နေ့စဥ်သတင်း

ပင်းပက်သံမဏိစက်ရုံ ပြန်လည်လည်ပတ်ရေးအတွက် အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်စက်ရုံများ စစ်ကောင်စီ စတင်လည်ပတ်

မဲခေါင် 9 Mar - 2026
မဲခေါင်၊ မတ် ၉ စစ်ကောင်စီနှင့် ရုရှားတို့ ပူးပေါင်းကာ လည်ပတ်ရန် ကြိုးစားနေသည့် ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စုရှိ အမှတ် (၂) ပင်းပက်သံမဏိစက်ရုံ ပြန်လည် လည်ပတ်ရေးအတွက် အောက်စီဂျင် နှင့် နိုက်ထရိုဂျင် ဓာတ်ငွေ့ ၂ မျိုးအား စတင်ထုတ်နေပြီ ဖြစ်ကြောင်း သိရသည်။ ယင်းအမှတ်(၂) ပင်းပက် သံမဏိစက်ရုံတွင် အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင် ဓာတ်ငွေ့များကို စီးပွားဖြစ် စတင်ထုတ်လုပ်သည့် အလုပ်ရုံ (Air Separation Plant) စီးပွားဖြစ် စတင်လည်ပတ်ခြင်း အခမ်းအနားကို စစ်ကောင်စီ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်အောင် ဦးဆောင်ကာ မတ် ၈ ရက် မွန်းလွဲပိုင်းတွင် ကျင်းပခဲ့သည်။

မဲခေါင်၊ မတ် ၉

စစ်ကောင်စီနှင့် ရုရှားတို့ ပူးပေါင်းကာ လည်ပတ်ရန် ကြိုးစားနေသည့် ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စုရှိ အမှတ် (၂) ပင်းပက်သံမဏိစက်ရုံ ပြန်လည် လည်ပတ်ရေးအတွက် အောက်စီဂျင် နှင့် နိုက်ထရိုဂျင် ဓာတ်ငွေ့ ၂ မျိုးအား စတင်ထုတ်နေပြီ ဖြစ်ကြောင်း သိရသည်။

ယင်းအမှတ်(၂) ပင်းပက် သံမဏိစက်ရုံတွင် အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင် ဓာတ်ငွေ့များကို စီးပွားဖြစ် စတင်ထုတ်လုပ်သည့် အလုပ်ရုံ (Air Separation Plant) စီးပွားဖြစ် စတင်လည်ပတ်ခြင်း အခမ်းအနားကို စစ်ကောင်စီ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်အောင် ဦးဆောင်ကာ မတ် ၈ ရက် မွန်းလွဲပိုင်းတွင် ကျင်းပခဲ့သည်။

ယင်းဓာတ်ငွေ့များသည် သံနှင့် သံမဏိထုတ်လုပ်ရာတွင် အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုဖြစ်ပြီး စစ်ကောင်စီက ရုရှားနှင့် ပူးပေါင်း၍ ပင်းပက် သံမဏိစက်ရုံကို ပြန်လည်လည်ပတ်နိုင်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ရှမ်းပြည်အခြေစိုက် သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှား အမျိုးသမီးတစ်ဦးက သုံးသပ်သည်။

“အောက်ဆီဂျင်နဲ့ နိုက်ထရိုဂျင် ဓာတ်ငွေ့တွေက သံ၊ သံမဏိထုတ်လုပ်ရာမှာ အရေးကြီးတဲ့ မဖြစ်မနေအခန်းကဏ္ဍမှာပါတယ်။ အောက်စီဂျင်က မီးပြင်းဖို့အားပေးတယ်၊ တခြားဓာတ်သတ္ထုတွေသန့်စင်ပေးနိုင်တယ်။ နိုက်ထရိုဂျင်ကကျတော့ လောင်ကျွမ်းပြီး ပေါက်ကွဲတာကိုကာကွယ်နိုင်ဖို့နဲ့ သံရည်ပူတွေကို အအေးပေးတဲ့ နေရာမှာ မရှိမဖြစ်သုံးရတဲ့အရာဖြစ်တယ်။ အခု ဓာတ်ငွေ့ထုတ်လုပ်တာက သံမဏိစက်ရုံပြန်လည် လည်ပတ်ရေးအတွက် အချက်ပြလိုက်တဲ့သဘောပဲလို့ မြင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ပင်းပက် သံမဏိစက်ရုံ စီမံကိန်းကြောင့် ယခင်က ဒေသခံများ၏ မြေဧက ထောင်ချီ သိမ်းယူခံခဲ့ရပြီး ဒေသခံအချို့သည် လျော်ကြေး မရရှိခြင်းနှင့် အသက်မွေးဝမ်းကျောင်း နှင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများ ရှိခဲ့ကြောင်း ဒေသခံများနှင့် PYO ပအိုဝ်းလူငယ်အစည်းအရုံးက ပြုစုတင်ပြထားသော မှတ်တမ်းများအရ သိရသည်။

စက်ရုံပြန်လည် လည်ပတ်ပါက သဘာဝပတ်ဝန်းကျင် ထိခိုက်မှု များပြားပြီး ဒေသခံများ ဘေးထွက်ဆိုးကျိုးများကို ခံစားရမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီးက ထောက်ပြသည်။

“သဘာဝပတ်ဝန်းကျင် အနေနဲ့ကြည့်မယ် ဆိုရင်လည်း လူထုကိုရော၊ ပတ်ဝန်းကျင်ကိုရော တော်တော်လေးထိခိုက်နိုင်ပါတယ်။ စက်ရုံကထွက်လာတဲ့ ဓာတ်ငွေ့နဲ့ စွန့်ပစ်အညစ်အကြေးက အနားမှာရှိတဲ့ နမ့်တဘက်ချောင်းကို စီးမယ်ဆိုရင် ဒေသခံတွေရဲ့စိုက်ပျိုးမြေတွေ ပျက်စီးပြီး ရေကိုသုံးနေရတဲ့အတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာနဲ့ အသည်း၊ ကျောက်ကပ်ကျန်းမာရေး ထိခိုက်တာတွေဖြစ်နိုင်တယ်။ နမ့်တဘက်ချောင်းရေထဲ စိုက်တဲ့ နောင်မွန်ရှမ်းဆန်မျိုးဆိုရင် ဓာတုပစ္စည်းတွေအများကြီးပါလာတာမျိုး ဖြစ်သွားနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းစက်ရုံကို ယခင်အစိုးရ လက်ထက်တွင် သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးဆိုင်ရာ ပြဿနာများကြောင့် ရပ်နားထားခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်ကတည်းက စစ်ကောင်စီက ရုရှားကုမ္ပဏီများနှင့် ပူးပေါင်းကာ ပြန်လည်လည်ပတ်နိုင်ရေးအတွက် အမှတ်(၁) သံမဏိစက်ရုံနှင့် တိုက်ရိုက်ရထားလမ်းဖောက်လုပ်ခြင်း၊ ရုရှားမှပညာရှင်များပြန်လည် ခေါ်ယူပြီး သံမဏိထုတ်ရန် ကြိုးပမ်းနေကြခြင်း ဖြစ်ကြောင်း သိရသည်။

#MeKongNews
#ပင်းပက်
#သံမဏိစက်ရုံ 
#စစ်ကောင်စီ
#ရုရှား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now