နေ့စဥ်သတင်း

ရွာငံတွင် စိုက်ခင်းခြံသွားချိန် စစ်ကောင်စီ ကန့်သတ်နေ၍ တောင်သူများ အခက်ကြုံ

မဲခေါင် 2 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၂ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် တောင်သူများ စိုက်ခင်းခြံသွားချိန်ကို စစ်ကောင်စီက နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ကန့်သတ်ထားသဖြင့် တောင်သူများ အခက်ခဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ အချိန် အကန့်အသတ်ဖြင့် သွားရသည့်အပြင် ခြံမသွားခင်နှင့် ခြံမှ ပြန်လာလျှင်လည်း စစ်ကောင်စီထံ သတင်းပို့ပြီး လက်မှတ်ထိုးရသဖြင့် တောင်သူများအတွက် ဝန်ထုပ်ဝန်ပိုး ပိုဖြစ်စေကြောင်း ဒေသခံများက ပြောသည်။ “စစ်တပ်က ရွာထဲ တပ်စွဲနေတာ။ သူတို့ သတ်မှတ်ထားတဲ့ အချိန်ကျော်သွားရင် ဟောက်တယ်။ တချို့ဆို ရွာထဲတောင် ပေးမဝင်တော့ဘူး။ ရွာသားတွေ တော်တော်ဒုက္ခရောက်တယ်။ အလုပ်လည်း ကောင်းကောင်း မလုပ်ရဘူး။ သူတို့ ဒီလိုလုပ်တာ

မဲခေါင်၊ ဖေဖော်ဝါရီ ၂

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် တောင်သူများ စိုက်ခင်းခြံသွားချိန်ကို စစ်ကောင်စီက နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ကန့်သတ်ထားသဖြင့် တောင်သူများ အခက်ခဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အချိန် အကန့်အသတ်ဖြင့် သွားရသည့်အပြင် ခြံမသွားခင်နှင့် ခြံမှ ပြန်လာလျှင်လည်း စစ်ကောင်စီထံ သတင်းပို့ပြီး လက်မှတ်ထိုးရသဖြင့် တောင်သူများအတွက် ဝန်ထုပ်ဝန်ပိုး ပိုဖြစ်စေကြောင်း ဒေသခံများက ပြောသည်။

“စစ်တပ်က ရွာထဲ တပ်စွဲနေတာ။ သူတို့ သတ်မှတ်ထားတဲ့ အချိန်ကျော်သွားရင် ဟောက်တယ်။ တချို့ဆို ရွာထဲတောင် ပေးမဝင်တော့ဘူး။ ရွာသားတွေ တော်တော်ဒုက္ခရောက်တယ်။ အလုပ်လည်း ကောင်းကောင်း မလုပ်ရဘူး။ သူတို့ ဒီလိုလုပ်တာ တစ်လကျော်ပြီ “ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

ထို့ပြင် ရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများအတွက် ရွာသားများက အလှည့်ကျဖြင့် နေ့စဉ် ထမင်းချက်ပို့နေရကြောင်း ၎င်းက ဆက်ပြောသည်။

ယင်းကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိ‌သော်လည်း ရွာသူကြီး၊ အုပ်ချုပ်ရေးမှူးများ မကြာခဏ လုပ်ကြံ သတ်ဖြတ်ခံရသောကြောင့် စစ်ကောင်စီ တပ်သားများက လုံခြုံရေးအတွက် လာရောက် တပ်စွဲနေခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်တွင်လည်း မြေနီကုန်းကျေးရွာ အုပ်ချုပ်ရေးမှု ဦးမြင့်ဌေးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က လာရောက်လုပ်ကြံသတ်ဖြတ်သေးကြောင်း ဒေသခံများထံမှ သိရသည်။

#MeKongNews
#ရွာငံ
#စစ်ကောင်စီ
#ကန့်သတ်
#တောင်သူများ
#အခက်ကြုံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now