နေ့စဥ်သတင်း

နမ့်ဖတ်ကာတွင် လင်မယားကို ဓားဖြင့်ခုတ်သူ TNLA ဖမ်းဆီး

မဲခေါင် 11 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၁၁ ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဖတ်ကာ၌ လင်မယား ၂ ဦးကို ဓားဖြင့် ခုတ်သူတစ်ဦးအား TNLA ရဲတပ်ဖွဲ့က ၆ ရက် အကြာတွင် ဖမ်းမိကြောင်း ဒေသ သတင်းအရင်းအမြစ်အရ သိရသည်။ ယင်းဖြစ်စဉ်မှ ကျူးလွန်သူကို ဒီဇင်ဘာ ၈ ရက်တွင် ဖမ်းမိခြင်းဖြစ်ပြီး ၎င်းမှာ နမ့်ဖတ်ကာ ရပ်ကွက်(၁)တွင် နေထိုင်သည့် မဂွန်းအားတန် ဆိုသူဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာ ၂ ရက်၊ ညနေ ၄ နာရီခန့်တွင် နမ့်ဖတ်ကာ ကျေးရွာအုပ်စု၊ လွယ်ကန်ကျေးရွာ လယ်ကွင်းအနီး၌ ဦးအေးလိုင်နှင့် ဒေါ်အီမေးတို့နှစ်ဦးအား ဓားဒဏ်ရာများဖြင့် လဲကျနေသည်ကို ရွာသားများက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ “ဓားနဲ့ခုတ်ခံရတဲ့

မဲခေါင်၊ ဒီဇင်ဘာ ၁၁

ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဖတ်ကာ၌ လင်မယား ၂ ဦးကို ဓားဖြင့် ခုတ်သူတစ်ဦးအား TNLA ရဲတပ်ဖွဲ့က ၆ ရက် အကြာတွင် ဖမ်းမိကြောင်း ဒေသ သတင်းအရင်းအမြစ်အရ သိရသည်။

ယင်းဖြစ်စဉ်မှ ကျူးလွန်သူကို ဒီဇင်ဘာ ၈ ရက်တွင် ဖမ်းမိခြင်းဖြစ်ပြီး ၎င်းမှာ နမ့်ဖတ်ကာ ရပ်ကွက်(၁)တွင် နေထိုင်သည့် မဂွန်းအားတန် ဆိုသူဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၂ ရက်၊ ညနေ ၄ နာရီခန့်တွင် နမ့်ဖတ်ကာ ကျေးရွာအုပ်စု၊ လွယ်ကန်ကျေးရွာ လယ်ကွင်းအနီး၌ ဦးအေးလိုင်နှင့် ဒေါ်အီမေးတို့နှစ်ဦးအား ဓားဒဏ်ရာများဖြင့် လဲကျနေသည်ကို ရွာသားများက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“ဓားနဲ့ခုတ်ခံရတဲ့ ဦးအေးလိုင်က ဘယ်ပါး ဒဏ်ရာကြီးတယ်၊ ဒေါ်အီမေးက လက်ပြတ်တယ်၊ ဒဏ်ရာကြီးလို့ နမ့်ဖတ်ကာ ဆေးရုံကနေ ကွတ်ခိုင်ကို ပြောင်းကုနေတယ်။ ဒေါ်အီမေး ပြောတာက သူတို့ကို အင်္ကျီအနက်ရောင် နဲ့ ပြောက်ကျားဘောင်းဘီ ဝတ်ထားတဲ့ အမျိုးသားတစ်ဦးက ဓားနဲ့ ခုတ်သွားတာလို့ ဖြေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး မသင်္ကာသူများကို TNLA ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လွှတ် ပေးခဲ့ပြီးနောက် နမ့်ဖတ်ကာ အရပ်ဘက် အုပ်ချုပ်ရေးအဖွဲ့များက TNLA ရဲတပ်ဖွဲ့နှင့်အတူ တရားခံကို ဝိုင်းဝန်းဖော်ထုတ် ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

“ ထင်းခိုးခုတ်ရာက စတာပဲ၊ အကြမ်းဖျဥ်း ပြောရရင်တော့ လူမျိူးရေး ဆိုရမလားပဲ။ ဒီမှာက ကချင်၊ ပလောင်တွေ ရောနှော နေထိုင်နေကြတာ”ဟု နမ့်ဖတ်ကာ နေသူတစ်ဦးက ပြောသည်။

ယင်းဖြစ်ရပ်မျိုး ယခုနှစ် အတွင်းမှာပင် ကွတ်ခိုင်၌ တစ်ကြိမ်၊ မိုင်းယူး၌ တစ်ကြိမ်နှင့် ယခု နမ့်ဖက်ကာတွင် တစ်ကြိမ် ဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာ ပြင်းထန်ခဲ့သည်ဟု ၎င်းက ပြောသည်။

နမ့်ဖတ်ကာသည် ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း လူမျိုးပေါင်းစုံ ပါဝင်သော အရပ်ဘက်အုပ်ချုပ်ရေး ယန္တရားကို ဖွဲ့ စည်းကာ မြို့ပြစီမံကိန်းကို ဖော်ဆောင်နေသော ကျေးရွာဖြစ်ကြောင်း သိရသည်။

#MeKongNews
#နမ့်ဖတ်ကာ
#လင်မယား
#ဓားဖြင့်ခုတ်
#TNLA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now