နေ့စဥ်သတင်း

ရှမ်းတောင်သွား သံတိုသံစ ကုန်ကားများကို စစ်ကောင်စီ အကြောင်းမဲ့ တားဆီးထား

မဲခေါင် 4 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၄ ရှမ်းပြည်မြောက်ပိုင်းမှ တောင်ပိုင်းသို့ သံတိုသံစ သယ်ယူသည့် ကားများကို စစ်ကောင်စီက သွားခွင့်မပေးဘဲ စစ်ဆေးရေးဂိတ်များတွင် အကြောင်းမဲ့ တားဆီးထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ သီပေါ – မိုင်းရယ် – ကျေးသီးလမ်း မှတစ်ဆင့် ရှမ်းတောင်မှ ပြည်မသို့ ဆက်လက် သယ်ယူမည့် သံတိုသံစ ကုန်တင်ကားကြီးများကို ယင်းလမ်းပေါ်ရှိ ကောင်းလန်း၊ မန်ပုံ၊ လွယ်ငင်းနှင့် မိုင်းရယ်မြို့ အဝင်အထွက်တို့တွင် ၎င်းတို့က အကြောင်းမဲ့ တားဆီးထားခြင်းဖြစ်ကြောင်း သိရသည်။ “ဘာလို့ သွားလို့မရတာလဲ သေသေချာချာ မပြောဘူး။ ဒီအတိုင်းပဲ ပိတ်ထားတာ သံတိုသံစတွေကို သယ် တဲ့ ကီလိုကုန်ကားတွေကို မပေးသွားဘူး။ ဘယ်ရက် ပြန်ဖွင့်ပေးမလဲ

မဲခေါင်၊ ဒီဇင်ဘာ ၄

ရှမ်းပြည်မြောက်ပိုင်းမှ တောင်ပိုင်းသို့ သံတိုသံစ သယ်ယူသည့် ကားများကို စစ်ကောင်စီက သွားခွင့်မပေးဘဲ စစ်ဆေးရေးဂိတ်များတွင် အကြောင်းမဲ့ တားဆီးထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

သီပေါ – မိုင်းရယ် – ကျေးသီးလမ်း မှတစ်ဆင့် ရှမ်းတောင်မှ ပြည်မသို့ ဆက်လက် သယ်ယူမည့် သံတိုသံစ ကုန်တင်ကားကြီးများကို ယင်းလမ်းပေါ်ရှိ ကောင်းလန်း၊ မန်ပုံ၊ လွယ်ငင်းနှင့် မိုင်းရယ်မြို့ အဝင်အထွက်တို့တွင် ၎င်းတို့က အကြောင်းမဲ့ တားဆီးထားခြင်းဖြစ်ကြောင်း သိရသည်။

“ဘာလို့ သွားလို့မရတာလဲ သေသေချာချာ မပြောဘူး။ ဒီအတိုင်းပဲ ပိတ်ထားတာ သံတိုသံစတွေကို သယ် တဲ့ ကီလိုကုန်ကားတွေကို မပေးသွားဘူး။ ဘယ်ရက် ပြန်ဖွင့်ပေးမလဲ မသိသေးဘူး။ အခု ကောင်းလန်းဂိတ်မှာ တံတားမှာ ခံနေတဲ့ သံကားတွေ အများကြီးပဲ၊ အစီး ၅၀ လောက်ရှိတယ်။ ရှေ့သွားမရ နောက်ဆုတ်မရနဲ့ ဖြစ်နေတယ်”ဟု ကားသမားတစ်ဦးက ပြောသည်။

ယင်းကီလိုကားများသည် ရှမ်းမြောက်ရှိ သံတိုသံစ အဟောင်းများကို ရှမ်းတောင်မှတစ်ဆင့် ဈေးကွက်ရှိသည့် အောက်ပြည်အထိ သယ်ယူ ပို့ဆောင်ပေးလျက်ရှိသည်။

“အဲလို ပိတ်တော့ ကုန်စည်စီးဆင်းတာ နှေးကုန်တာပေါ့ဗျာ။ ကားသမားတွေကို မှီခိုနေရတဲ့ မိသားစုတွေ အတွက်လည်း စားဝတ်နေရေး ထိခိုက်ရ စိုးရိမ်ရတာပေါ့။ တရားမဝင်ကုန်လည်း မဟုတ်ဘူးလေ။ ဒါတွေက နှစ်ပေါင်းများစွာ လုပ်လာတဲ့ သံတိုသံစအဟောင်း ရောင်းဝယ်ရေး အလုပ်ပဲလေ”ဟု ကားသမားတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီဂိတ်က တားဆီးထားသည်မှာ နိုဝင်ဘာကတည်းက ဖြစ်ပြီး ကြာမြင့်စွာ ပိတ်ထားခြင်းကြောင့် အချို့ ကားသမားများမှာ ကားများကို လူစောင့်ဖြင့် ထားခဲ့ပြီး နေရပ်ပြန်သွားခြင်းလည်း ရှိကြောင်း သတင်းရင်းမြစ်က ပြောသည်။

“တချို့ သူတွေကတော့ ကားကို အစောင့်နဲ့ထားပြီး လူတွေပဲ အရင် ပြန်သွားလိုက်တာလည်းရှိတယ်။ အမျိုးသမီးတွေ ကလေးတွေပါလာတဲ့ ကားတွေဆိုလည်း မိသားစုကိုခေါ် ပြီး အရင်ပြန်သွားကြပြီး ကားကို အစောင့်နဲ့ ထားခဲ့တာပေါ့”ဟု ကားသမားတစ်ဦးက ပြောသည်။

သီပေါ – နမ့်လန် လမ်းတွင်မူ စစ်ကောင်စီနှင့် ကိုးကန့်တပ်က သီပေါတံတားကို ယနေ့အချိန်အထိ အပြန်အလှန် ပိတ်ထားသဖြင့် ယင်းလမ်းကြောင်းတွင်လည်း သွားလာ၍ မရသေးကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

#MeKongNews
#ရှမ်းတောင်
#သံတိုသံစ
#စစ်ကောင်စီ
#တားဆီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now