နေ့စဥ်သတင်း

စစ်ကောင်စီ ဒရုန်းဗုံးကြောင့် ယမန်နှစ်အတွင်း ကရင်နီပြည်သူ ၁၀ ဦး သေဆုံး

မဲခေါင် 20 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၂၀ စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ယမန်နှစ်အတွင်း ကရင်နီပြည်သူ ၁၀ ဦး သေဆုံးပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကရင်နီ လူ့အခွင့်အရေးအဖွဲ့ – KnHRG က သတင်း ထုတ်ပြန်သည်။ စစ်ကောင်စီတပ်က ကရင်နီ ပြည်သူလူထုအား တနှစ်အတွင်း ဒရုန်းဖြင့် ၂၁ ကြိမ် ဗုံးကြဲတိုက်ခိုက်ရာမှ ထိခိုက်၊ သေဆုံးခဲ့မှုများကို KnHRG က မှတ်တမ်းပြုစုထားခြင်း ဖြစ်သည်။ ယင်းသေဆုံးခဲ့ရသည့် ကရင်နီ ပြည်သူများတွင် ကလေးတစ်ဦး၊ အမျိုးသား ၆ ဦး၊ အမျိုးသမီး၂ ဦး၊ ကျား/မ မသိသူတစ်ဦးတို့ ပါဝင်သည်။ ထို့ပြင် ဒဏ်ရာရ

မဲခေါင်၊ ဇန်နဝါရီ ၂၀

စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ယမန်နှစ်အတွင်း ကရင်နီပြည်သူ ၁၀ ဦး သေဆုံးပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကရင်နီ လူ့အခွင့်အရေးအဖွဲ့ – KnHRG က သတင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က ကရင်နီ ပြည်သူလူထုအား တနှစ်အတွင်း ဒရုန်းဖြင့် ၂၁ ကြိမ် ဗုံးကြဲတိုက်ခိုက်ရာမှ ထိခိုက်၊ သေဆုံးခဲ့မှုများကို KnHRG က မှတ်တမ်းပြုစုထားခြင်း ဖြစ်သည်။

ယင်းသေဆုံးခဲ့ရသည့် ကရင်နီ ပြည်သူများတွင် ကလေးတစ်ဦး၊ အမျိုးသား ၆ ဦး၊ အမျိုးသမီး၂ ဦး၊ ကျား/မ မသိသူတစ်ဦးတို့ ပါဝင်သည်။

ထို့ပြင် ဒဏ်ရာရ ပြည်သူများတွင် ကလေး ၇ ဦး၊ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၉ ဦး၊ ကျား/မ မသိသူ ၆ ဦးဖြင့် စုစုပေါင်း ၃၂ ဦးပါဝင်သည်ဟု KnHRG ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့သို့ စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲခြင်းကြောင့် ကရင်နီ ပြည်သူများ၏ နေအိမ် ၇ လုံး၊ ဘာသာရေး အဆောက် အဦ ၂ လုံး၊ အများပိုင် အဆောက်အဦးတစ်လုံး၊ ယာဉ် ၁၀ စီး၊ လယ်ကွင်း ၃ ကွင်း၊ တိရစ္ဆာန် ၂ ကောင်လည်း ထိခိုက်ဆုံးရှုံးခဲ့သည်။

“ဒါတွေက အဖွဲ့အစည်းတွေ စာရင်းကောက်ယူလို့ ရတာပဲ ရှိသေးတာ မြေပြင်မှာ ဒီထက်ပိုဖို့ပဲ ရှိတယ်။ အခုက မြေပြင်မှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပစ်တာမျိုး မဟုတ်တော့ဘူး စကစက မဲမဲမြင်ရာ ဗုံးလိုက်ကြဲတယ်။ ရွာမြင်တိုင်း လက်နက်ကြီးနဲ့ ပစ်တယ်လေ။ သက်ရှိမှန်သမျှ သူတို့ရန်သူလို့ သတ်မှတ်ထားသလိုမျိုးပဲ” ဟု ရှမ်း – ကရင်နီနယ်စပ်ရှိ ကရင်နီ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ၂၀၂၅ ခုနှစ် ဇွန်လနောက်ပိုင်းတွင် ပြည်သူလူထုရှိရာသို့ ဒရုန်းဗုံးကြဲမှုများ ပိုမို ပြုလုပ်လာပြီး ပြည်သူလူထု၏ စားဝတ်နေရေးအတွက် အဓိက အားထားရသော စိုက်ပျိုးမြေ ဧရိယာများတွင် သီးနှံများ မရိတ်သိမ်းနိုင်စေရန်နှင့် မစိုက်ပျိုးနိုင်စေရန် ပစ်မှတ်ထား တိုက်ခိုက်လာသည်ကို‌ တွေ့ရှိရသည်ဟု KnHRG က ဆိုသည်။

#MeKongNews
#စစ်ကောင်စီ
#ဒရုန်းဗုံး
#ကရင်နီပြည်သူ
#သေဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now