မဲခေါင်၊ ဇန်နဝါရီ ၂
တစ်လအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သူနှင့် သုံးစွဲသူ ၃၀ ဦးကို ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း တအာင်းအမျိုး သား လွတ်မြောက်ရေး တပ်မတော် -TNLA က ယနေ့ ဇန်နဝါရီ ၂ ရက်တွင် သတင်း ထုတ်ပြန်သည်။
ယင်းဖမ်းမိသူများ အနက် ၆ ဦးက မူးယစ်ဆေးဝါး ရောင်းဝယ်သူဖြစ်ပြီး ၂၄ ဦးမှာ သုံးစွဲသူဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြသည်။
၎င်းတို့အနက် မူးယစ်ဆေး ရောင်းဝယ်သူများကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဥပဒေဖြင့် TNLA က အရေးယူသွား မည် ဖြစ်ပြီး သုံးစွဲသူများကိုမူ အကျင့်စာရိတ္တ ပြုပြင်သွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဖမ်းဆီးမိသည့် မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူများတွင် နမ့်ခမ်းမှ ၂ ဦး၊ မိုင်းဝီးမှ ၈ ဦး၊ မိုင်းလုံမှ ၃ ဦး၊ မိုင်းငေါ့မှ ၁၆ ဦးနှင့် ကွတ်ခိုင်မြို့နယ်မှ တစ်ဦးတို့ ဖြစ်ကြသည်။
TNLA အနေဖြင့် အသေးစား ရောင်းဝယ်၊ သုံးစွဲသူများကို သာမက ဖြန့်ချိသည့် လက်ကြီးသမားများကိုပါ ဖမ်းဆီး စေလိုကြောင်း တအာင်း လူငယ်တစ်ဦးဖြစ်သူ ကိုမိုင်းက ပြောသည်။
“တကယ့် လက်ကြီးသမားတွေကို ဖမ်းဆီးမှ ပြတ်မှာပါ။ သုံးစွဲသူဖြစ်တဲ့ ကလေကချေတွေကိုပဲ ဖမ်းတာက ထိ ရောက်မှု နည်းပါတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာတွင်လည်း မူးယစ်ဆေး ရောင်းဝယ်သူ ၉ ဦးနှင့် သုံးစွဲသူ ၃၀ ဦးတို့ကို TNLA က ဖမ်းဆီး ခဲ့သေးသည်။
#MeKongNews
#မူးယစ်ဆေး
#ရောင်းဝယ်
#TNLA
#ဖမ်းဆီး








