မဲခေါင်၊ မတ် ၃၁
အစိုးရ၏ ဌာနဆိုင်ရာ ဝန်ထမ်းများ ခန့်အပ်ရာတွင် ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ပြီးသူများ၏ အသက်ကို ဌာနကန့်သတ်ချက် အသက်ထက် လျှော့ပေါ့လက်ခံရန် စစ်ကောင်စီ၏ အစိုးရအဖွဲ့ရုံးက ပြည်နယ်၊ တိုင်းအစိုးရများထံ မကြာသေးမီက ညွှန်ကြားခဲ့ကြောင်း သိရသည်။
ယင်းညွှန်ကြားစာတွင် ဝန်ကြီးဌာနနှင့် အဖွဲ့အ စည်းအသီးသီးတို့တွင် လစ်လပ်လျက်ရှိသော စတင်ခန့်ရာထူးနေရာများတွင် ပြင်ပပုဂ္ဂိုလ် ခန့်ထားရန် ကြော်ငြာခေါ်ယူခြင်း၊ အသက်ကန့်သတ်ချက် သတ် မှတ်ခြင်းများ ဆောင်ရွက်ရာ၌ ဌာနအလိုက် မူလသတ်မှတ်ထားသော အသက်ထက် ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပြွန်စွာထမ်းဆောင်ပြီး ပုံစံ ၁၂ လက်မှတ် ရရှိသူများကို စစ်မှုထမ်းဆောင်ခဲ့သည့်ကာလ ၂ နှစ်နှင့် စစ်မှုထမ်းဆောင်ပြီး အလုပ်အကိုင်ရရှိရေး ဆက်သွယ် လျှောက်ထားသည့်ကာလကို ၁ နှစ်သတ်မှတ်ပြီး ဌာနသတ်မှတ် အသက်ထက် ၃ နှစ်တိုးမြှင့်၍ လက်ခံ ဆောင်ရွက်ပေးနိုင်ရန်ဟု ပါရှိကြောင်း တွေ့ရသည်။
“ဒီစာအရဆို ပစတွေက အလုပ်ကန့်သတ်ချက်ထက် ၃ နှစ်ကြီးလို့ရတဲ့ အနေအထားပဲ၊ ဒါပေမယ့် နိုင်ငံခြား အလုပ်အကိုင်မှာတော့ အကျုံးမဝင်ဘူး။ ပစ တွေလျှောက်လာရင်သာ ဦးစားပေးရမယ်လို့ ပြောထားတာ”ဟု ပြည်ပအလုပ်အကိုင် ရှာဖွေရေးကုမ္ပဏီတစ်ခုက ပြောသည်။
စစ်ကောင်စီက ၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါရီလက အတည်ပြုပြီး ဧပြီလတွင် စတင်ခဲ့သည့်ပြည်သူ့စစ်မှုထမ်း အပတ်စဥ်၁သည်လာမည့် ဧပြီနောက်တုံးပတ်တွင် သတ်မှတ်ကာလ ၂နှစ်ပြည့်မည်ဖြစ်သည်။
လက်ရှိတွင် ပြည်သူ့စစ်မှုထမ်း အပတ်စဥ် (၂၃) ကို ဖွင့်လှစ်ထားသည်။
#MeKongNews
#ဝန်ထမ်း
#စစ်မှုထမ်း
#အသက်
#လျှော့ပေါ့
#စစ်ကောင်စီ








