မဲခေါင်၊ ဖေဖော်ဝါရီ ၅
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့ နယ်၊ အနောက်ခြမ်းဒေသတွင် အ ရှိန်ဖြင့် မောင်းနှင်လာသော ကားတစ်စီး တိုက်မိသဖြင့် စစ်ဘေးရှောင် ကလေးငယ်တစ်ဦးကို သေ ဆုံးသွားခဲ့ကြောင်း ဒေသခံများထံ မှ သိရသည်။
ဖေဖော်ဝါရီလ ၄ ရက် နံနက်ပိုင်းတွင်ယင်းဖြစ်စဥ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူမှာ အသက် ၆ နှစ်အ ရွယ် မောင်မင်းသူရိန် ဖြစ် ကြောင်း သိရသည်။
“သူတို့က စစ်ဘေးရှောင်ရတာ ၃ နှစ်လောက်ရှိပြီ။ မိသားစုကလည်း ၃ ယောက်ပဲ ရှိတာ။ စစ်ရှောင်တဲ့နေရာလည်း ခဏခဏ ပြောင်းရတော့ အဲဒီကလေးရဲ့အ ဖေက ဆုံးသွားတာ လပိုင်းပဲ ရှိသေးတယ်။ အခု သားဖြစ်သူက ကားတိုက်ခံရပြီး ထပ်ဆုံးတယ်။ အခုဆို အမေဖြစ်သူ တစ်ယောက်ပဲ ကျန်တော့တယ်။ စိတ်လည်း မကောင်းပါဘူး” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ကားတိုက်ခံရပြီးနောက် မောင် မင်းသူရိန်ကို ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့သော်လည်း ကားတိုက်သည့် အရှိန်ပြင်းပြီး ဒဏ်ရာ ပြင်းထန်သောကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့်နှစ် ဇွန်လ ၂ ရက်ကလည်း ကရင်နီပြည် နယ်၊ ဒီးမော့ဆို အနောက်ခြမ်းတွင် ကားတစ်စီးနှင့် ဆိုင်ကယ် ၂ စီး တိုက်မိပြီး လူတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ် ရှိခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
#MeKongnews
#ဖယ်ခုံ
#စစ်ရှောင်
#ကလေးတစ်ဦး
#ကားတိုက်ခံရ
#သေဆုံး








