နေ့စဥ်သတင်း

စစ်ကောင်စီ အကြမ်းဖက်မှုကြောင့် တစ်လအတွင်း ကရင်နီပြည်သူ ၄ ဦး သေဆုံး

မဲခေါင် 11 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၁၁ စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဇန်နဝါရီ တစ်လအတွင်း ကရင်နီပြည်သူ အမျိုးသား ၄ ဦးသေဆုံးခဲ့ရသည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ – KnHRG က သတင်းထုတ်ပြန်သည်။ သေဆုံးခဲ့သူများအနက် ၂ ဦးမှာ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ပြီး လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် တစ်ဦးနှင့် မိုင်းနင်းမိမှုကြောင့် တစ်ဦးဖြစ်သည်ဟု KnHRG ကဆိုသည်။ ထို့ပြင် စစ်ကောင်စီ၏ အကြမ်း ဖက်မှုများကြောင့် ကရင် နီပြည်သူ အမျိုးသား ၇ ဦး၊ က လေး၃ ဦးနှင့် အမျိုးသား၊ အ မျိုးသမီး မသိရသူ ၅ ဦးလည်း ထိ ခိုက်ဒဏ်ရာရခဲ့သည်ဟု

မဲခေါင်၊ ဖေဖော်ဝါရီ ၁၁

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဇန်နဝါရီ တစ်လအတွင်း ကရင်နီပြည်သူ အမျိုးသား ၄ ဦးသေဆုံးခဲ့ရသည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ – KnHRG က သတင်းထုတ်ပြန်သည်။

သေဆုံးခဲ့သူများအနက် ၂ ဦးမှာ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ပြီး လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် တစ်ဦးနှင့် မိုင်းနင်းမိမှုကြောင့် တစ်ဦးဖြစ်သည်ဟု KnHRG ကဆိုသည်။

ထို့ပြင် စစ်ကောင်စီ၏ အကြမ်း ဖက်မှုများကြောင့် ကရင် နီပြည်သူ အမျိုးသား ၇ ဦး၊ က လေး၃ ဦးနှင့် အမျိုးသား၊ အ မျိုးသမီး မသိရသူ ၅ ဦးလည်း ထိ ခိုက်ဒဏ်ရာရခဲ့သည်ဟု KnHRG က ကောက်ယူထားသည့် စာရင်းတွင် ဖော်ပြသည်။

ဇန်နဝါရီလအတွင်း စစ်ကောင်စီနှင့်လက်အောက်ခံ PNO ပြည်သူ့ စစ်က ကရင်နီပြည်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ၂၅ ကြိမ် ပြုလုပ်ခဲ့ကြပြီး ယင်းတွင် ပြည်သူလူထုနေ အိမ် ၆၉ လုံး၊ ဘာသာရေး အ ဆောက်အဦး ၃ လုံး၊ စာသင် ကျောင်း ၄ ကျောင်း၊ ပြည်သူပိုင် အဆောက်အဦးတစ်လုံး ပျက်စီးခဲ့ရသည်ဟုလည်း KnHRG ၏ ထုတ်ပြန်ချက်တွင်တွေ့ရသည်။

ထိုပျက်စီးသွားသည့် ပြည်သူနေ အိမ်များအနက် နေအိမ် ၄၈ လုံးမှာ စစ်ကောင်စီနှင့် PNO က ၃ ကြိမ်တိုင်တိုင် မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ပြီး နေအိမ်အတွင်းရှိ ပစ္စ ည်းများကိုလည်း စစ်ကောင်စီနှင့် PNO က ခိုးယူသွားခဲ့ကြသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ကရင်နီပြည်အတွင်း စစ်ကောင်စီ ၏ လူ့အခွင့်အရေးချိုးဖောက်မှု ဆက်လက်ဖြစ်ပွား မြင့်တက်လာနေခြင်းသည် ပြည်သူလူထု၏ လုံ ခြုံရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာနေ သည်ဟု KnHRG က ပြောသည်။

ထို့ကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှု ခံစားနေရသော လူထုအတွက် တရားမျှတမှု ပြန်လည် ရရှိနိုင်စေရေး လုံခြုံရေးအကာအ ကွယ် ပေးနိုင်သော တိုင်ကြားမှု ဖြေရှင်းရေး ယန္တရားတစ်ရပ် တည်ဆောက်ရန် လိုအပ်သည်ဟုလည်း KnHRG က ထုတ်ပြန်ချက်တွင် အကြုံပြု တိုက် တွန်းထားသည်။

#MeKongnews
#စစ်ကောင်စီ
#အကြမ်းဖက်မှု
#ကရင်နီပြည်သူ
#သေဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now