နေ့စဥ်သတင်း

မိုင်းပေါက်တွင် လုယက်၊ လူသတ် အလောင်းဖျောက်မှု ကျုးလွန်သူနှင့် ကူညီသူကို သေဒဏ်နှင့် ထောင်ဒဏ်ချမှတ်

မဲခေါင် 2 Apr - 2026
မဲခေါင်၊ ဧပြီ ၂ UWSA ထိန်းချုပ် မိုင်းပေါက်ခရိုင်၊ မိုင်းပေါက်မြို့တွင် လူသတ်မှုကျူးလွန်သူ အမျိုးသားကို သေဒဏ်နှင့် ရာဇဝတ်သားကို ခိုလှုံခွင့်ပေးထားပြီး သက်သေဖျောက်ဖျက်ရန် ကြိုးစားပေးသည့် အမျိုးသမီးတစ်ဦးကို ထောင်ဒဏ် ၆ နှစ်ချမှတ်ခဲ့ကြောင်း “ဝ” တရားစီရင်ရေးကော်မတီ – WSP ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဒေသတွင်းသတင်း WNL က ယနေ့ ဖော်ပြသည်။ ယင်းတရားစီရင်သည့် အခမ်းအနားကို မိုင်းပေါက်မြို့တွင် ယနေ့ ဧပြီ ၂ညရက် နံနက်ပိုင်းက လူထုရှေ့မှောက်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ကျူးလွန်သူတွေက သမီးရည်းစားတွေလေ။ ကောင်လေးက အဲ့လူကိုသေနတ်နဲ့ ပစ်သတ်ပြီး ပိုက်ဆံ ယွမ်ငွေ ၂ သောင်းယူသွားတာ၊ ကောင်လေးက

မဲခေါင်၊ ဧပြီ ၂

UWSA ထိန်းချုပ် မိုင်းပေါက်ခရိုင်၊ မိုင်းပေါက်မြို့တွင် လူသတ်မှုကျူးလွန်သူ အမျိုးသားကို သေဒဏ်နှင့် ရာဇဝတ်သားကို ခိုလှုံခွင့်ပေးထားပြီး သက်သေဖျောက်ဖျက်ရန် ကြိုးစားပေးသည့် အမျိုးသမီးတစ်ဦးကို ထောင်ဒဏ် ၆ နှစ်ချမှတ်ခဲ့ကြောင်း “ဝ” တရားစီရင်ရေးကော်မတီ – WSP ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဒေသတွင်းသတင်း WNL က ယနေ့ ဖော်ပြသည်။

ယင်းတရားစီရင်သည့် အခမ်းအနားကို မိုင်းပေါက်မြို့တွင် ယနေ့ ဧပြီ ၂ညရက် နံနက်ပိုင်းက လူထုရှေ့မှောက်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျူးလွန်သူတွေက သမီးရည်းစားတွေလေ။ ကောင်လေးက အဲ့လူကိုသေနတ်နဲ့ ပစ်သတ်ပြီး ပိုက်ဆံ ယွမ်ငွေ ၂ သောင်းယူသွားတာ၊ ကောင်လေးက ဆေးလည်းသုံးထားတယ်။ လောင်းကစားလည်းလုပ်တယ်၊ အလောင်းကိုလည်း ဖျောက်ဖျက်ခဲ့ပြီး သူ့ကောင်မလေးဆီ သွားနေခဲ့တာ၊ သူ့ကောင်မလေးကလည်း ဖုန်းပြောတဲ့ သက်သေတွေ သွေးစွန်းနေတဲ့ အဝတ်တွေ ဖျောက်ဖျက်ခဲ့တာ။ ကြံရာပါပေါ့”ဟု သွားရောက်ကြည့်ရှုခဲ့သူ တစ်ဦးက ပြောသည်။

ယင်းအမှုကို ကျူးလွန်သည့် အသက်၂၄ နှစ်အရွယ် လီနီလူဆိုသူ အမျိုးသားသည် မိုင်းမောမြို့တွင် နေထိုင်သူဖြစ်သည်ဟု ဆိုသည်။

WSP ၏ယနေ့ ထုတ်ပြန်ချက်တွင် ” မိုင်းပေါက်ခရိုင်၊ တရားစီရင်ရေး ကော်မတီ ပြည်သူ့တရားရုံးမှ ပထမအကြိမ် စစ်ဆေးခြင်း၊ “ဝ” ပြည်နယ်တရား စီရင်ရေးကော်မတီ ပြည်သူ့တရားရုံးမှ ဒုတိယ အကြိမ်စစ်ဆေးခြင်းနှင့် ဗဟိုကော်မတီ၏ အတည်ပြုချက်ဖြင့် တရားရုံးက အောက်ပါအတိုင်း ဆုံးဖြတ်ခဲ့သည်။ တရားခံ လီနီလူသည် တရားမဝင်လက်နက်ကိုင်ဆောင်မှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ် မှု၊ လုယက်မှုနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုတို့ဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး နိုင်ငံရေးအခွင့်အ ရေးများ ဆုံးရှုံးစေကာ သေဒဏ်ချမှတ်ခံခဲ့ရသည်။ တရားခံ ဘောင်အွမ်သည် သက်​သေ
အထောက်အထားများ ဖျက်ဆီးရာတွင် အားပေးကူညီမှုနှင့် ရာဇဝတ် သားတစ်ဦးကို ခိုလှုံခွင့်ပေးမှုတို့ဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး စုစုပေါင်း ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခဲ့သည်။ စီရင်ချက် ချပြီးနောက် တရားခံ လီနီလူကို ချက်ချင်း ကွပ်မျက်ရာနေရာသို့ ခေါ်ဆောင်သွားပြီး ကွပ်မျက်ခဲ့သည်” လို့ဖော်ပြထားသည်။

ပြီးခဲ့သည့် မတ် ၂၉ ရက်ကလည်း UWSA သည် လူသတ်မှုကျူးလွန်သည့် အမျိုသား ၄ ဦးကို ပန်ဆန်းတွင် သေဒဏ်ချမှတ်ခဲ့သေးသည်။

#MeKongNews
#မိုင်းပေါက်တွင်
#လုယက်၊
#လူသတ်
#အလောင်းဖျောက်
#သေဒဏ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now