နေ့စဥ်သတင်း

ရှမ်းအခြေစိုက် အဖွဲ့များအပါ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု – SRA စတင်ဖွဲ့စည်း

မဲခေါင် 16 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၁၆ ရှမ်းပြည်အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့လည်းများ ပါဝင်သည့် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု – SRA ကို စတင် ဖွဲ့စည်းလိုက်ကြောင်း ယင်းတပ်ပေါင်းစုက ဒီဇင်ဘာ ၁၅ ရက်ညတွင် သတင်းထုတ်ပြန်သည်။ ယင်းတပ်ပေါင်းစုတွင် 96 Soldiers PDF၊ ဗမာ့တပ်မတော် – BA၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး – BLDF၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် – BPLA၊ ချင်း ညီ နောင် – CB) ဓနု ပြည်သူ့လွတ်မြောက်ရေးတပ် ဦး – DPLF၊ Force For Federal Democracy(FFD)၊ Generation Z

မဲခေါင်၊ ဒီဇင်ဘာ ၁၆

ရှမ်းပြည်အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့လည်းများ ပါဝင်သည့် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု – SRA ကို စတင် ဖွဲ့စည်းလိုက်ကြောင်း ယင်းတပ်ပေါင်းစုက ဒီဇင်ဘာ ၁၅ ရက်ညတွင် သတင်းထုတ်ပြန်သည်။

ယင်းတပ်ပေါင်းစုတွင် 96 Soldiers PDF၊ ဗမာ့တပ်မတော် – BA၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး – BLDF၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် – BPLA၊ ချင်း ညီ နောင် – CB) ဓနု ပြည်သူ့လွတ်မြောက်ရေးတပ် ဦး – DPLF၊ Force For Federal Democracy(FFD)၊ Generation Z Army (GZA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် – KNDF၊ ကလေးဒေသ တော်လှန်ရေးတပ် – KRF၊ မကွေး ပြည်သူ့ကာကွယ်ရေးတပ်မတော် -MAGGWAY PDF၊ မွန်ပြည် တော်လှန်ရေးတပ် – MSRF၊ အမျိုးသား လွတ်မြောက်ရေးတပ်တော်-NLA၊ ပြည်သူ့ လွတ်လပ်ရေးတပ်တော်(PLA)၊ ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(ခမ်းကောင်) – PNDF-KK / ပအိုဝ်း ပြည်သူ့ကာကွယ်ရေးတပ် (ခမ်းဒေါမ်) – PPDF-KD၊ စစ်ကိုင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် – SAGAING PDF၊ ကျောင်းသား လက်ရုံးတပ်တော် – SAF၊ ယောတပ်တော် – YA နှင့် ယောကာကွယ်ရေးတပ် – YDF တို့ပါဝင်သည်။

ယင်းအထဲတွင် DPLF နှင့် PNDF-KK တို့သည် ရှမ်းပြည်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များ ဖြစ်သည်။

” PNFC ရဲ့နိုင်ငံရေးဦးဆောင်မှု အောက်မှာ အတူတူလက်တွဲ တိုက်ပွဲဝင်နေတဲ့ ခမ်းကောင်နဲ့ ခမ်းဒေါမ်က PNDF-KK/ PPDF – KD တပ်ဖွဲ့တစ်ဖွဲ့ အနေနဲ့ ပါဝင်တာဖြစ်တယ်”ဟု PPDF-KD တာဝန်ရှိသူတစ်ဦးက မဲခေါင်သို့ ပြောသည်။

စစ်အုပ်စု၏ အကြမ်းဖက် လုပ်ရပ်များကို ဗျူဟာမြောက် ခုခံတွန်းလှန်နိုင်ရန် အဖွဲ့ ၁၉ ဖွဲ့ဖြင့် SRA ကို စတင် ဖွဲ့ စည်းလိုက်ပြီး ဖက်ဒရယ် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ဂျန်ဒါတန်းတူရေး၊ တရားမျှတရေးနှင့် ငြိမ်းချမ်းရေး လိုလားချက်များ ရရှိသည်အထိ တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု အဖွဲ့ဝင်များသည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး၊ ပြည်သူလူထု၏ အထွေထွေ လူမှုစီးပွား အကြပ်အတည်းမှ လွတ်မြောက်ရေး ၊ ခိုင်မာကျယ်ပြန့်သော မဟာမိတ်တပ်ပေါင်းစု အသွင်ဖြင့် ရပ်တည်ရန်နှင့် ထိရောက် အားကောင်းသော ကွပ်ကဲမှု ယန္တရားတစ်ရပ် ပေါ်ပေါက်ရေး၊ နိုင်ငံရေး စစ်ရေးဆိုင်ရာ ဦးတည်ချက်၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို စုစည်း ညီညွတ်မှုအားဖြင့် အကောင်အထည် ဖော်ရေး ဆိုသည့် အချက် ၄ ချက်ကိုလည်း ကတိကဝတ်ပြု လက်မှတ် ရေးထိုးကြသည်။

“သမားရိုးကျစစ်မှာ အင်အားနဲ့ တုံ့ပြန်ခြင်းဟာ အဓိကကျတယ်။ တော်လှန်ရေး တပ်တွေဟာ မြေပြင် တိုက်ခိုက်ရေးမှာ စိတ်ဓာတ်အရ သာလွန်ပြီးသား ဖြစ်တယ်၊ ထောက်ပို့ပိုင်း စိတ်ချရရင် စစ်ပွဲအောင်ဖို့ ရာနှုန်းပြည့်ပဲ။ နပိုလီယံပြောသလို စစ်တပ်ဆိုတာ ဗိုက်နဲ့တိုက်တာ ဆိုတော့ စစ်ရေး ဝမ်းစာပြည့်ဖို့ အရေးကြီးပါတယ်”ဟု စစ်ရေး လေ့လာသူတစ်ဦးက သုံးသပ်သည်။

နွေဦးတော်လှန်ရေး တပ်ပေါင်းစု ပေါ်ပေါက်လာစေရန် အဖွဲ့၇ ဖွဲ့က မေလတွင် စတင်ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာ ပထမပတ်၌ အဖွဲ့ ၁၄ ဖွဲ့ဖြင့် ကနဦးတွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ဘုံသဘောတူညီချက်နှင့် ထပ်မံ ဖိတ်ကြားသင့်သော အဖွဲ့များကို ဖိတ်ကြားခဲ့ကာ နိုဝင်ဘာ ၂၁ ရက်တွင် အဖွဲ့ ၁၉ ဖွဲ့နှင့် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုကို ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်ပေါင်းစုအတွင်း မပါဝင်သေးသည့် အခြား တော်လှန်ရေး တပ်ဖွဲ့များကိုလည်း မူဝါဒ သတ်မှတ်ချက်နှင့် အညီ ထပ်မံ ဖိတ်ခေါ်သွားမည်ဟု SRA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#MeKongNews
#နွေဦးတော်လှန်ရေး
#မဟာမိတ်တပ်ပေါင်းစု
#SRA
#စတင်ဖွဲ့စည်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now