နေ့စဥ်သတင်း

နောင်ကားတွင် တစ်အိမ် ၅ သောင်းကျပ်မှ ၂ သိန်းအထိ PNO ဆက်ကြေး ထပ်ကောက်

မဲခေါင် 21 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၂၁ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နောင်ကား ကျေးရွာအုပ်စုတွင် စစ်ကောင်စီ လက်အောက်ခံ PNO – ပြည်သူ့စစ်က တစ်အိမ် ၅ သောင်းကျပ်မှ ၂ သိန်းကျပ်မထိ ဆက်ကြေး ထပ်မံ ကောက်ခံနေကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီနှင့် PNO အတွက် စစ်စရိတ်ဟုဆိုကာ ဆက်ကြေးကောက်ခြင်း ဖြစ်ပြီး မနက်ဖြန် ဇန်နဝါရီ ၂၂ ရက် နောက်ဆုံးထား အပြီးထည့်ရမည်ဟု နောင်ကား ဒေသခံတစ်ဦးက ပြောသည်။ “ပုံမှန်ကောက်တဲ့ ၅ သောင်းကတော့ ၃ သောင်းက PNO အတွက် ၂ သောင်းက စစ်တပ်အတွက်လို့ ပြောပြီး ကောက်တယ်။ တချို့ရွာကျတော့

မဲခေါင်၊ ဇန်နဝါရီ ၂၁

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နောင်ကား ကျေးရွာအုပ်စုတွင် စစ်ကောင်စီ လက်အောက်ခံ PNO – ပြည်သူ့စစ်က တစ်အိမ် ၅ သောင်းကျပ်မှ ၂ သိန်းကျပ်မထိ ဆက်ကြေး ထပ်မံ ကောက်ခံနေကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီနှင့် PNO အတွက် စစ်စရိတ်ဟုဆိုကာ ဆက်ကြေးကောက်ခြင်း ဖြစ်ပြီး မနက်ဖြန် ဇန်နဝါရီ ၂၂ ရက် နောက်ဆုံးထား အပြီးထည့်ရမည်ဟု နောင်ကား ဒေသခံတစ်ဦးက ပြောသည်။

“ပုံမှန်ကောက်တဲ့ ၅ သောင်းကတော့ ၃ သောင်းက PNO အတွက် ၂ သောင်းက စစ်တပ်အတွက်လို့ ပြောပြီး ကောက်တယ်။ တချို့ရွာကျတော့ ၂ သိန်းကောက်တယ်။ ဒီလ ၂ သိန်းထည့်ရတဲ့ရွာက နောက်လဆို ၅ သောင်းပဲ အဲလိုပေါ့။ ၅ သောင်းကတော့ လတိုင်း ထည့်ရပြီးတော့ ၂ သိန်းကိုတော့ ရွာတိုင်း အလှည့်ကျတဲ့။ ၂ သိန်း ကောက်တာ ရှေ့တန်းသမားတွေ ဟင်းဖိုးအတွက်လို့ ပြောတယ်”ဟု ၎င်းက ပြောသည်။

ဆက်ကြေး မထည့်သူများကို ရွာမှ ထုတ်ပယ်ရမည် သာရေးနာရေး မကူညီရဟု PNO က ခြိမ်းခြောက်သဖြင့် မဖြစ်မနေ ရှာကြံထည့်နေရကြောင်း ဒေသခံများက ဆိုသည်။

“ကျနော်တို့ရွာတော့ ဒီလက ၄ သောင်းခွဲ ထည့်ရတယ်ဗျ။ ပုံမှန်ကောက်တာ သူများရွာက ၅ သောင်းလို့ ပြောတယ်။ ကျနော်တို့ရွာက အိမ်ခြေတွေကို လျော့ပြီး တင်ထားတော့ တစ်အိမ် ၄ သောင်းခွဲကျတာပ။ ပြည်ပမှာ သားသမီးရှိတဲ့သူက ထည့်ဖို့ သိပ်မခက်ပေမယ့် ရွာမှာပဲ ရှာစားနေရတဲ့ သူတွေကျတော့ အကြွေးယူပြီး ထည့်ကြရတာများတယ်။ ညီညွတ်ရေးဆိုတော့ ထည့်ရတာပဲ”ဟု နောင်ကား ကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာတွင်လည်း PNO က နောင်ကား ကျေးရွာအုပ်စုတွင် တစ်အိမ် ၅ သောင်းကျပ် ဆက်ကြေး ကောက်ခဲ့သေးသည်။

ထို့ပြင် နိုဝင်ဘာလတွင်လည်း စစ်မှုထမ်းစရိတ် မထည့်နိုင်သည့် တောင်ကြီးမြို့နယ်၊ ဝင်းယကျေးရွာရှိ ပြည်သူတစ်ဦး၏ နေအိမ်ကို PNO က ဖျက်ဆီးခဲ့ဖူးသည်။

PNO သည် ယခင်က တော်လှန်ရေးတပ်ဖွဲ့ ဖြစ်ခဲ့ဖူးသော်လည်း ၂၀၀၉ ခုနှစ်တွင် ဦးအောင်ခမ်းထီ ဦးဆောင်ကာ စစ်တပ်လက်အောက်ခံ အသွင်ပြောင်း ပြည်သူ့စစ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

လက်ရှိတွင်လည်း စစ်ကောင်စီတပ် နှင့်အတူ ကရင်နီပြည်ကို တိုက်ခိုက်နေသည့် အဖွဲ့ဖြစ်သည်။

#MeKongNews
#နောင်ကား
#PNO
#ဆက်ကြေး
#ထပ်ကောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now