နေ့စဥ်သတင်း

အချင်းချင်း သွေးကွဲစေရန် စစ်ကောင်စီ လက်ကိုင်တုတ်များ ဝါဒဖြန့်မှုကို မယုံကြည်ရန် ဓနု PDF သတိပေး

မဲခေါင် 15 Jan - 2026
မဲခေါင် ၊ ဇန်နဝါရီ ၁၅ ဓနုဒေသအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ အချင်းချင်းကြား အထင်အမြင်လွဲ သွေးကွဲစေရန် စစ်ကောင်စီ လက်ကိုင်တုတ်များက အကောင့်တုများဖြင့် လှုံ့ဆော်နေသည်ကို မယုံကြည်ကြရန် ဓနု PDF အမှတ် – ၁၀၀၃ တပ်ရင်းက ယမန်နေ့က သတိပေး ထုတ်ပြန်သည်။ ဘုံရန်သူ စစ်ကောင်စီကို တော်လှန်နေကြသည့် ဓနုဒေသအတွင်းရှိ မဟာမိတ် တပ်ရင်းတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့များအား တစ်ဖွဲ့နှင့် တစ်ဖွဲ့ အထင်အမြင် လွဲမှားစေရန် ရည်ရွယ်၍ စစ်ကောင်စီ လက်ကိုင်တုတ်များက အွန်လိုင်းပေါ်တွင် အကောင့်တုများဖြင့် ဝါဒဖြန့် သွေးထိုး လှုံ့ဆော်မှုများ ရှိနေသည်ဟု အမှတ် – ၁၀၀၃ တပ်ရင်းက ဆိုသည်။ “ထို့ကြောင့်

မဲခေါင် ၊ ဇန်နဝါရီ ၁၅

ဓနုဒေသအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ အချင်းချင်းကြား အထင်အမြင်လွဲ သွေးကွဲစေရန် စစ်ကောင်စီ လက်ကိုင်တုတ်များက အကောင့်တုများဖြင့် လှုံ့ဆော်နေသည်ကို မယုံကြည်ကြရန် ဓနု PDF အမှတ် – ၁၀၀၃ တပ်ရင်းက ယမန်နေ့က သတိပေး ထုတ်ပြန်သည်။

ဘုံရန်သူ စစ်ကောင်စီကို တော်လှန်နေကြသည့် ဓနုဒေသအတွင်းရှိ မဟာမိတ် တပ်ရင်းတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့များအား တစ်ဖွဲ့နှင့် တစ်ဖွဲ့ အထင်အမြင် လွဲမှားစေရန် ရည်ရွယ်၍ စစ်ကောင်စီ လက်ကိုင်တုတ်များက အွန်လိုင်းပေါ်တွင် အကောင့်တုများဖြင့် ဝါဒဖြန့် သွေးထိုး လှုံ့ဆော်မှုများ ရှိနေသည်ဟု အမှတ် – ၁၀၀၃ တပ်ရင်းက ဆိုသည်။

“ထို့ကြောင့် မိမိတို့ ဓနုဒေသအတွင်းရှိ တိုင်းရင်းသား ညီအကို ပြည်သူများအနေဖြင့် တစုံတရာ စိုးရိမ်သောက မဖြစ်ကြဘဲ ဘုံရန်သူ စစ်အာဏာရှင် ပြုတ်ကျရေး အတွက်သာ အာရုံစိုက် ပူးပေါင်း တော်လှန်သွားကြဖို့ကိုဘဲ အတူတူ ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

ထို့ပြင် ယင်းဝါဒဖြန့် လှုံ့ဆော်မှုများသည် စစ်ကောင်စီ၏ လက်ကိုင်တုတ်များက စစ်အာဏာရှင် အလိုကျ ထင်ရာမြင်ရာကို အချက်အလက် အကြောင်းအကျိုး မခိုင်လုံဘဲ တော်လှန်ရေး အဖွဲ့များကြား သွေးထိုး သွေးခွဲနေသည့် ရေသားချက်များသာ ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။

စစ်ကောင်စီ လက်ကိုင်တုတ်များ၏ အထောက်အထားမဲ့ ရေးသား ဝါဒဖြန့်မှုများကြောင့် စိုးရိမ်စိတ်ဖြင့် သတင်း မေးမြန်းကြသည့် ပြည်သူများ စိုးရိမ် ကြောင့်ကြစိတ် မဖြစ်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ ရှင်းလင်း ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု အမှတ် – ၁၀၀၃ တပ်ရင်းက ဆိုသည်။

ယခင်တွင် ဓနုတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ မရှိခဲ့သော်လည်း စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဓနု တိုင်းရင်းသားများသည် စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်လာခဲ့ကြပြီး လက်ရှိတွင် ဓနုအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ ၃ ဖွဲ့ထက်မနည်းရှိသည်။

ထိုတော်လှန်ရေး တပ်ဖွဲ့အချင်းချင်းကြား သွေးကွဲမှု ဖြစ်စေရန်လည်း စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးများ၊ စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် ဒေသတွင်းရှိ အချို့က အမြဲသွေးထိုး လုပ်ဆောင်နေသဖြင့် ဓနု PDF က ယခုကဲ့သို့ ထုတ်ပြန် သတိပေးခြင်း ဖြစ်သည်။

ဓနုအခြေစိုက် အမှတ် – ၁၀၀၃ တပ်ရင်း အနေဖြင့် စစ်ကောင်စီ လက်ကိုင်တုတ်များ ဝါဒဖြန့်သကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းကြား သွေးကွဲသွားမည် မဟုတ်ဘဲ ဘုံရန်သူကို တော်လှန်နေကြသည့် မဟာမိတ် အင်အားစုများနှင့် ပူးပေါင်းကာ စစ်အာဏာရှင် ပြုတ်ကျသည်အထိ တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

#MeKongNews
#သွေးကွဲ
#စစ်ကောင်စီ
#ဝါဒဖြန့်
#PDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now