နေ့စဥ်သတင်း

စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု ကရင်နီ တပ်ပေါင်းစုများ ပြုလုပ်

မဲခေါင် 25 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၅ ကရင်နီပြည်၊ ဒီးမော့ဆိုတွင် ကရင်နီပြည် တော်လှန်ရေးတပ်ဖွဲ့များ စုပေါင်း၍ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဒီဇင်ဘာ ၂၃ ရက်တွင် ပြုလုပ်ခဲ့ကြောင်း ကရင်နီ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် KPLA – B 626 က ယနေ့ ထုတ်ပြန်သည်။ ယင်းလှုပ်ရှားမှုတွင် သက်ဆိုင်ရာ တော်လှန်ရေး တပ်ရင်းတာဝန်ခံများက ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ကန့်ကွက်ခြင်း၊ ကြွေးကြော်သံများ ဟစ်ကြွေးခြင်း၊ လှုပ်ရှားမှုပုံရိပ်နှင့် သရုပ်ပြ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းလှုပ်ရှားမှုကို ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး – ကလလတ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် – KNDF

မဲခေါင်၊ ဒီဇင်ဘာ ၂၅

ကရင်နီပြည်၊ ဒီးမော့ဆိုတွင် ကရင်နီပြည် တော်လှန်ရေးတပ်ဖွဲ့များ စုပေါင်း၍ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဒီဇင်ဘာ ၂၃ ရက်တွင် ပြုလုပ်ခဲ့ကြောင်း ကရင်နီ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် KPLA – B 626 က ယနေ့ ထုတ်ပြန်သည်။

ယင်းလှုပ်ရှားမှုတွင် သက်ဆိုင်ရာ တော်လှန်ရေး တပ်ရင်းတာဝန်ခံများက ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ကန့်ကွက်ခြင်း၊ ကြွေးကြော်သံများ ဟစ်ကြွေးခြင်း၊ လှုပ်ရှားမှုပုံရိပ်နှင့် သရုပ်ပြ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းလှုပ်ရှားမှုကို ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး – ကလလတ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် – KNDF နှင့် ကယန်းအမျိုးသား တပ်မတော် – KNA၊ ရှမ်း – ကယားစစ်တိုင်း တပ်ရင်းအမှတ် (၁၁၀၉)၊ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုမြို့နယ် – DMO Local PDF တို့က ပူးပေါင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်သူလူထုတစ်ရပ်လုံး အနေဖြင့်လည်း စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲအား ရရာနည်းမျိုးစုံဖြင့် ဆန့်ကျင်ကြရန် တိုက်တွန်း နှိုးဆော်ထားသည်။

အတုအယောင် ရွေးကောက်ပွဲနှင့် ပတ်သက်သမျှ အကြောင်းအရာ၊ ပတ်သက်သူ မှန်သမျှကိုလည်း လူထုသစ္စာဖောက် အဖြစ်သတ်မှတ်ပြီး မိမိတို့ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၊ ဗဟိုစစ်ဦးစီးတပ်၊ အမှတ် – ၆၂၆ တပ်ရင်းအနေဖြင့် ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်သွားမည် ဖြစ်ကြောင်းလည်း အသိပေး ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၂၈ ရက်တွင် ပြုလုပ်မည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲ အပိုင်း – ၁ ပြုလုပ်ရန် ၄ ရက်ခန့်သာ လိုချိန်တွင် ရွေးကောက်ပွဲ ဆန့်ကျင်မှုကို ကရင်နီ တပ်ပေါင်းစုများက အင်တိုက်အားတိုက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

#MeKongNews
#ရွေးကောက်ပွဲ
#စစ်ကောင်စီ
#ကရင်နီ
#ဆန့်ကျင်ရေး
#KPLA
ဓာတ်ပုံ – ဖူးမော်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now