နေ့စဥ်သတင်း

အင်းလေးဒေသတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် PNA စစ်ခေါင်းဆောင် ဆရာဖေ ယာဉ်တိုက်မှုဖြင့် သေဆုံး

မဲခေါင် 18 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၁၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးဒေသတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် PNA စစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဆရာဖေ (ခ) ဗိုလ်ကြီးဖေသည် ယမန်နေ့ ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်းတွင် ယာဉ်တိုက်မှုဖြစ်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ရရှိသည့် သတင်းများအရ ၎င်းသည် အရက်မူးပြီး ဆိုင်ကယ်စီးလာစဉ် မိုင်းသောက်ကျေးရွာအနီး အင်းလေး အရှေ့ကန်ပတ်လမ်းပေါ်တွင် လမ်းကြောင်းမှားကာ တစ်ဖက်မှလာသော ကားတစ်စီးနှင့် တိုက်မိခဲ့သဖြင့် ဒဏ်ရာ အပြင်းအထန်ရကာ အခင်းဖြစ်ပွားရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။ ၎င်းသည် အင်းလေးတောင်ပိုင်း နန်းတုတ်၊ ဆောင်နန်းခဲ၊ ရေပူ၊ ဘုရားတောင်ကျေးရွာများကို မီးရှို့စဥ်က ဦးဆောင်ခဲ့သူ ဖြစ်ကြောင်း ဒေသခံများထံမှ

မဲခေါင်၊ ဖေဖော်ဝါရီ ၁၈

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးဒေသတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် PNA စစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဆရာဖေ (ခ) ဗိုလ်ကြီးဖေသည် ယမန်နေ့ ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်းတွင် ယာဉ်တိုက်မှုဖြစ်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရရှိသည့် သတင်းများအရ ၎င်းသည် အရက်မူးပြီး ဆိုင်ကယ်စီးလာစဉ် မိုင်းသောက်ကျေးရွာအနီး အင်းလေး အရှေ့ကန်ပတ်လမ်းပေါ်တွင် လမ်းကြောင်းမှားကာ တစ်ဖက်မှလာသော ကားတစ်စီးနှင့် တိုက်မိခဲ့သဖြင့် ဒဏ်ရာ အပြင်းအထန်ရကာ အခင်းဖြစ်ပွားရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။

၎င်းသည် အင်းလေးတောင်ပိုင်း နန်းတုတ်၊ ဆောင်နန်းခဲ၊ ရေပူ၊ ဘုရားတောင်ကျေးရွာများကို မီးရှို့စဥ်က ဦးဆောင်ခဲ့သူ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ဆရာဖေက အင်းလေးဒေသမှာ စစ်သားစုဆောင်းတာတွေ၊ ရွာသားနေအိမ်တွေကို ဖျက်ဆီးတာတွေမှာ ပါဝင်ခဲ့သူပါ။ စစ်တပ်ရဲ့ တရားမဝင် ရွေးကောက်ပွဲ လုပ်တဲ့အချိန်မှာလည်း ဒေသခံတွေကို ဖိအားပေး၊ ခြိမ်းခြောက်ခဲ့သူ ဖြစ်တယ်။ သူ့ကြောင့် စစ်တပ်ထဲ ရောက်သွားသူတွေ အများကြီးရှိခဲ့ပြီး လူထုက အရမ်း ကြောက်ခဲ့ရပါတယ်” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

၎င်းသေဆုံးမှုကို ရှေးလူကြီးများ ပြောလေ့ရှိသည့် “မိမိပြုသည့်ကံ မိမိထံ ပြန်လာသည်”ဟု ဆိုရိုးအတိုင်း သာမန် မတော်တဆမှုတစ်ခု မဟုတ်ဘဲ ကျိန်စာသင့်ခြင်းသာ ဖြစ်ကြောင်း အင်းလေးဒေသခံများက ပြောဆိုကြသည်။

၎င်းသည် တော်လှန်ရေးအဖွဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ဆောင်နန်းခဲတွင် သေဆုံးခဲ့သော ယခင် PNA ခေါင်းဆောင်တစ်ဦးဖြစ်သူ နောင်စိုင်း၏ နေရာကို ဆက်ခံခဲ့သူ ဖြစ်ကြောင်းလည်း သိရသည်။

ဆရာဖေသည် အိမ်မူရွာသူကြီး ဆရာလာ ဆိုသူက PNA အတွက် နွားခွန်ကောက်ရန် ၎င်းကို တာဝန်ပေးစဥ် ပင်လောင်းနယ်ထိန်းရဲနှင့် အဝေမတည့်သဖြင့် ဖမ်းဆီးခံရကာ ထောင်မှ ထွက်လာပြီးနောက် PNA ဖြစ်လာသူဟု ဆိုသည်။

ထို့နောက် ဆရာရင်းဖြစ်သူ ဆရာလာ သည် ဖယ်ခုံရှိ သိုင်းဆရာတစ်ဦး၏ ဇနီးကို ခိုးယူ ပေါင်းသင်းသဖြင့် ရွာသားတစ်ဦး၏ တူမီးလက်ချက်ကြောင့် သေဆုံးပြီးနောက် ဆရာလာ နေရာကို ၎င်း၏သား နောင်စိုင်းက ဆက်ခံခဲ့ပြီး PNA ကို အထောက်အပံ့ ပြုခဲ့သည်ဟု ဆိုသည်။

PNA ခေါင်းဆောင်ဖြစ်လာသူ နောင်စိုင်းသည်လည်း စစ်ကောင်စီ၏ အားပေးမှုဖြင့် သစ်မှောင်ခိုနှင့် မူးယစ်ဆေးလုပ်ငန်းများ လုပ်ကိုင်ကာ ပြည်သူများကို နှိပ်စက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ နောင်စိုင်းနေရာကို ဆက်ခံသူ ဆရာဖေသည် ရေပူကျေးရွာ နှင့် ဘုရားတောင်ကျေးရွာများတွင် နေအိမ်များကို မီးရှို့ဖျက်ဆီးရာ၌ ဦးဆောင်ခဲ့သူဖြစ်ပြီး စစ်ကောင်စီ၏ အကြိုက်အလိုက် လှုပ်ရှားကာ သစ်မှောင်ခိုလုပ်ငန်းနှင့် မူးယစ်ဆေးဝါးလုပ်ငန်းများကို အကာအကွယ်ပေး လုပ်ကိုင်ပေးခဲ့သူလည်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“သူတစ်ပါးအိမ်ကို မီးရှို့၊ သူတစ်ပါးပစ္စည်းကို လုယက်ခဲ့တဲ့ လက်တွေဟာ နောက်ဆုံးမှာတော့ သွေးအိုင်ထဲမှာပဲ နိဂုံးချုပ်သွားရတယ်” ဟု ဒေသခံတစ်ဦးက မှတ်ချက်ပေးသည်။

ထို့ပြင် PNA ထောက်တိုင် ဆရာဖေနှင့် ဆရာဆောင်တို့၏ ဖိအားပေးမှုကြောင့် ရေပူတစ်ရွာလုံး PNA ထဲသို့ အတင်းအဓမ္မ ဝင်ရောက်ခဲ့ရကြောင်း သိရသည်။

ဘုရားတောင်ကျေးရွာကို မီးရှို့ဖျက်ဆီးခြင်းနှင့် ရွာသားများ၏ အိုးခွက်ပန်းကန်မကျန် လုယက် ယူငင်ခြင်းများ၏ နောက်ကွယ်တွင် ဆရာဖေသည် အဓိကလက်သည် ဖြစ်သည်ဟု အမှတ် – ၁၀၀၉ အင်းလေး PDF က ပြောသည်။

အငယ်အနှောင်း များစွာယူထားကာ အကြွေးနွံနစ်နေသည့် ဆရာဖေသည် နောက်ဆုံးအချိန်အထိ အပျော်အပါးနှင့် အရက်သေစာနောက်သို့သာ လိုက်နေခဲ့သည်ဟုလည်း ဒေသခံများက ဆိုကြသည်။

လက်ရှိတွင် အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာဘက်မှ စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေပြီး PNA အဖွဲ့အတွင်း၌လည်း ခေါင်းဆောင်ပိုင်း လစ်ဟင်းမှုကြောင့် အတွင်းရေး ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

#MeKongNews
#အင်းလေးဒေသ
#PNA
#စစ်ခေါင်းဆောင်
#ဆရာဖေ
#သေဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now