နေ့စဥ်သတင်း

ဗိုက်ပူနေသည့် ဟိုပုံး စစ်သင်တန်းကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သန့်ထင်စိုးဓာတ်ပုံများ စစ်ကောင်စီမီဒီယာများတွင် မသုံးရန် ညွှန်ကြားခံရ

မဲခေါင် 7 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၇ စစ်မှုထမ်းလူသစ်များကို သင်တန်းပေးနေသည့် ကျောင်းများထဲမှ တစ်ကျောင်းဖြစ်သည့် ဟိုပုံးမြို့ စစ်တပ်ကွန်ပြူတာနှင့် နည်းပညာသိပ္ပံကျောင်း၏ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သန့်ထင်စိုးမှာ ဗိုက်ပူနေသည့်အတွက် စစ်ကောင်စီဝါဒဖြင့် မီဒီယာများဖြစ်သည့် မြန်မာ့အလင်း၊ ကြေးမုံနှင့် Global New Light of Myanmar တို့တွင် အသုံးမပြုရန် ညွှန်ကြားခံရကြောင်း စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ဖေဖော်ဝါရီလ ၆ရက်က စစ်ကောင်စီ၏ စစ်မှုထမ်းလူသစ် အပတ်စဉ် (၁၉) သင်တန်းဆင်းပွဲများ ကျင်းပရာ ကျောင်းအုပ်ကြီးအချို့မှာ ဗိုက်ပူနေသည့်အတွက် ဓာတ်ပုံမသုံးရန် ညွှန်ကြားခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “ဗိုက်ပူတဲ့ကျောင်းအုပ်ကြီးတွေပုံ မသုံးနဲ့ပေါ့ဗျာ။ သိက္ခာကျလို့ပေါ့။ အဲဒီထဲမှာ ဟိုပုံးကျောင်းအုပ်ကတော့ ဘိုင်နိမ်း (အမည်တပ်)

မဲခေါင်၊ ဖေဖော်ဝါရီ ၇

စစ်မှုထမ်းလူသစ်များကို သင်တန်းပေးနေသည့် ကျောင်းများထဲမှ တစ်ကျောင်းဖြစ်သည့် ဟိုပုံးမြို့ စစ်တပ်ကွန်ပြူတာနှင့် နည်းပညာသိပ္ပံကျောင်း၏ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သန့်ထင်စိုးမှာ ဗိုက်ပူနေသည့်အတွက် စစ်ကောင်စီဝါဒဖြင့် မီဒီယာများဖြစ်သည့် မြန်မာ့အလင်း၊ ကြေးမုံနှင့် Global New Light of Myanmar တို့တွင် အသုံးမပြုရန် ညွှန်ကြားခံရကြောင်း စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

ဖေဖော်ဝါရီလ ၆ရက်က စစ်ကောင်စီ၏ စစ်မှုထမ်းလူသစ် အပတ်စဉ် (၁၉) သင်တန်းဆင်းပွဲများ ကျင်းပရာ ကျောင်းအုပ်ကြီးအချို့မှာ ဗိုက်ပူနေသည့်အတွက် ဓာတ်ပုံမသုံးရန် ညွှန်ကြားခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဗိုက်ပူတဲ့ကျောင်းအုပ်ကြီးတွေပုံ မသုံးနဲ့ပေါ့ဗျာ။ သိက္ခာကျလို့ပေါ့။ အဲဒီထဲမှာ ဟိုပုံးကျောင်းအုပ်ကတော့ ဘိုင်နိမ်း (အမည်တပ်) နဲ့ကို ညွှန်ကြားခံရတယ်။ အဲဒီကျောင်းအုပ်ဗိုက်ပူနေတယ်။ ပုံမသုံးနဲ့ပေါ့။ ဒီနေ့သတင်းစာတွေထဲ ကြည့်လိုက်ပါလား၊ ကျောင်းအုပ်ကြီးတွေပုံ တစ်ပုံမှ မပါဘူး” ဟု ၎င်းက ပြောသည်။

ယနေ့ ဖေဖော်ဝါရီလ ၇ရက်ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင် စစ်မှုထမ်း အပတ်စဉ် (၁၉) သင်တန်းဆင်းပွဲ သတင်း ဖော်ပြသော်လည်း ကျောင်းအုပ်ကြီးများပုံမပါဘဲ တပ်သားသစ်များ၏ ဓာတ်ပုံများကိုသာ ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။

ဟိုပုံး ကျောင်းအုပ်ကြီးနည်းတူ ကျိုင်းတောင်းမြို့အခြေစိုက် တတက (၃) ကျောင်းအုပ်ကြီးမှာလည်း ဗိုက်ပူသည့်အတွက် ဓာတ်ပုံ အသုံးမပြုရန် ညွှန်ကြားခံရကြောင်း သိရသည်။

ဟိုပုံးကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သန့်ထင်စိုးသည် ၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA ထံတွင် လက်နက်ချ အညံ့ခံပြီး ပြန်လည်လွတ်မြောက်လာသူဖြစ်ပြီး လက်ရှိတွင် ကုန်တင်ကားများထံမှ လာဘ်စားမှု၊ တပ်တွင်းလာဘ်စားမှုများဖြင့် နာမည်ဆိုးထွက်နေသူတစ်ဦးလည်း ဖြစ်သည်။

#MeKongNews
#ဟိုပုံး
#ဗိုလ်မှူးချုပ်သန့်ထင်စိုး
#ဗိုက်ပူ
#သတင်းစာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now