နေ့စဥ်သတင်း

NUG မှ ဖမ်းဆီးနိုင်ရေး လုပ်ဆောင်မည့်အထဲ PNO ဥက္ကဌ ခွန်စံလွင်လည်း ပါဝင်

မဲခေါင် 23 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၂၃ စစ်တပ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) အဖွဲ့ဝင် ၃၃ ဦးတွင် ပါဝင်ခဲ့သည့်အတွက် PNO ဥက္ကဌ ခွန်စံလွင်မှာ NUG အစိုးရ၏ အကြမ်းဖက်သမားစာရင်းတွင် ပါဝင်ခဲ့ပြီး ဖမ်းဆီးရမိနိုင်ရေး NUG ဘက်မှ ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၁ရက်တွင် ကြေညာသည်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ခွန်စံလွင်အပါအဝင် ၃၃ဦးကို NUG – အမျိုးသားညီညွတ်ရေးအစိုးရမှ အကြမ်းဖက်သမားများအဖြစ် ဇူလိုင်လ ၃၁ရက်တွင် ကြေညာခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၂၁ရက်တွင်မူ ဖမ်းဆီးရမိနိုင်ရေး ကြိုးပမ်းဆောင်ရွက်မည်ဟု ထပ်မံ ကြေညာလာခြင်းဖြစ်သည်။ ယင်း ၃၃ ဦးကို ဖမ်းဆီးရမိနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများအနေဖြင့်

မဲခေါင်၊ ဒီဇင်ဘာ ၂၃

စစ်တပ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) အဖွဲ့ဝင် ၃၃ ဦးတွင် ပါဝင်ခဲ့သည့်အတွက် PNO ဥက္ကဌ ခွန်စံလွင်မှာ NUG အစိုးရ၏ အကြမ်းဖက်သမားစာရင်းတွင် ပါဝင်ခဲ့ပြီး ဖမ်းဆီးရမိနိုင်ရေး NUG ဘက်မှ ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၁ရက်တွင် ကြေညာသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ခွန်စံလွင်အပါအဝင် ၃၃ဦးကို NUG – အမျိုးသားညီညွတ်ရေးအစိုးရမှ အကြမ်းဖက်သမားများအဖြစ် ဇူလိုင်လ ၃၁ရက်တွင် ကြေညာခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၂၁ရက်တွင်မူ ဖမ်းဆီးရမိနိုင်ရေး ကြိုးပမ်းဆောင်ရွက်မည်ဟု ထပ်မံ ကြေညာလာခြင်းဖြစ်သည်။

ယင်း ၃၃ ဦးကို ဖမ်းဆီးရမိနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် NUG က တိုက်တွန်းနှိုးဆော်ထားသည်။

ခွန်စံလွင်ကို စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ခွန်စံလွင်၏ ဖခင်ဖြစ်သူ ဦးလှဖေမှာ စစ်အုပ်စုကို တော်လှန်ခဲ့သည့် ပအိုဝ်းအမျိုးသားခေါင်းဆောင်တစ်ဦး ဖြစ်သော်လည်း သားဖြစ်သူ ခွန်စံလွင်မှာမူ စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်နေသူဟု ပအိုဝ်းတော်လှန်ရေးအင်အားစုများ၏ ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံနေရသူလည်း ဖြစ်သည်။

NUG က အကြမ်းဖက်သမားအဖြစ် သတ်မှတ်ကြေညာသူ ၃၃ ဦးတွင်- ၁။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂။ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၃။ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ၄။ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၅။ ဗိုလ်ချုပ်ကြီး မြထွန်းဦး ၆။ ဗိုလ်ချုပ်ကြီး တင်အောင်စန်း ၇။ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ၈။ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ၉။ ဖဒိုမန်းငြိမ်းမောင် ၁၀။ ဦးသိန်းညွန့် ၁၁။ ဦးခင်မောင်ဆွေ ၁၂။ ဒေါ်အေးနုစိန် ၁၃။ Jeng Phang နော်တောင် ၁၄။ ဦးမောင်းဟာ ၁၅။ ဦးစိုင်းလုံးဆိုင် ၁၆။ စောဒန်နီယယ် ၁၇။ ဒေါက်တာဗညားအောင်မိုး ၁၈။ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ၁၉။ ဦးရွှေကြိမ်း ၂၀။ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ၂၁။ ဦးဝဏ္ဏမောင်လွင် ၂၂။ ဒေါ်ဒွဲဘူ ၂၃။ ပိုးရယ်အောင်သိန်း ၂၄။ ပူဂင့်ကမ်းလျန် ၂၅။ ဦးမောင်ကို ၂၆။ ဒေါက်တာအောင်ကျော်မင်း ၂၇။ ဒေါက်တာကျော်ထွန်း ၂၈။ ခွန်စံလွင် ၂၉။ ဦးရန်ကျော် ၃၀။ ဒေါက်တာမှုထန် ၃၁။ ဒေါက်တာဘရွှေ ၃၂။ ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် ၃၃။ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော တို့ ပါဝင်သည်။

#MeKongNews
#ခွန်စံလွင်
#PNO
#အကြမ်းဖက်သမား
#ဦးလှဖေ
#NUG

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now