မဲခေါင်၊ မတ် ၁၉
မတ်လ ၂၀ရက် နံနက်ဖြန်မှ စတင်ရောင်းချမည့် စစ်ကောင်စီ၏ စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းမှာ ရန်ကုန်မြို့တွင် ၉၂ တစ်လီတာလျှင် ကျပ် ၃၆၁၀ နှင့် ၉၅ တစ်လီတာလျှင် ကျပ် ၃၈၅၀ အထိ တိုးမြှင့်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ မတ်လ ၁၉ရက်တွင် ရန်ကုန်မြို့၌ ၉၂ တစ်လီတာလျှင် ကျပ် ၂၈၃၀ နှင့် ၉၅ တစ်လီတာလျှင် ကျပ် ၂၉၃၀ ရောင်းချနေရာမှ ယခုကဲ့သို့ ရုတ်တရက် ခုန်တက်လာခြင်းဖြစ်သည်။
အခြားမြို့နယ်များတွင်လည်း ၉၂၊ ၉၅ ဓာတ်ဆီများ တစ်လီတာလျှင် ကျပ် ၈၀၀နှင့် ကျပ် ၉၀၀ အကြားတက်မည်ဖြစ်ကြောင်း သိရဿည်။
ဒီဇယ်အနေဖြင့် ရန်ကုန်မြို့တွင် HSD (500 ppm) တစ်လီတာလျှင် ကျပ်၃၂၀၅ ရောင်းချနေရာမှ မတ်လ ၂၀ ရက်မှ စတင်ကာ တစ်လီတာလျှင် ကျပ် ၄၃၉၀၊ HSD (50 ppm)နှင့် HSD (10 ppm) တစ်လီတာလျှင် ကျပ်၃၅၆၀ ရောင်းချနေရာမှ မတ်လ ၂၀ ရက်မှ စတင်ကာ တစ်လီတာလျှင် ကျပ် ၄၈၂၀ သို့လည်ကောင်း တိုးမြှင့်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
အရှေ့အလယ်ပိုင်းအရေးဖြစ်ပွားသည့် ရက်ပေါင်း ၂၀ ခန့်အတွင်း မြန်မာစစ်ကောင်စီက စက်သုံးဆီဈေး တိုးမြှင့်ရောင်းချခြင်းမှာ ယခုတစ်ကြိမ်တွင် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်က တစ်လီတာလျင် ကျပ် ၃၀၀ ခန့်သာ ဈေးတက်ခဲ့သည်။
တက်သွားသည့် ဈေးနှုန်းများကို မြို့နယ်အလိုက် နှိုင်းယှဉ်နိုင်ရန် ဖော်ပြထားပါသည်။
#MeKongNews
#စက်သုံးဆီ
#ဈေးတက်
#ဒီဇယ်
#စစ်ကောင်စီ








