မဲခေါင်၊ ဇန်နဝါရီ ၁၁
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း အထောက်အထားမဲ့ တရုတ်နိုင်ငံသား ၉ သောင်းနီးပါးကို UWSA က တရုတ်သို့ လွှဲပြောင်းပေးခဲ့ကြောင်း ဒေသတွင်းသတင်း Wa News Land ၏ ဖော်ပြချက်အရ သိရသည်။
ယင်းတွင် ယမန်နှစ်အတွင်း ကျားဖြန့်ဖမ်းဆီးမှု ၁၆ ကြိမ်၊ အထောက်အထားရှိ တရုတ်နိုင်ငံသား ၅၃၃ ဦး နှင့် အထောက်အထားမဲ့ တရုတ်လူမျိုး ၈၇၄၈၄ ဦးကို UWSA က လွှဲပြောင်းပေးခဲ့ကြောင်း သတင်းက ဆိုသည်။
“ဝ” ဒေသ တရားစီရင်ရေးကော်မတီ – WSP ၏ ထုတ်ပြန်ချက်များအရ အထောက်အထားမဲ့ တ ရုတ်နိုင်ငံသားများကို ၂၀၂၀ ပြည့်နှစ်မှ စတင်ပြီး လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
#MeKongNews
#အထောက်အထားမဲ့
#တရုတ်နိုင်ငံသား
#UWSA
#လွှဲပြောင်း








