရေးထားသည့် တအာင်းစာများကို MNDAA တပ်သားများ ကိုယ်တိုင် လာရောက် ဖျက်ဆီးသွားသည်ဟု သတင်းရင်းမြစ်များက ပြော သည်။

“သူတို့ တအာင်းအလံပုံစံတွေ ဖျက်ဖို့ပြောကတည်း က ကျမတို့ ဖျက်ထားတာပဲလေ။ အစည်း အဝေးမှာ သူတို့ရဲ့ တိုက်နယ်မှူးက တအာင်းစာရေးလို့ ရတယ်ပြောလို့ ကျမတို့က စာတွေချန်ထားတာလေ။ အခု သူတို့ စာတွေအကုန် လာဖျက်သွားတယ်။ အကုန်အဖြူရောင် လာသုတ်သွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

တအာင်းကျေးရွာများ၏ ဆိုင်းဘုတ်များကို လာရောက် ဖျက်ဆီးသူများသည် ကိုးကန့်စစ်ဝတ်စုံကို ဝတ်ထားကြသည့် MNDAA တပ်သားများဖြစ်ပြီး အချို့သည် အရပ်ဝတ်ဖြင့် ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မတ် ၂၀ ရက်တွင် တအာင်းကျေးရွာတချို့ကို MNDAA က အစည်းအဝေးခေါ်ပြီး တအာင်းကျေးရွာရှိ စာသင်ကျောင်းများတွင် တအာင်းအလံ မထောင်ရန်နှင့် ရွာအဝင်ဆိုင်းဘုတ်များကို တအာင်းအလံပုံစံ ဆေးမချယ်ကြရန် ပြောခဲ့ပြီးနောက် ဒေသခံပြည်သူများက တအာင်းအလံပုံစံကို ဖျက်ပေးပြီး ဖြစ်သော်လည်း လက်ရှိတွင် ကိုးကန့်တပ်က တအာင်းစာများကိုပါ လိုက်ဖျက်နေခြင်း ဖြစ်သည်။

“ဒါတွေက ဒေသခံတိုင်းရင်းသားတွေရဲ့ အမှတ် သညာကို ဖျက်ဆီးပစ်ဖို့ ပေါ်တင်လုပ်တဲ့ လုပ်ရပ်ဖြစ်တယ်ဗျ။ တိုင်းရင်းသားတိုင်းဟာ ကိုယ့်ရဲ့ စာပေ၊ ယဉ်ကျေးမှုကို ထိန်းသိမ်းခွင့် ဖော်ထုတ်ခွင့် တိုးတက်အောင် လုပ်ခွင့်ရှိတယ်။ အခုလိုမျိုး ဖျက်ဆီးတယ် ဆိုတာကတော့ ကွတ်ခိုင်မှာ တအာင်းမရှိအောင် ဖျောက်ဖျက်ပစ်တဲ့ အောက်တန်းကျယုတ်မာတဲ့ လုပ်ရပ်လို့ ပြောလို့ရပါတယ်”ဟု ရှမ်းမြောက် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့နယ်ကို MNDAA က တအာင်းတပ်ဖွဲ့ထံ တိုက်ခိုက် သိမ်းယူပြီးသည့်နောက် တအာင်းစာပေများ တအာင်းအလံများ စသည့် တအာင်းလူမျိုးနှင့်ပတ်သက်သည့် ယဉ်ကျေးမှုများကို ဖျက်ဆီးကာ တရုတ်ယဉ်ကျေးမှုနှင့် အစားထိုးရန် လုပ်ဆောင်လျက်ရှိသည်ဟုလည်း ၎င်းသတင်းရင်းမြစ်ကဆိုသည်။

“တရုတ်ဇာတ်သွင်းတယ်လို့ ပြောရမှာပေါ့၊ အခုလည်း တအာင်းနဲ့ ပတ်သက်တဲ့ ယဉ်ကျေးမှုတွေကို ပိတ်ပင်ပြီး တရုတ်စာတွေကို မသင်မနေရ စလုပ်နေပြီလေ”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၂၂ ရက်နှင့်၂၃ ရက်တွင် MNDAA က ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လူထုတွေ့ဆုံပွဲ ပြုလုပ်ကာ မည်သည့် ခွဲခြားမှုကိုမှ ပြုလုပ်မည် မဟုတ်ဘဲ တိုင်းရင်းသားစာပေများကို လွတ်လပ်စွာသင်ကြားနိုင်သည်ဟု အာမခံကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ သတင်းထုတ်ပြန်ခဲ့သော်လည်း မြေပြင်တွင်မူ ဆက်တိုက်ဆိုသကဲ့သို့ တအာင်းစာပေနှင့် ယဉ်ကျေးမှုအမှတ် အသားများကို ဆက်လက် ဖျက်ဆီးနေဆဲ ဖြစ်သည်။

ယခင်တွင် ကွတ်ခိုင်မြိုနယ်အတွင်းရှိ ကျေးရွာဆိုင်းဘုတ်များကို သက်ဆိုင်ရာ လူမျိုးစုများက ၎င်းတို့၏ ရှမ်းစာ၊ ကချင်စာ၊ တအာင်းစာ၊ မြန်မာစာများဖြင့် ရေးသားခဲ့ခြင်းများ ရှိခဲ့ပြီး ယခု ကိုးကန့်တရုတ်များက မြန်မာပြည်ရှိ တိုင်းရင်းသားဘာသာ မဟုတ်သည့် တရုတ်စာများ အတင်းအကျပ် သုံးစွဲစေခြင်းမှာ တရုတ်ကိုလိုနီ ပြုခံရခြင်းဟု နိုင်ငံရေး လေ့လာသူများက ဝေဖန်လျက်ရှိသည်။

#MeKongNews
#ကွတ်ခိုင်
#ကျေးရွာ
#တအာင်းစာ
#MNDAA
#ဖျက်ဆီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now