နေ့စဥ်သတင်း

ကဒူးကြီးဒေသမှ ထိုင်းနယ်စပ်နှင့် ရှားတောအထိ ထိုးစစ်ဆင်ရန် စစ်ကောင်စီနှင့် PNO အင်အားဖြည့်နေ

မဲခေါင် 5 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၅ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် – PNLO ထိန်းချုပ်ထားသည့် ကဒူးကြီးဒေသ အပါအဝင် ထိုင်းနယ်စပ် နှင့် ကရင်နီပြည်၊ ရှားတောအထိ ထိုးစစ်ဆင် တိုက်ခိုက်ရန် စစ်ကောင်စီနှင့် လက်အောက်ခံ PNO – ပြည်သူ့စစ်က အင်အားထပ်မံ ဖြည့်တင်းထားပြီး စစ်ပြင်ဆင်နေသည်ဟု သတင်း ရင်းမြစ်များထံမှ သိရသည်။ လက်ရှိတွင် စစ်ကောင်စီနှင့် PNO က နောင်ထောဝ် ကျေးရွာနှင့် ဟိုနမ့် ကျေးရွာအုပ်စု ထီဟန်းခြွီတွင် အင်အား အလုံးအရင်း ဖြည့်တင်းထားပြီး PNLO ဌာနချုပ်ဘက်သို့ ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း သိရသည်။ ထို့ပြင် ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြုရန်လည်း ခေါ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ

မဲခေါင်၊ ဇန်နဝါရီ ၅

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် – PNLO ထိန်းချုပ်ထားသည့် ကဒူးကြီးဒေသ အပါအဝင် ထိုင်းနယ်စပ် နှင့် ကရင်နီပြည်၊ ရှားတောအထိ ထိုးစစ်ဆင် တိုက်ခိုက်ရန် စစ်ကောင်စီနှင့် လက်အောက်ခံ PNO – ပြည်သူ့စစ်က အင်အားထပ်မံ ဖြည့်တင်းထားပြီး စစ်ပြင်ဆင်နေသည်ဟု သတင်း ရင်းမြစ်များထံမှ သိရသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် PNO က နောင်ထောဝ် ကျေးရွာနှင့် ဟိုနမ့် ကျေးရွာအုပ်စု ထီဟန်းခြွီတွင် အင်အား အလုံးအရင်း ဖြည့်တင်းထားပြီး PNLO ဌာနချုပ်ဘက်သို့ ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ထို့ပြင် ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြုရန်လည်း ခေါ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

“အခု အင်အား ၅၀၀ ရှိတယ်၊ စစ်ကြောင်း ၂ ကြောင်းခွဲထားတယ်။ ရွာသားတွေကိုလည်း အရှေ့ကနေ သွားဖို့ သူတို့ ထပ်ခေါ်ထားတယ်ဗျ။ သူတို့ ပြောတာက ကဒူးကြီးကနေ ရှားတောအထိ ထိုးမယ်တဲ့။ အဲဒါ အောင်မြင်ရင် သံလွင် အရှေ့ဘက် ကူးပြီး ထိုင်းနယ်စပ်အထိ ယူမယ်ဆိုပြီး ပြောနေတယ်ဗျ”ဟု သတင်းရင်းမြစ်တဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်တွင်လည်း PNO က ထိုးစစ်တစ်ကြိမ် ပြုလုပ်ခဲ့ပြီး ၎င်းတို့ဘက်မှ ၇ ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာ ရသဖြင့် ပြန်လည် ဆုတ်ခွာခဲ့သည်ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

“ငါတို့ ရွာသား ၆ ဦးကို PNO က လူသားဒိုင်းလုပ်ပြီး ရှေ့ကနေ သွားခိုင်းတာ ရှေ့ဆုံးသွားတဲ့ ၂ ယောက်က တိုက်ပွဲ ဖြစ်တဲ့အချိန် PNLO တပ်နဲ့ ပိုနီးသွားတော့ PNLO က ကယ်ထားလိုက်တယ်။ ကျန်တဲ့ ၄ ယောက်ကတော့ ရွာကို ပြန်ပြေးလာတယ်။ အခုလည်း PNO ကထိုးစစ် ပြန်လုပ်မယ်ဆိုပြီး လူထပ်ဖြည့်ထားတယ်”ဟု ဒေသခံ သတင်းရင်းမြစ် က ပြောသည်။

PNO ဝါဒ ဖြန့်ချိရေးကမူ ကဒူးကြီးဒေသကို သိမ်းပိုက်ပြီးပါက သံလွင်မြစ် အရှေ့ဘက်ကူးကာ ထိုင်းနိုင်ငံနယ်စပ် နှင့် တောင်ဘက်တွင် ကရင်နီပြည်၊ ရှားတောအထိ ထိုးစစ်ဆင် သိမ်းပိုက်မည်ဟု ပြောဆိုထားသည်။

မြေပြင်တွင်လည်း ထိုးစစ် အောင်မြင်ပါက ထိုင်းနယ်စပ်အထိ လမ်းဖောက်ပေးမည် ဟုဆိုကာ ဒေသခံများကို တိုက်ပွဲတွင် ပါဝင်ကြရန် PNO က စည်းရုံးနေသည်။

ကဒူးကြီးဒေသသည် RCSS နှင့် PNLO တပ်ဖွဲ့များ လှုပ်ရှားသည့် နေရာဖြစ်ပြီး ရှားတောသည် ကရင်နီပြည်၏ မြို့နယ်တစ်ခု ဖြစ်ကာ နယ်မြေချင်း ထိစပ်နေသည်။

#MeKongNews
#ကဒူးကြီး
#ထိုင်းနယ်စပ်
#ထိုးစစ်ဆင်
#စစ်ကောင်စီ
#PNO

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now