နေ့စဥ်သတင်း

ပင်ဖြစ်ဈေးတွင် အဆမတန် ပေးနေရသည့် ဈေးကောက်နှုန်း ထပ်တိုးမည်ကို ဈေးသည်များ စိုးရိမ်နေ

မဲခေါင် 2 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၂ ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့၊ ပင်ဖြစ်ဈေးမှ ဈေးကောက် လေလံရသူက လက်ရှိတွင် အဆမတန် ကောက်ခံနေသကဲ့သို့ ယခုနှစ်တွင် ဈေးနှုန်းများ ထပ်တိုးမည်ကို စိုးရိမ်နေရကြောင်း ဈေးသူ၊ ဈေးသားများထံမှ သိရသည်။ ယခင်ကပင် ဆိုင်ခန်းများအပေါ် ဈေးကောက် အဆမတန် ကောက်ခံနေမှုကြောင့် ဈေးသူ၊ ဈေးသားများမှာ နှစ်စဉ်လို စိတ်ဆင်းရဲနေရကြောင်း ဈေးသည်များက မဲခေါင်သို့ ပြောသည်။ ယင်းလေလံကို ဒေါ်လှမြင့်ကြည် ဆိုသူက နှစ်စဉ် ရယူထားသည့်အပြင် ယခု ၂၀၂၆ ခုနှစ်အတွက် လည်း အမြင့်ဆုံး လေလံဈေးဖြင့် ထပ်မံ ဆွဲယူထားရာ၊ လေလံဖိုးထွက်စေရန် ဈေးသည်များအပေါ် ဈေးနှုန်း တိုးမြှင့်ကောက်ခံမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။ “ဘယ်ဈေးနဲ့မှ

မဲခေါင်၊ ဖေဖော်ဝါရီ ၂

ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့၊ ပင်ဖြစ်ဈေးမှ ဈေးကောက် လေလံရသူက လက်ရှိတွင် အဆမတန် ကောက်ခံနေသကဲ့သို့ ယခုနှစ်တွင် ဈေးနှုန်းများ ထပ်တိုးမည်ကို စိုးရိမ်နေရကြောင်း ဈေးသူ၊ ဈေးသားများထံမှ သိရသည်။

ယခင်ကပင် ဆိုင်ခန်းများအပေါ် ဈေးကောက် အဆမတန် ကောက်ခံနေမှုကြောင့် ဈေးသူ၊ ဈေးသားများမှာ နှစ်စဉ်လို စိတ်ဆင်းရဲနေရကြောင်း ဈေးသည်များက မဲခေါင်သို့ ပြောသည်။

ယင်းလေလံကို ဒေါ်လှမြင့်ကြည် ဆိုသူက နှစ်စဉ် ရယူထားသည့်အပြင် ယခု ၂၀၂၆ ခုနှစ်အတွက် လည်း အမြင့်ဆုံး လေလံဈေးဖြင့် ထပ်မံ ဆွဲယူထားရာ၊ လေလံဖိုးထွက်စေရန် ဈေးသည်များအပေါ် ဈေးနှုန်း တိုးမြှင့်ကောက်ခံမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။

“ဘယ်ဈေးနဲ့မှ မတူဘဲ နှစ်တိုင်းလိုလို အရင်နှစ်တွေက တစ်နှစ်ကို သုံးကြိမ်လောက် တိုးကောက်တာ။ ၂၀၂၅ မှာ ပြဿနာမျိုးစုံ ဖြစ်ခဲ့တယ်။ တစ်နှစ်လုံးစာ တစ်ကြိမ်တည်း သတ်မှတ်ဈေး လုပ်ပေမဲ့လည်း လတိုင်းပေး၊ နေ့တိုင်းပေးရတဲ့ ပမာဏက တခြား ဈေးတွေထက် အရမ်းများနေပါတယ်” ဟု ဈေးကောက်နှုန်းနှင့် ပတ်သက်၍ ဈေးသည်တစ်ဦးက ပြောသည်။

ပင်ဖြစ်ဈေးရှိ ပျံကျ ၄ ပေပတ်လည် တစ်ခုံလျှင် သတ်မှတ်ဈေး ၃၀၀ ကျပ်သာ ရှိသော်လည်း ဒေါ်လှမြင့်ကြည်က ဈေးနေ့တွင် ၁၅၀၀ ကျပ်မှ ၂ ထောင်ကျပ်နှင့် ကြားရက်များတွင် တစ်ထောင်ကျပ်အထိ ကောက်ခံနေသည်ဟု ဆိုသည်။

ဆိုင်ခန်းများကိုမူ ဈေးနေ့တွင် ကျပ်တစ်သောင်းကျော်နှင့် ကြားရက်များတွင် ၆ ထောင်ကျပ်အထိ ကောက်ခံနေရာမှ ထပ်မံ တိုးမြှင့်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။

“အခု ၂၀၂၆ ကိုလည်း စည်ပင်မှာ ဘယ်သူမှ မပေးနိုင်တဲ့ဈေးနဲ့ သူပဲ ထပ်ဆွဲထားတယ်လို့ သိရတယ်။ ဈေးသည်တွေ ဘယ်သူ့ အကူအညီ တောင်းတောင်း နောက်ဆုံးကျတော့ လူကြီးတွေက ဈေးကောက်ဘက်ကပဲ ပါကြတာများတယ်။ အခုက သီးနှံဈေးတွေ မကောင်းတော့ ဈေးရောင်းရတာလည်း မကောင်းဘူး။ ဈေးမရောင်းရခင် ကတည်းက ဈေးကောက်ပေးဖို့ အိမ်ကနေ ပိုက်ဆံ ကြိုယူလာနေရတဲ့ ဘဝပါ” ဟု အခြားဈေးသည်တစ်ဦးကလည်း ရင်ဖွင့်သည်။

ယခင်လေလံသမားများ လက်ထက်က ပျံကျဈေးသည်တစ်ရက်လျှင် ၂၀၀ ကျပ်မှ ၃၀၀ ကျပ်ခန့်သာရှိပြီး၊ ဆိုင်ခန်းများမှာလည်း တစ်လလျှင် ၈ ထောင် ကျပ်ခန့်သာ ရှိခဲ့ကြောင်း သိရသည်။

ယခုအခါ ဆိုင်ခန်းဈေးမှာ တစ်လလျှင် ၄ သောင်းကျပ်မှ သိန်းကျော်အထိ အစားစား ရှိနေသည်။

စည်ပင်က သတ်မှတ်ထားသည့် ဈေးကောက်နှုန်းထားနှင့် ဒေါ်လှမြင့်ကြည်၏ ကောက်ခံနေသည့် ဈေးနှုန်းများမှာ အဆမတန် ကွာခြားနေမှုအပေါ် သက်ဆိုင်ရာ စည်ပင်အာဏာပိုင်များ အနေဖြင့် စစ်ဆေးပေးစေလိုကြောင်း ဈေးသည်များက တောင်းဆိုနေကြသည်။

#MeKongNews
#အဆမတန်
#ဈေးကောက်နှုန်း
#ထပ်တိုး
#ပင်ဖြစ်ဈေး
#စိုးရိမ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now