မဲခေါင်၊ ဇန်နဝါရီ ၁၃
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့၊ အနောက်ခြမ်း ကျေးရွာတစ်ရွာတွင် ညနေ နွားသိမ်းရန် သွားသည့် အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ညပိုင်းတွင် ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး မပိုင် အမည်ရှိ အသက် ၄၀ အရွယ် အမျိုးသမီးသည် ၎င်း နွားသွားသိမ်းမည့် နေရာအနီးတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ရွာသားများက တွေ့ရှိရကြောင်း ဒေသခံများက ပြောသည်။
“သွားသွားလာလာ သူတစ်ယောက်တည်း သွားနေကျပါပဲ။ အခုက အငြိုးကြောင့် အသတ်ခံရတာလား ဘယ်လိုကြောင့် အသတ်ခံရလဲဆိုတာ တာဝန်ရှိသူတွေ စစ်ဆေးနေတုန်းပဲ။ ခုထိ တရားခံက လွတ်မြောက်နေဆဲ”ဟု ဒေသ ခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ယခု ဖြစ်စဉ်ကြောင့် ေဒသခံအမျိုးသမီးများ ထိတ်လန့်နေကြပြီး အမျိုးသမီးများ လုံခြုံမှု မရှိတော့သည်ကို ပြသနေသည့် အနေအထား ဖြစ်နေသည်ဟု ၎င်းက ဆက်ပြောသည်။
မပိုင်သေဆုံးမှုနှင့် ပက်သက်ပြီး ကျူးလွန်သူ လွတ်မြောက်နေဆဲ ဖြစ်သောကြောင့် အမှုမှန် ပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်း ရှာပေးကြရန်လည်း တိုးတက်သော ကရင်နီအင်အားစု – PKPF က တိုက်တွန်းထားသည်။
#MeKongNews
#ဒီးမော့ဆို
#အမျိုးသမီး
#သတ်ဖြတ်
#ကရင်နီပြည်








