နေ့စဥ်သတင်း

ဝယ်လက်မရှိ၍ ငရုတ်စိုက် ပင်လောင်း တောင်သူများ အခက်ကြုံ

မဲခေါင် 6 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၆ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် စိုက်ပျိုးထားသည့် ငရုတ်သီးများ လက်ရှိချိန်ထိ ဝယ်လက် မရှိသေး၍ ငရုတ်စိုက် တောင်သူများ အခက်ကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။ မနှစ်က ကာလတူတွင် ငရုတ်သီး ပုံမှန်ရောင်းရပြီ ဖြစ်ပြီး ယခုနှစ်တွင် နိုင်ငံရေးအခြေအနေနှင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုကြောင့် ဝယ်လက်မရှိသေးဘဲ စားဝတ်နေရေး ခက်ခဲနေကြောင်း ဒေသခံ တောင်သူများက ပြောသည်။ “ဝယ်သူမရှိဘူး။ အခုက ခူးပြီးတော့ အိမ်မှာပဲ လှောင်ထားကြတယ်။ အရင်နှစ်ဆို အခုချိန် ပွဲစားတွေက ရွာအထိလာပြီး လုဝယ်နေကြပြီ။ ငရုတ်သီး ဝယ်တဲ့သူ မရှိတော့ စပါးမစိုက်တဲ့ အိမ်ဆို စားဝတ်နေရေးအတွက် အခက်ခဲဖြစ် ကြရတယ်”ဟု ဒေသခံ

မဲခေါင်၊ ဇန်နဝါရီ ၆

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် စိုက်ပျိုးထားသည့် ငရုတ်သီးများ လက်ရှိချိန်ထိ ဝယ်လက် မရှိသေး၍ ငရုတ်စိုက် တောင်သူများ အခက်ကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။

မနှစ်က ကာလတူတွင် ငရုတ်သီး ပုံမှန်ရောင်းရပြီ ဖြစ်ပြီး ယခုနှစ်တွင် နိုင်ငံရေးအခြေအနေနှင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုကြောင့် ဝယ်လက်မရှိသေးဘဲ စားဝတ်နေရေး ခက်ခဲနေကြောင်း ဒေသခံ တောင်သူများက ပြောသည်။

“ဝယ်သူမရှိဘူး။ အခုက ခူးပြီးတော့ အိမ်မှာပဲ လှောင်ထားကြတယ်။ အရင်နှစ်ဆို အခုချိန် ပွဲစားတွေက ရွာအထိလာပြီး လုဝယ်နေကြပြီ။ ငရုတ်သီး ဝယ်တဲ့သူ မရှိတော့ စပါးမစိုက်တဲ့ အိမ်ဆို စားဝတ်နေရေးအတွက် အခက်ခဲဖြစ် ကြရတယ်”ဟု ဒေသခံ တောင်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။

ပြီးခဲ့သည့်နှစ်တွင် ငရုတ်သီး တစ်ပိဿာ ၅ သောင်းကျော် ရရှိခဲ့သော်လည်း ယခုနှစ်တွင် ဝယ်သူမရှိသည့် အပြင် ငရုတ်သီးဈေးပါ မရှိဘဲ တစ်ပိဿာ ၂ သောင်းကျော်သာ ရရှိကြောင်း ၎င်းက ဆိုသည်။

“ရွာအထိ လာဝယ်တဲ့ ပွဲစားမရှိဘူး။ ဒါပေမယ့် ရွာမှာ ဈေးနှိမ်ပြီး ဝယ်နေတဲ့ ရွာသားတွေရှိတယ်။ ဒါ ငရုတ် ဈေးနည်း အောင်လုပ်နေတာ။ တစ်ပိဿာ ၂ သောင်းကျပ်က ဈေးနည်းသေးတယ်။ အခု ကုန်ဈေးနှုန်းအရ အနည်းဆုံး တစ်ပိဿာ ၅ သောင်းဖြစ်ရမှာ၊ ဒါမှလည်း တောင်သူလယ်မားတွေ အဆင်ပြေမှာ ရှိတဲ့ကုန်ပစ္စည်းက ဈေးကြီးပြီး ငရုတ်ဈေးက နည်းနေရင် အဆင်မပြေဘူးလေ။ အရင်က ငရုတ်တစ်ပိဿာကို ဆန်တစ်အိတ်ရတယ်၊ အခု မရတော့ဘူးလေ။ ပွဲစားတွေ လာမဝယ်သေးရင် မရောင်းသေးနဲ့”ဟု အခြား တောင်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။

ပင်လောင်းမြို့နယ်၊ စင်းတောင်း၊ နမ်းပန်း၊ ဥဆောင်၊ ရင်းမှီးနှင့် ပေါင်းလောင်းဒေသတို့တွင် ငရုတ်သီးကို အများဆုံး စိုက်ပျိုးကြပြီး တစ်နှစ်လျှင် ငရုတ်ခြံ ဧကပေါင်း ၅ သောင်းကျော်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ပင်လောင်းဒေသထွက် ငရုတ်သီးသည် ရန်ကုန်၊ မန္တလေး၊ မူဆယ်၊ တာချီလိတ်၊ လားရှိုးနှင့် မြဝတီဖက်တို့တွင် အဓိက တင်ပို့ ရောင်းချကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာတွင် နှင်းရည် ရိုက်ခြင်းကြောင့် ပင်လောင်း‌နှင့် ပေါင်းလောင်း တောင်ပေါ်ရှိ ဒေသခံများ စိုက်ပျိုးထားသော ငရုတ်ခြံ ဧက ၂ ထောင်ကျော် ပျက်စီးသွားသေးကြောင်း တောင်သူများထံမှ သိရသည်။

#MeKongNews
#ဝယ်လက်
#ငရုတ်စိုက်
#ပင်လောင်း
#အခက်ကြုံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now