နေ့စဥ်သတင်း

ဒေသခံများ၏ ကိုယ်ထူကိုယ်ထလမ်းကို ၎င်းတို့ ခင်းပေးထားသဖွယ် PNO ဖွင့်ပွဲလုပ် မဲဆွယ်

မဲခေါင် 20 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် ပြည်သူများ၏ ကိုယ်ထူကိုယ်ထလမ်းကို စစ်ကောင်စီ လက်အောက်ခံ PNO က ၎င်းတို့ ခင်းပေးထားသဖွယ် နှမ်းဖြူးပြီး လမ်းဖွင့်ပွဲ လုပ်ကာ မဲဆွယ်ခဲ့သည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။ ပင်လောင်းမြို့နယ်၊ ပင်ထုံနှင့် ယေးခဝ်း ကျေးရွာချင်းဆက်လမ်းသည် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခဲ့ရာ ဒေသခံများက ကိုယ်ထူကိုယ်ထ ကျပ်သိန်းရာချီ အကုန်ကျခံကာ ပြန်လည် ပြုပြင်ထားခြင်း ဖြစ်သည်။ ယင်းလမ်းကို ဇန်နဝါရီ ၁၇ ရက်တွင် ဖွင့်ပွဲပြုလုပ်ခဲ့ရာ PNO ဒုတိယ ဥက္ကဌ ခွန်မောင်သောင်း ၊ ဦးအောင်ခမ်းထီ၏ သမီး နန်းရီရီဝင်းတို့ခေါင်းဆောင်သည့် PNO အဖွဲ့က ဖဲကြိုးဖြတ် ဖွင့်လှစ်ကာ

မဲခေါင်၊ ဇန်နဝါရီ ၂၀

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် ပြည်သူများ၏ ကိုယ်ထူကိုယ်ထလမ်းကို စစ်ကောင်စီ လက်အောက်ခံ PNO က ၎င်းတို့ ခင်းပေးထားသဖွယ် နှမ်းဖြူးပြီး လမ်းဖွင့်ပွဲ လုပ်ကာ မဲဆွယ်ခဲ့သည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ပင်လောင်းမြို့နယ်၊ ပင်ထုံနှင့် ယေးခဝ်း ကျေးရွာချင်းဆက်လမ်းသည် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခဲ့ရာ ဒေသခံများက ကိုယ်ထူကိုယ်ထ ကျပ်သိန်းရာချီ အကုန်ကျခံကာ ပြန်လည် ပြုပြင်ထားခြင်း ဖြစ်သည်။

ယင်းလမ်းကို ဇန်နဝါရီ ၁၇ ရက်တွင် ဖွင့်ပွဲပြုလုပ်ခဲ့ရာ PNO ဒုတိယ ဥက္ကဌ ခွန်မောင်သောင်း ၊ ဦးအောင်ခမ်းထီ၏ သမီး နန်းရီရီဝင်းတို့ခေါင်းဆောင်သည့် PNO အဖွဲ့က ဖဲကြိုးဖြတ် ဖွင့်လှစ်ကာ မဲဆွယ်စည်းရုံးရေး ဟောပြောခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

“လမ်းပြင်တာလည်း သူတို့ငွေမပါဘူး ကုန်ကျစရိတ်လည်း သူတို့မပါဘူး။ ဖွင့်ပွဲကျမှ သူတို့ လုပ်ပေးသလိုလိုနဲ့ သူတို့ပဲ ဖဲကြိုးဖြတ်တဲ့အပြင် တစ်ယောက်ပြီး တစ်ယောက် PNO ကို မဲထည့်ပါဆိုပြီး မဲဆွယ်သွားသေးတယ်။ လမ်းခင်းတာ သိန်း ၅၀၀ လောက်ကုန်တာ သူတို့ တစ်ကျပ်မှ မလှူဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

လမ်းဖွင့်ပွဲသို့ နှမ်းလာဖြူးသည့် PNO ခေါင်းဆောင်များကို ကျွေးမွေးဧည့်ခံရာတွင်လည်း ကျေးရွာ၏ ရန်ပုံငွေမှ စိုက်ထုတ် ကျွေးမွေးခဲ့ရရာ ကျပ် ၁၀ သိန်းကျော် ကုန်ကျခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

ယင်းကျေးရွာချင်းဆက်လမ်းကို ပြန်လည် ပြုပြင်ရာတွင် ပင်ထုံရွာမှ ကျပ်သိန်း ၂၀၀၊ ယေးခဝ်းရွာမှ ကျပ် ၅ သိန်း၊ စန္တာခမ်း လူမှုကူညီရေးအသင်းမှ ကျပ်သိန်း ၁၀၀ မတည် ထည့်ဝင်ခဲ့ကြသည်။

လမ်းဖွင့်ပွဲတွင် ဒုဥက္ကဌ ခွန်မောင်သောင်း၊ PNO – ပြည်သူ့စစ်၏ စန္ဒာတိုင်း (ခေါ် )ပင်လောင်းတိုင်းမှူး ခွန်လှဆန်း၊ နန်းရီရီဝင်း၊ ခွန်ဖိုးစိန်၊ ခွန်ဝင်းနောင်၊ခွန်ထိုင်းတို့က ၎င်းတို့ပါတီကို မဲပေးကြရန် ဟောပြောခဲ့ကြသည်။

#MeKongNews
#ဒေသခံ
#ကိုယ်ထူကိုယ်ထလမ်း
#PNO
#မဲဆွယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now