နေ့စဥ်သတင်း

တာချီလိတ် ပုံလို့လမ်း အမှိုက်ပုံကွက်သစ်တွင် လမ်းပိတ်၍ အရက်ဆိုင်နှင့် ဂိမ်းခုံများဖွင့်ကာ မူးယစ်ဆေးဝါး ရောင်းဝယ်နေမှုကြောင့် ဒေသခံများ စိုးရိမ်

မဲခေါင် 5 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၅ တာချီလိတ်မြို့၊ ပုံလို့လမ်း၊ အပိုင်း (ဆ) အမှိုက်ပုံကွက်သစ်အတွင်း လမ်းပိတ်၍ အရက်ဆိုင်နှင့် ဂိမ်းခုံများဖွင့်ကာ မူးယစ်ဆေးဝါး ရောင်းဝယ်နေသူများကြောင့် မြေကွက်ပိုင်ရှင်များနှင့် အနီးအနား နေထိုင်သူများ လုံခြုံမှုမရှိဘဲ စိုးရိမ်နေရကြောင်း ဒေသခံများထံမှ သိရသည်။ ဝိန်းကျောက်ရပ်ကွက်နယ်မြေအတွင်းရှိ ယင်းအပိုင်း (ဆ) တွင်မြေကွက်ပိုင်ရှင်အများစုမှာမြေကွက်ရိုက်ထားသော်လည်းနေအိမ်ဆောက်လုပ်နေထိုင်ခြင်းမရှိသေးသည့်အတွက်ပျံကျကျူးကျော်များကနေအိမ်လမ်းကြားများကိုပိတ်၍တဲထိုးနေထိုင်ခြင်း၊အရက်ဘီယာဆိုင်နှင့်ဂိမ်းခုံများဖွင့်လှစ်ထားခြင်းများပြုလုပ်နေကြခြင်းဖြစ်သည်။ မြေပိုင်ရှင်များကသွားရောက်ဖယ်ရှားခိုင်းသော်လည်းဖယ်ရှားပေးခြင်းမရှိဘဲလူမိုက်များ၊ဆေးသမားများနှင့်ပြန်လည်ရန်မူခြင်းများရှိနေသည်ဟုဒေသခံများကပြောသည်။ “အဲ့ဒီအပိုင်းက မြေကွက်တွေပဲ ရိုက်ထားကြတာ၊ လူမနေကြတော့ ကျူးကျော်တွေက တဲတွေထိုးပြီး ဝင်နေကြတာပါ။ ဆေးရောင်းတဲ့သူတွေ၊ လူရမ်းကားတွေနဲ့ဆိုတော့ အတော်လေး မလုံခြုံဘူး။ အကွက်ပိုင်ရှင်တွေလည်း မပြောရဲကြဘူး၊ ရပ်ကွက်လူကြီးတွေကလည်း မတားကြဘူး။ အဲ့ဒီဆေးသမားနဲ့ ဆေးရောင်းတဲ့သူတွေက ရဲသတင်းပေး တွေလို့လည်း ကြားတယ်။ ရေချောင်းဘေးဆိုရင် သူတို့မြေအပိုင်လို အပင်စိုက်၊ တဲထိုးပြီး နေနေကြတာ“

မဲခေါင်၊ ဇန်နဝါရီ ၅

တာချီလိတ်မြို့၊ ပုံလို့လမ်း၊ အပိုင်း (ဆ) အမှိုက်ပုံကွက်သစ်အတွင်း လမ်းပိတ်၍ အရက်ဆိုင်နှင့် ဂိမ်းခုံများဖွင့်ကာ မူးယစ်ဆေးဝါး ရောင်းဝယ်နေသူများကြောင့် မြေကွက်ပိုင်ရှင်များနှင့် အနီးအနား နေထိုင်သူများ လုံခြုံမှုမရှိဘဲ စိုးရိမ်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ဝိန်းကျောက်ရပ်ကွက်နယ်မြေအတွင်းရှိ ယင်းအပိုင်း (ဆ) တွင်မြေကွက်ပိုင်ရှင်အများစုမှာမြေကွက်ရိုက်ထားသော်လည်းနေအိမ်ဆောက်လုပ်နေထိုင်ခြင်းမရှိသေးသည့်အတွက်ပျံကျကျူးကျော်များကနေအိမ်လမ်းကြားများကိုပိတ်၍တဲထိုးနေထိုင်ခြင်း၊အရက်ဘီယာဆိုင်နှင့်ဂိမ်းခုံများဖွင့်လှစ်ထားခြင်းများပြုလုပ်နေကြခြင်းဖြစ်သည်။

မြေပိုင်ရှင်များကသွားရောက်ဖယ်ရှားခိုင်းသော်လည်းဖယ်ရှားပေးခြင်းမရှိဘဲလူမိုက်များ၊ဆေးသမားများနှင့်ပြန်လည်ရန်မူခြင်းများရှိနေသည်ဟုဒေသခံများကပြောသည်။

“အဲ့ဒီအပိုင်းက မြေကွက်တွေပဲ ရိုက်ထားကြတာ၊ လူမနေကြတော့ ကျူးကျော်တွေက တဲတွေထိုးပြီး ဝင်နေကြတာပါ။ ဆေးရောင်းတဲ့သူတွေ၊ လူရမ်းကားတွေနဲ့ဆိုတော့ အတော်လေး မလုံခြုံဘူး။ အကွက်ပိုင်ရှင်တွေလည်း မပြောရဲကြဘူး၊ ရပ်ကွက်လူကြီးတွေကလည်း မတားကြဘူး။ အဲ့ဒီဆေးသမားနဲ့ ဆေးရောင်းတဲ့သူတွေက ရဲသတင်းပေး တွေလို့လည်း ကြားတယ်။ ရေချောင်းဘေးဆိုရင် သူတို့မြေအပိုင်လို အပင်စိုက်၊ တဲထိုးပြီး နေနေကြတာ“ ဟု မြေကွက်ပိုင်ရှင်တစ်ဦးက ပြောသည်။

ယင်းနေရာတွင် ကျူးကျော်နေထိုင်သူ အများစုမှာ ပြည်တွင်းအရပ်ရပ်မှ ရွှေ့ပြောင်းရောက်ရှိလာသူများဖြစ်ပြီး အမှိုက်ကောက်သူ၊ ကျဘန်းလုပ်ကိုင်သူများနှင့် မူးယစ်ဆေးဝါး လက်လီရောင်းချသူများ ဖြစ်ကြကြောင်း သိရသည်။

တာချီလိတ်မြို့တွင်၂၀၂၁ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းနိုင်ငံအနှံ့အပြားတွင်အလုပ်အကိုင်ရှားပါးမှုနှင့်စစ်ဘေးသင့်မှုများကြောင့်ရွှေ့ပြောင်းအခြေချသူများပြားလာသည်။

ယင်းနှင့်အတူ ခိုး၊ ဆိုး၊ လု၊ နှိုက် လုပ်ဆောင်သူများနှင့် မူးယစ်ဆေးဝါးသုံးစွဲသူများ ပိုမိုများပြားလာကာ နေအိမ်ဖောက်ထွင်းမှုနှင့် ဆိုင်ကယ်ခိုးယူမှုများလည်း နေ့စဉ်နီးပါး ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

#MeKongNews

#တာချီလိတ်

#အမှိုက်ပုံကွက်သစ်

#ကျူးကျော်

#မူးယစ်ဆေးဝါး

#ဂိမ်းခုံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now