နေ့စဥ်သတင်း

တော်လှန်ရေး အောင်မြင်သည်အထိ သွေးချင်းအင်အားစုနှင့် လက်တွဲမည်ဟု ပအိုဝ်း တော်လှန်ရေးအဖွဲ့များ ကြေညာ

မဲခေါင် 13 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၁၂ တော်လှန်ရေး အောင်မြင်သည်အထိ ပြည်ထောင်စုသွေးချင်း တော်လှန်ရေး အင်အားစုနှင့် လက်တွဲသွားမည်ဟု ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် – PNLO တို့က ပူးတွဲ ကြေညာသည်။ ပဒေသရာဇ် စနစ်ဆိုးကို ဆန့်ကျင် တော်လှန်‌ရန် စတင် ဆင်နွှဲခဲ့သော ပအိုဝ်းတော်လှန်ရေးနေ့သည် ဒီဇင်ဘာ ၁၁ရက်တွင် ၇၆ နှစ်မြောက် အထိမ်းအမှတ် အဖြစ် ယင်းအဖွဲ့အစည်းများက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ “မတရား ဖိနှိပ်ချုပ်ချယ်တဲ့ စနစ်ဆိုးတွေကို လက်ရှိ တော်လှန်ရေးနဲ့ အတူတူ ပူးတွဲပြီး လုပ်ဆောင်သွားဖို့၊ ပအိုဝ်းလူမျိုးများ အနေနဲ့လည်း မတရားဖိနှိပ်တဲ့ စနစ်ဆိုးတွေကို တော်လှန်ခဲ့တာကို

မဲခေါင်၊ ဒီဇင်ဘာ ၁၂

တော်လှန်ရေး အောင်မြင်သည်အထိ ပြည်ထောင်စုသွေးချင်း တော်လှန်ရေး အင်အားစုနှင့် လက်တွဲသွားမည်ဟု ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် – PNLO တို့က ပူးတွဲ ကြေညာသည်။

ပဒေသရာဇ် စနစ်ဆိုးကို ဆန့်ကျင် တော်လှန်‌ရန် စတင် ဆင်နွှဲခဲ့သော ပအိုဝ်းတော်လှန်ရေးနေ့သည် ဒီဇင်ဘာ ၁၁ရက်တွင် ၇၆ နှစ်မြောက် အထိမ်းအမှတ် အဖြစ် ယင်းအဖွဲ့အစည်းများက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“မတရား ဖိနှိပ်ချုပ်ချယ်တဲ့ စနစ်ဆိုးတွေကို လက်ရှိ တော်လှန်ရေးနဲ့ အတူတူ ပူးတွဲပြီး လုပ်ဆောင်သွားဖို့၊ ပအိုဝ်းလူမျိုးများ အနေနဲ့လည်း မတရားဖိနှိပ်တဲ့ စနစ်ဆိုးတွေကို တော်လှန်ခဲ့တာကို သတိဝင်စေပြီးတော့ ကျနော်တို့ ခေါင်းဆောင်ဟောင်းတွေ ချမှတ်ခဲ့တဲ့ လမ်းစဥ်တွေကိုလည်း ပြန်လည် လျှောက်လှမ်းဖို့၊ ဒါတွေကိုလည်း မျိုးဆက်သစ် အင်အားစု၊ မျိုးဆက်သစ် လူငယ်တွေ အနေနဲ့လည်း တကယ့်စစ်မှန်တဲ့ လွတ်မြောက်မှု၊ စစ်မှန်တဲ့ တရားမျှတမှုတွေရဖို့ ဆက်လက် ပူးပေါင်းတော် လှန်သွားကြဖို့ တိုက်တွန်းပါတယ်”ဟု PNFC ၏ အတွင်းရေးမှူး ၁ ခွန်ဦးက မဲခေါင်သို့ ပြောသည်။

စစ်ကောင်စီ အာဏာ တည်မြဲရေးနှင့် ၎င်းတို့ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ဖုံးကွယ် ဖျောက်ဖျက်နိုင်ရန် သေနတ်ထောက် ကျင်းပမည့် တရားမဝင် ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး ကန့်ကွက် ရှုံ့ချကြောင်းလည်း ထုတ်ပြန်ချက်တွင် ပြောထားသည်။

ထို့ပြင် ဒီဇင်ဘာ ၁၀ ရက်တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ကျူးလွန်မှုအား ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုံ့ချကြောင်းလည်း ဆိုထားသည်။

ထို့နောက် ပအိုဝ်းဒေသ အပါအဝင် မြန်မာနိုင်ငံ နေရာအနှံ့အပြားမှ အပြစ်မဲ့ ပြည်သူများကို နေ့စဉ် ပစ်မှတ်ထား တိုက်ခိုက်နေသော စစ်ကောင်စီနှင့် စစ်အုပ်စုများကို နိုင်ငံတကာက လက်ပိုက် ကြည့်မနေဘဲ ဝိုင်းဝန်းထိန်းကျောင်း အပြစ်ပေး အ‌ရေးယူကြရန်လည်း ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

#MeKongNews
#တော်လှန်ရေး
#သွေးချင်းအင်အားစု
#PNFC
#PNLO

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now