နေ့စဥ်သတင်း

တောင်ကြီး ၉ တန်းကျောင်းသား သေဆုံးမှု သံသယတရားခံထွက်ဆိုချက်များ မိသားစု မသိရသည့်အပြင် သတင်းမပေါက်ကြားစေရန် သတိပေးသည့်အတွက် မိသားစု စိုးရိမ်

မဲခေါင် 27 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၂၇ ပျောက်ဆုံးပြီး ၆ ရက်အကြာ၌ အလောင်းသာပြန်လည်တွေ့ရှိခဲ့သည့် တောင်ကြီးမြို့၊ အ.ထ.က(၄) မှ ၉ တန်း ကျောင်းသား စိုင်းအနဂ္ဂရဲထက် (ခ) စိုင်းအေ သေဆုံးမှုနှင့် ပတ်သက်ပြီး ရဲများက မိသားစုအား ပွင့်လင်းမြင််သာမှုမရှိသဖြင့် အမှုမှန် မပေါက်မည်ကို မိသားစုက စိုးရိမ်နေရကြောင်း သိရသည်။ ယင်းအမှုတွင် သံသယတရားခံအဖြစ် စိုင်းအေနှင့် အတူသွားသူ သန့်ဇင်ကို ဖမ်းမိထားသော်လည်း စစ်ဆေးချက်များကို သေဆုံးသူ မိသားစုမှ မသိရကြောင်း၊ ထို့အပြင် အမှုကိစ္စနှင့်ပတ်သက်ပြီး သတင်းမီဒီယာများနှင့် ပြင်ပသို့ မပေါက်ကြားစေရန်နှင့် ပေါက်ကြားပါက တရားခံဖက်က အသာစီးရသွားနိုင်သည်ဟု တောင်ကြီးအမှတ် (၂) စခန်းမှ ရဲများက အတန်တန် သတိပေးသည့်အတွက်

မဲခေါင်၊ ဇန်နဝါရီ ၂၇

ပျောက်ဆုံးပြီး ၆ ရက်အကြာ၌ အလောင်းသာပြန်လည်တွေ့ရှိခဲ့သည့် တောင်ကြီးမြို့၊ အ.ထ.က(၄) မှ ၉ တန်း ကျောင်းသား စိုင်းအနဂ္ဂရဲထက် (ခ) စိုင်းအေ သေဆုံးမှုနှင့် ပတ်သက်ပြီး ရဲများက မိသားစုအား ပွင့်လင်းမြင််သာမှုမရှိသဖြင့် အမှုမှန် မပေါက်မည်ကို မိသားစုက စိုးရိမ်နေရကြောင်း သိရသည်။

ယင်းအမှုတွင် သံသယတရားခံအဖြစ် စိုင်းအေနှင့် အတူသွားသူ သန့်ဇင်ကို ဖမ်းမိထားသော်လည်း စစ်ဆေးချက်များကို သေဆုံးသူ မိသားစုမှ မသိရကြောင်း၊ ထို့အပြင် အမှုကိစ္စနှင့်ပတ်သက်ပြီး သတင်းမီဒီယာများနှင့် ပြင်ပသို့ မပေါက်ကြားစေရန်နှင့် ပေါက်ကြားပါက တရားခံဖက်က အသာစီးရသွားနိုင်သည်ဟု တောင်ကြီးအမှတ် (၂) စခန်းမှ ရဲများက အတန်တန် သတိပေးသည့်အတွက် စိုင်းအေမိဘဆွေမျိုးများအနေဖြင့် အမှုမှန်မပေါ်ပေါက်မည်ကို စိုးရိမ်သလို ခြိမ်းခြောက်နေသည်ဟုလည်း ခံစားနေရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။

“သန့်ဇင်ကိုဖမ်းထားကြောင်း၊ လည်သာအနွေးထည်လည်း သူ့ဆီမှာရှိကြောင်း သိရတယ်။ဘယ်လိုသတ်တယ်၊ ဘယ်လိုဖြစ်တယ်ဆိုတာတော့ အတိအကျမသိရပါဘူး။ အဲ့ဒီ ၂၄ ရက်နေ့ညက ကောင်လေးတစ်ယောက်(မောင်သန့်ဇင်) သဲကျင်းထဲမှာကျနေလို့ ရပ်ရွာကလူတွေနဲ့ရဲက ကယ်ဆယ်ပြီး အိမ်အထိပြန်ပို့ပေးခဲ့ရတယ်တဲ့။ အဲဒါနဲ့ဆက်စပ်ပြီး ပြန်ဖမ်းလိုက်တယ်လို့‌ပြောပါတယ်” ဟု ၎င်းကပြောသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေ ၆နာရီခန့်တွင် စိုင်းအနဂ္ဂရဲထက် (ခ) စိုင်းအေသည် တောင်ကြီးမြို့၊ ဘုရားဖြူရပ် နေအိမ်မှ ဆိုင်ကယ်နှင့် ထွက်သွားပြီး အဆက်သွယ်မရသဖြင့် ၂၆ ရက်နေ့တွင် တောင်ကြီးမြို့နယ် အမှတ် (၂) စခန်းတွင် လူပျောက်တိုင်ကြားခဲ့ရာ ဒီဇင်ဘာ ၃၀ ရက်တွင် မင်္ဂလာဦးရပ်၊ သဲကျင်း ရေကန်ထဲမှ အလောင်း ပြန်တွေ့ရခြင်း ဖြစ်သည်။

“အလောင်းကိုအတည်ပြုပေးပါဆိုလို့ မိသားစုဝင်တစ်ယောက်က စခန်းကတဆင့် စဝ်စံထွန်းဆေးရုံကိုလိုက်သွားတယ်။ အလောင်းကရေထဲမှာ ၆ ရက်လောက်ရှိနေတော့ အသားတွေပွပြီး ပြာနှမ်းနေတာတဲ့။ ဒါပေမယ့် သူ့ရဲနာရီ၊ လက်စွပ်၊ အဝတ်အစားတွေက မှန်ကန်တယ်။ ခါးမှာပတ်သွားတဲ့ ကင်မရာလေးကလည်း ခါးမှာချိတ်လို့၊ ဖုန်းကတော့မပါလာဘူး။ လည်သာအနွေးထည်လည်း မပါလာတော့ဘူး။ အလောင်းမှာ လက်ကလေးနှစ်ဖက်ကကွေးပြီး မျက်နာနားရောက်နေတယ် ။လက်သီးဆုပ်ထားသလိုမျိုး။ လက်သီးဆုပ်ထဲမှာ ဆိုင်ကယ်သော့ကို ဆုပ်ကိုင်ထားတယ်” ဟု ဆွေးမျိုးနီးစပ်သူတစ်ဦးက ပြောသည်။

စိုင်းအနဂ္ဂရဲထက် (ခ) စိုင်းအေ အလောင်းအား မှုခင်းဆရာဝန်က ရင်ခွဲစစ်ဆေးရာ ပြင်ပဒဏ်ရာမတွေ့သဖြင့် ရေနစ်သေဆုံးသည်ဟုသာ ယူဆခဲ့ပြီး အတွင်းကလီစာများက အသေးစိတ်စစ်ဆေးရဦးမည်ဟု ပြောခဲ့သော်လည်း မိသားစုက အလောင်းပြန်ရပြီး နာရေးကိစ္စပြုလုပ်ခွင့် ရသည့်အချိန်မှစ၍ ယခုအထိ မိသားစုများအား အလောင်းစစ်ဆေးသည့် ကိစ္စနှင့် ပတ်သက်ပြီး အသိပေးခြင်း မရှိတော့ကြောင်း နီးစပ်သူများထံမှ သိရသည်။

ယင်းအမှုကို ဆိုင်ကယ်ပြန်မတွေ့ခင်အထိ ဆိုင်ကယ်လုယက်ခံရရာမှ ရေနစ်သေဆုံးခြင်းဟု ယူဆထားခဲ့ပြီး နောက်ပိုင်းတွင် ဆိုင်ကယ်ကို သဲကျင်းရေကန် အနီး အရက်ဆိုင်မှ ၎င်းတို့ဆိုင်နားတွင် ရပ်ထားတာကြာနေသဖြင့် သိမ်းထားပေးထားသည်ဟု ဆိုကာ လာအပ်ကြောင်း၊ အလောင်းတွင်ပါသည့် သော့နှင့်တိုက်ဖွင့်ခဲ့ပြီး အတည်ပြုခဲ့ရကြောင်း သိရသည်။

ထို့နောက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် တရားခံဖြစ်သူ စိုင်းအနဂ္ဂရဲထက် (ခ) စိုင်းအေ သူငယ်ချင်း မောင်သန့်ဇင် အား ဖမ်းမိပြီဖြစ်ကြောင်း မိသားစုကို အကြောင်းကြားခဲ့သော်လည်း ယခုအမှု သတင်းမပေါက်ကြားစေရန် ရဲက တားမြစ်နေခြင်းဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။

မဲခေါင်သတင်းမှ ရရှိထားသော ရဲကြေးနန်းစာအရ စိုင်းအနဂ္ဂရဲထက် (ခ) စိုင်းအေ နှင့် မောင်သန့်ဇင်တို့ ၂ ဦး အခင်းဖြစ်ပွါးခဲ့သည့် သဲကျင်းရေကန်ဘေးတွင် ဘီယာတူတူသောက်နေစဉ် မောင်သန့်ဇင်၏ မိခင်မှ အိမ်ပြန်လာရန် ဖုန်းဆက်ခေါ်သဖြင့် မောင်သန့်ဇင်က အိမ်သို့ပြန်ရန်ပြောခဲ့ရာ စိုင်းအနဂ္ဂရဲထက် (ခ) စိုင်းအေ မှ မပြန်သေးရန် ပြန်ပြောခဲ့ရာမှ အချင်းများကြပြီး မောင်သန့်ဇင်က စိုင်းအနဂ္ဂရဲထက် (ခ) စိုင်းအေ ၏ ရင်ဘတ်အား တွန်းလိုက်ရာ အမြင့် ၁၅ ပေခန့်မှ သဲကျင်းရေကန်ထဲသို့ ပြုတ်ကျသွားသဖြင့် စိုင်းအေက မောင်သန့်ဇင် အမည်ကိုအော်ခေါ်သော်လည်း မကြားချင်ယောင်ဆောင်ပြီး ကယ်ဆယ်ရေးများရောက်လာချိန်တွင် ရေထဲတွင် မည်သူမှမရှိကြောင်း လိမ်လည်ပြောဆိုကာ ထွက်သွားခဲ့သည်ဟု ရေးသားထားသည်ကို တွေ့ရသည်။

“လက်ထဲမှာဆိုင်ကယ်သော့ ဆုပ်လျက်နဲ့တွေ့တာဆိုတော့ ရေထဲမကျခင်မေ့နေတာလား၊ သေနေပြီးသားလား တခုခုပဲလို့ တွေးမိတာပါ။ အဲဒီညနေက သန့်ဇင်ကို ရေထဲကပြန်ဆယ်တဲ့အချိန် ဘာမှမစစ်မေးဘူးလား၊ ဆိုင်ကယ်ကလည်း မလှမ်းမကမ်းမှာ ရှိနေတာမတွေ့ဘူလား၊ အဲဒီနေရာမှာ ဟနေတာ။ ရဲကဘယ်လိုစစ်ချက်ယူထားလဲ ‌မသိရတော့စိတ်ပူမိတာပါ” ဟု ဆွေမျိုးတော်စပ်သူ တစ်ဦးက ဆိုသည်။

ထို့အပြင် ရဲဖက်က စိုင်းအေနှင့် မောင်သန့်ဇင် တို့ ၂ ဦး ဆိုင်တစ်ဆိုင်တွင် အအေးဗူးဝင်ဝယ်ကြသည့် CCTV မှတ်တမ်းတစ်ခုရရှိထားပြီး ထိုမှတ်တမ်းအရ သဲကျင်းရေကန်သို့ တူတူသွားခြင်းဖြစ်ပြီး စိုင်းအေ၏ လည်သာအနွေးထည်အား မောင်သန့်ဇင်က ဝတ်ထားကြောင်း တွေ့ရသည်ဟု နီးစပ်သူများက ဆိုသည်။

စိုင်းအနဂ္ဂရဲထက် (ခ) စိုင်းအေ သေဆုံးမှုအား လာမည့် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ပထမဆုံးရုံးချိန်းတရားရင်ဆိုင်ရမည်ဖြစ်ပြီး အမှတ််(၂) စခန်းမှုး မျိုးကျော်သူက တရားလိုအဖြစ် တာဝန်ယူထားကာ မောင်သန့်ဇင်အား သေဆုံးစေလိုသည့် ဆန္ဒနှင့် အကြံရှိကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်း သိရသည်။

#MeKongNews
#ကျောင်းသား
#သေဆုံးမှု
#တောင်ကြီး
#အထက၄⁩

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now