နေ့စဥ်သတင်း

ဖိအားပေး ခြိမ်းခြောက်မှုကြောင့် ညောင်ဗက်ရွာ ဖျက်သိမ်းပေးမည်ဟု လက်မှတ်ထိုးခဲ့သော်လည်း ဖမ်းဆီးခံ ဒေသခံများအား PNO ပြန်မလွှတ်သေး

မဲခေါင် 4 Apr - 2026
မဲခေါင်၊ ဧပြီ ၄ ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာအား ဖျက်သိမ်းပေးမည်ဟု လက်မှတ်ထိုးမှ ဖမ်းထားသူများကို ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း PNO တပ်ဖွဲ့ဝင် မြေပွဲစားများက ဖိအားပေး ခြိမ်းခြောက်သဖြင့် လက်မှတ်ထိုးပေးခဲ့သော်လည်း ဖမ်းဆီးခံရသည့် ဒေသခံများ ယနေ့အထိ ပြန်မလွတ်လာသေးကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ မတ် ၃၀ ရက်တွင် PNO တပ်ဖွဲ့ဝင် မြေပွဲစားများဖြစ်သည့် ဦးခွန်အုန်း၊ ခွန်လကျော်၊ ခွန်မောင်ဟန်၊ ခွန်စင်ခံထွက်ပေ၊ ခွန်မောင်နီ၊ ခွန်မောင်မြတို့က စစ်ကောင်စီ ရဲတပ်ဖွဲ့များနှင့် PNO ပြည်သူ့စစ်များကို ခေါ်ဆောင်လာကာ ညောင်ဗက် ရွာသူကြီးအပါအဝင် ၁၀ ဦးကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ဖမ်းဆီးပြီးနောက် ရွာအား ဖျက်သိမ်းပေးမည်ဟု လက်မှတ်ရေးထိုးမှသာလျှင်

မဲခေါင်၊ ဧပြီ ၄

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာအား ဖျက်သိမ်းပေးမည်ဟု လက်မှတ်ထိုးမှ ဖမ်းထားသူများကို ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း PNO တပ်ဖွဲ့ဝင် မြေပွဲစားများက ဖိအားပေး ခြိမ်းခြောက်သဖြင့် လက်မှတ်ထိုးပေးခဲ့သော်လည်း ဖမ်းဆီးခံရသည့် ဒေသခံများ ယနေ့အထိ ပြန်မလွတ်လာသေးကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မတ် ၃၀ ရက်တွင် PNO တပ်ဖွဲ့ဝင် မြေပွဲစားများဖြစ်သည့် ဦးခွန်အုန်း၊ ခွန်လကျော်၊ ခွန်မောင်ဟန်၊ ခွန်စင်ခံထွက်ပေ၊ ခွန်မောင်နီ၊ ခွန်မောင်မြတို့က စစ်ကောင်စီ ရဲတပ်ဖွဲ့များနှင့် PNO ပြည်သူ့စစ်များကို ခေါ်ဆောင်လာကာ ညောင်ဗက် ရွာသူကြီးအပါအဝင် ၁၀ ဦးကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ဖမ်းဆီးပြီးနောက် ရွာအား ဖျက်သိမ်းပေးမည်ဟု လက်မှတ်ရေးထိုးမှသာလျှင် ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း ဖိအားပေးသဖြင့် ဒေသခံ ၆၀ ကျော်မှာ လက်မှတ် ထိုးပေးခဲ့သော်လည်း ဖမ်းဆီးထားသည့် ရွာသူကြီးအပါ ဒေသခံ ၁၀ ဦးကိုမူ ယနေ့အထိ ပြန်မလွှတ်ပေးဘဲ ဆက်လက် ဖမ်းဆီးထားခြင်း ဖြစ်သည်။

“သူတို့ ခြိမ်းခြောက်တာကို ကြောက်လို့ ဒေသခံ ၆၆ ယောက်က လက်မှတ် သွားထိုးပေးတာ၊ ဒါပေမယ့် အခုထိ ပြန်မလွတ်လာသေးဘူး။ လက်မှတ်ထိုးတဲ့ လူတိုင်းကိုလည်း သူတို့က ဓာတ်ပုံရိုက်ထားတယ်။ အခုလည်း ရဲတွေ စစ်သားတွေက ခဏခဏ ရွာထဲလာပြီး စစ်ဆေးတာတွေ လုပ်နေတယ်”ဟု ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့ နောင်တောင်းဘုန်းကြီးကျောင်း တောင်ဘက်တွင်ရှိသည့် ညောင်ဗက် ကျေးရွာသည် PNO အဖွဲ့အစည်း မပေါ်ခင်ကတည်းက ရွာတည်ရှိခဲ့ရာ သက်တမ်း နှစ် ၅၀ ကျော်ပြီ ဖြစ်သည်။

သို့သော် ယင်းကျေးရွာသည် စစ်တပ်ပိုင်မြေပေါ် တည်ရှိသည်ဟုဆိုကာ ယခင်ကတည်းက ဒေသခံများကို အကြိမ်ကြိမ် နှင်ထုတ်ဖူးသည်။

“ကျနော်တို့က မြေယာရှိမှ ခြံရှိမှ စိုက်ပျိုးစားလို့ ရမှာလေ အခုက ဧက ၁၄၀၀၀ ကျော်ကို သူတို့ အ ကုန်ယူပြီး ကျနော်တို့ တစ်ယောက်ကို ပေ၂၀ – ၄၀ ရှိတဲ့ တစ်ကွက်ပဲ ပြန်ပေးမယ်ဆိုတော့ ကျနော်တို့ တောင်သူလယ်သမားက ဘာလုပ်စားတော့မှာလဲဗျာ”ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

PNO မြေပွဲစားများက ရွာသားများကို ပြောင်းရွှေ့ခိုင်းသည့် နေရာသည် ဘုရားဖြူကျေးရွာသားများ ပိုင်ဆိုင်သည့် မြေနေရာသာဖြစ်ပြီး ယင်းမြေနေရာကို ပြောင်းရွှေ့လျှင်လည်း မြေကွက်တစ်ကွက်လျှင် ၂၅ သိန်းကျပ်မှ သိန်း ၅၀ ထိ ပေးသွင်းခိုင်းနေခြင်း ဖြစ်သည်။

“အခုဆို သူတို့က ဟိုပုံး – နောင်တောင်းလမ်းမ အရှေ့ဘက်မှာရှိတဲ့ အိမ်တွေကို အကုန် ပြန်ဖျက် ခိုင်းနေတာ၊ အိမ်ခြေ ၂၇၀ ကျော် ၃၀၀ နီးပါးရှိတယ်။ အကုန်လုံး ဒေသခံ ပအိုဝ်းတွေကြီးပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ညောင်ဗက်ကျေးရွာ၏ မြေယာအရေးနှင့် ပတ်သက်ပြီး အကြိမ်ကြိမ် စာတင်ဖူးသော်လည်း စစ်ကောင် စီတပ်က ယင်းမြေနေရာသည် တပ်နှင့် မဆိုင်တော့ကြောင်း ၂၀၁၅ ခုနှစ်ကတည်းကပင် နိုင်ငံတော်မှ တစ်ဆင့် ဒေသခံများအား ပြန်ပေးရန် PNO ပါတီက ဥက္ကဌနေရာယူပြီး ဦးဆောင် ဖွဲ့စည်းထားသည့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ကို လွှဲပြောင်းခဲ့ပြီ ဖြစ်ကြောင်း အကြိမ်ကြိမ် ပြန်လည် ပြောဆိုခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဟိုပုံး – လွိုင်လင် ကားလမ်းမကြီး မြောက်ဘက်ရှိ မြေဧက ၁၄၀၀၀ ကျော်ကို စစ်တပ်က ၁၉၉၂ ခုနှစ်တွင် သိမ်းဆည်းခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီတွင် နိုင်ငံတော်မှတဆင့် ဒေသခံများအား ပြန်ပေးရန် ပြန်လည် အပ်နှံခဲ့သည်။

နိုင်ငံတော်မှ ဒေသခံများ လက်ဝယ်အရောက် ပြန်ပေးရန် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦး စီး အဖွဲ့ကို တာဝန်ပေးအပ်ခဲ့ရာ PNO ဥက္ကဌ ခွန်စံလွင် ခေါင်းဆောင်သည့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့က ဒေသခံများကို မြေပြန်မပေးဘဲ မြို့ရပ်ကွက် တိုးချဲ့မည်ဟုဆိုကာ PNO ကို ပြန်ချပေးပြီး မတရား သိမ်းဆည်းခဲ့သည့်မြေ ဖြစ်ကြောင်း သိရသည်။

#MeKongNews
#ဖိအားပေး
#ခြိမ်းခြောက်
#ညောင်ဗက်ရွာ
#ဒေသခံများအား
#PNO

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now