နေ့စဥ်သတင်း

တာချီလိတ်၌ အွန်လိုင်းမှ လိုင်စင်မဲ့ကားရောင်းချသူများကို ရဲက အသွင်ယူဖမ်းဆီး၊ လူ ၅ ဦး ကား ၃ စီး အဖမ်းခံရ

မဲခေါင် 2 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၂ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် လိုင်စင်မဲ့မော်တော်ယာဉ် (Without) ရောင်းချနေသူများကို တာချီလိတ်ရဲတပ်ဖွဲ့ဝင်များက ဝယ်ယူသူအဖြစ် ရုပ်ဖျက်အသွင်ယူကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း မဲခေါင်သတင်းဌာနက စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်က ဟောင်လိတ်နယ်မြေရဲစခန်းမှ စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင်များသည် ကားဝယ်ယူမည့်သူအဖြစ် အသွင်ယူကာ Facebook ပေါ်တွင် ကားရောင်းချသူများနှင့် ချိတ်ဆက်ခဲ့သည်။ ထို့နောက် ကားလာရောက်ရောင်းချသူများကို တာချီလိတ်မြို့အဝင် ဆိုင်းဘုတ်အနီးရှိ ဆေးခန်းရပ်ကွက်အတွင်း၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ “အခုတလော ရှမ်းပြည်နယ်မှာ အွန်လိုင်းပေါ် ကားရောင်းနေသူတွေကို Facebook အကောင့် Screenshot နဲ့ကို အထက်က ညွှန်ကြားချက်နဲ့ ဖမ်းနေတာလို့ ကြားတယ်။ အဓိက ဖမ်းမိတာက ကြားကပွဲစားလေးတွေပါ။ အခုဖမ်းမိတဲ့

မဲခေါင်၊ ဖေဖော်ဝါရီ ၂

လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် လိုင်စင်မဲ့မော်တော်ယာဉ် (Without) ရောင်းချနေသူများကို တာချီလိတ်ရဲတပ်ဖွဲ့ဝင်များက ဝယ်ယူသူအဖြစ် ရုပ်ဖျက်အသွင်ယူကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း မဲခေါင်သတင်းဌာနက စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်က ဟောင်လိတ်နယ်မြေရဲစခန်းမှ စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင်များသည် ကားဝယ်ယူမည့်သူအဖြစ် အသွင်ယူကာ Facebook ပေါ်တွင် ကားရောင်းချသူများနှင့် ချိတ်ဆက်ခဲ့သည်။ ထို့နောက် ကားလာရောက်ရောင်းချသူများကို တာချီလိတ်မြို့အဝင် ဆိုင်းဘုတ်အနီးရှိ ဆေးခန်းရပ်ကွက်အတွင်း၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“အခုတလော ရှမ်းပြည်နယ်မှာ အွန်လိုင်းပေါ် ကားရောင်းနေသူတွေကို Facebook အကောင့် Screenshot နဲ့ကို အထက်က ညွှန်ကြားချက်နဲ့ ဖမ်းနေတာလို့ ကြားတယ်။ အဓိက ဖမ်းမိတာက ကြားကပွဲစားလေးတွေပါ။ အခုဖမ်းမိတဲ့ လူငယ်အချို့ဆိုရင် ကားတစ်စီးရောင်းပေးမှ ဘတ် ၃,၀၀၀ လောက်ပဲ ရကြတာ။ တကယ်တော့ လိုင်စင်မဲ့ကားဆိုရင် ဌာနဆိုင်ရာအားလုံး စီးနေကြတာပဲ။ ဖမ်းတဲ့သူတွေတောင် Without စီးပြီး လာဖမ်းကြတာပါ” ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဇန်နဝါရီ ၂၆ ရက် တစ်ရက်တည်းတွင်ပင် လိုင်စင်မဲ့ကားရောင်းချသူ အမျိုးသား ၅ ဦးနှင့် ယာဉ် ၃ စီးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးစဉ်အတွင်း အွန်လိုင်း၌ ကြော်ငြာရောင်းချရာတွင် အသုံးပြုသည့် ဖုန်းများကိုပါ သိမ်းဆည်းခဲ့ပြီး ၎င်းတို့ကို ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၈) ဖြင့် အမှုဖွင့်အရေးယူထားသည်။

အလားတူ ဇန်နဝါရီ ၂၈ ရက်ကလည်း တောင်ကြီးမြို့တွင် အွန်လိုင်းမှ လိုင်စင်မဲ့ကားရောင်းချသူ ၂ ဦးကို ရဲတပ်ဖွဲ့က အသွင်ယူဖမ်းဆီးခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၈) ဖြင့်ပင် အမှုဖွင့်လှစ်ထားကြောင်း သိရှိရပါသည်။

#MeKongNews
#လိုင်စင်မဲ့ကား
#တာချီလိတ်
#အသွင်ယူဖမ်းဆီး
#အွန်လိုင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now