နေ့စဥ်သတင်း

စစ်ကောင်စီ အကြမ်းဖက်မှုကြောင့် ကရင်နီပြည်တွင် တနှစ်အတွင်း ပြည်သူ ၁၄၃ ဦးသေဆုံးခဲ့

မဲခေါင် 5 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၅ ပြီးခဲ့သည့် ၂၀၂၅ခုနှစ်အတွင်း စစ်ကောင်စီနှင့်စစ်အပေါင်းအပါ ပြည်သူ့စစ်တို့၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ကရင်နီပြည်တွင် ပြည်သူ ၁၄၃ ဦးသေဆုံးခဲ့ရသည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ – KnHRG က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။ KnHRG က ကောက်ယူထားသည့် အချက်အလက်အရ သေဆုံးခဲ့ရသည့် ပြည်သူများတွင် ကလေး ၁၄ ဦး၊ အမျိုးသား ၈၃ ဦး၊ အ မျိုးသမီး ၃၇ ဦးနှင့် လိင်မခွဲခြားနိုင်သူ ၉ ဦး ပါဝင်သည်။ ယင်းသေဆုံးခဲ့ရသည့်ပြည်သူများသည် စစ်ကောင်စီ၏ မတရားဖမ်း ဆီးခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲသတ်ဖြတ်ခြင်း၊ မိုင်းနင်းမိခြင်း၊ ပစ်ခတ်သတ်​ဖြတ် ခြင်းတို့ကြောင့်

မဲခေါင်၊ ဖေဖော်ဝါရီ ၅

ပြီးခဲ့သည့် ၂၀၂၅ခုနှစ်အတွင်း စစ်ကောင်စီနှင့်စစ်အပေါင်းအပါ ပြည်သူ့စစ်တို့၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ကရင်နီပြည်တွင် ပြည်သူ ၁၄၃ ဦးသေဆုံးခဲ့ရသည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ – KnHRG က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

KnHRG က ကောက်ယူထားသည့် အချက်အလက်အရ သေဆုံးခဲ့ရသည့် ပြည်သူများတွင် ကလေး ၁၄ ဦး၊ အမျိုးသား ၈၃ ဦး၊ အ မျိုးသမီး ၃၇ ဦးနှင့် လိင်မခွဲခြားနိုင်သူ ၉ ဦး ပါဝင်သည်။

ယင်းသေဆုံးခဲ့ရသည့်ပြည်သူများသည် စစ်ကောင်စီ၏ မတရားဖမ်း ဆီးခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲသတ်ဖြတ်ခြင်း၊ မိုင်းနင်းမိခြင်း၊ ပစ်ခတ်သတ်​ဖြတ်
ခြင်းတို့ကြောင့် သေဆုံးရခြင်းဖြစ် သည်။

၎င်းတို့အနက် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခြင်းကြောင့် သေဆုံးခဲ့ရသည့် ပြည်သူမှာ အများဆုံးဖြစ်ပြီး ကလေး ၇ ဦး၊ အမျိုးသား ၄၈ ဦး၊ အမျိုး သမီး ၂၅ ဦး၊ လိင်မခွဲခြားနိုင်သူ ၇ ဦးပါဝင်သည်။

ထို့ပြင် စစ်ကောင်စီ၏ လူ့အ ခွင့်အရေးချိုးဖောက်မှုများကြောင့် တနှစ်အတွင်း ကရင်နီပြည်တွင် ပြည်သူ ၄၇၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်နီလူ့အခွင့် အ ရေးအဖွဲ့၏ မှတ်တမ်းတွင်ဖော်ပြ သည်။

ထိုထိခိုက် ဒဏ်ရာရရှိမှုများသည် စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံး ကြဲခြင်း၊ လက်နက်ကြီးဖြင့်ပစ် ခတ်တိုက်ခိုက်ခြင်း မတရားဖမ်း ဆီးခြင်းတို့ကြောင့် ထိခိုက်မှုအ များဆုံးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

၂၀၂၅ခုနှစ်အတွင်း KnHRG က ကောက်ယူခဲ့သည့် မှတ်တမ်းများအရ ပြည်သူနေအိမ်များ၊ ဘာသာရေးအဆောက်အဦးများ၊ စာသင် ကျောင်းနှင့်ဆေးရုံ စသည်များလည်း အများအပြား ထိခိုက်ပျက် စီးခဲ့ရပြီး တနှစ်အတွင်း ပြည်သူ လူထုနေအိမ် ထိခိုက်ပျက်စီးမှုမှာ အများဆုံးဖြစ်ကာ နေအိမ် ၄၈၀ လုံး ထိခိုက်ပျက်စီးခဲ့သည်။

ထိုသို့သော စစ်ကောင်စီ၏ အ ကြမ်းဖက် လုပ်ရပ်များကို ရပ်တန့်နိုင်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းများအနေဖြင့် အရေးပေါ်အခြေ အနေ သတ်မှတ်ကာ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ရန်လိုကြောင်း KnHRG က ထုတ် ပြန်ကြေညာချက်တွင် တောင်းဆိုသည်။

ထို့ပြင် စစ်ကောင်စီ၏ အကြမ်း ဖက်မှုများနှင့် လေကြောင်းတိုက် ခိုက်မှုများကြောင့် ကရင်နီပြည်တွင် စစ်ဘေးရှောင်ပြည်သူ ၂ သိန်းကျော်ရှိပြီး စစ်ဘေးရှောင်ပြည်သူများကို အကူအညီပေးနိုင်ရန် နယ်စပ်ဖြတ်ကျော် လမ်း ကြောင်းများအပါအဝင် အရေးပေါ်လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကူအညီဆောင် ရွက်နိုင်ရေးညှိနှိုင်း ရန်လည်း KnHRG က နိုင်ငံတကာကိုတောင်းဆိုထား သည်။

စစ်ကောင်စီက ပြည်သူများအပေါ် လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်နေသဖြင့် ယင်းအကြမ်းဖက်လုပ် ရပ် အဆုံးသတ်ရန် စစ်ကောင်စီထံသို့ လေယာဉ်ဆီ ရောင်းချပေးမှုကို ပိတ်ပင်တားမြစ်ရန်နှင့် လေ ယာဉ်မပျံသန်းရဇုန်အဖြစ် သတ် မှတ်ပေးရန်လည်း KnHRG က ထုတ်ပြန်ချက်တွင် ပြောသည်။

#MeKongnews
#စစ်ကောင်စီ
#အကြမ်းဖက်
#ကရင်နီပြည်
#ပြည်သူ
#သေဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now