နေ့စဥ်သတင်း

ပင်လောင်း၌ နှင်းကျစောသဖြင့် စစ်ကောင်စီနှင့် PNO ကို ဆက်ကြေး ပေးထားသော ဘိန်းခင်းများ ပျက်စီး

မဲခေါင် 4 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၄ စစ်ကောင်စီနှင့် PNO ကို တစ်အိမ်လျှင် ကျပ် ၃သိန်းဆက်ကြေးပေး၍ စိုက်ရသော ဘိန်းခင်း ဧကများစွာမှာ နှင်းကျစောသဖြင့် ပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်း၌ ဘိန်းစိုက်ပျိုးခွင့်ရရန် ရဲ၊ စစ်တပ်နှင့် PNO တို့အား တစ်အိမ် ၃ သိန်းကျပ် တောင်သူများက ဆက်ကြေး ပေးကာ စိုက်ပြီးရခြင်းဖြစ်ပြီး နိုဝင်ဘာ နောက်ဆုံးပတ်တွင် နှင်းများ‌ စတင်ကျခဲ့ပြီး ဘိန်းခင်းများ နှင်းရည် ထိခြင်းကြောင့် အပင်ခြောက်သွားခြင်း၊ ဘိန်းအစေးများ မထွက်ခြင်းတို့နှင့် ကြုံရသဖြင့် တောင်သူများ အထိနာခဲ့ကြောင်း ဒေသခံများက ဆိုသည်။ “မြေနိမ့်ပိုင်းဆိုရင် လုံးဝမရတော့ဘူး၊ နှင်းရည်ကျပြီး အပင်တွေ သေကုန်တယ်။

မဲခေါင်၊ ဒီဇင်ဘာ ၄

စစ်ကောင်စီနှင့် PNO ကို တစ်အိမ်လျှင် ကျပ် ၃သိန်းဆက်ကြေးပေး၍ စိုက်ရသော ဘိန်းခင်း ဧကများစွာမှာ နှင်းကျစောသဖြင့် ပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်း၌ ဘိန်းစိုက်ပျိုးခွင့်ရရန် ရဲ၊ စစ်တပ်နှင့် PNO တို့အား တစ်အိမ် ၃ သိန်းကျပ် တောင်သူများက ဆက်ကြေး ပေးကာ စိုက်ပြီးရခြင်းဖြစ်ပြီး နိုဝင်ဘာ နောက်ဆုံးပတ်တွင် နှင်းများ‌ စတင်ကျခဲ့ပြီး ဘိန်းခင်းများ နှင်းရည် ထိခြင်းကြောင့် အပင်ခြောက်သွားခြင်း၊ ဘိန်းအစေးများ မထွက်ခြင်းတို့နှင့် ကြုံရသဖြင့် တောင်သူများ အထိနာခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“မြေနိမ့်ပိုင်းဆိုရင် လုံးဝမရတော့ဘူး၊ နှင်းရည်ကျပြီး အပင်တွေ သေကုန်တယ်။ တောင်ပေါ် အမြင့်ပိုင်းဆိုလည်း အရမ်းအေးတော့ အစေးက မထွက်ဘူး။ ဘိန်းစိုက်တာက အရင်းနှီးအများကြီး ကုန်တယ်။ ဒီနှစ်က ဈေးလည်းမရှိတော့ ထုတ်ရောင်းရင် အရင်းတောင် ကျေမလားမသိဘူး”ဟု ဒေသခံ တောင်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။

နှင်းရည်များ ကျခြင်းကြောင့် ထီတလိ၊ စင်းတောင်း၊ ဝါးလီ၊ တင်းထက်၊ တောင်လေး၊ ထီဗိရှိ စိုက်ခင်းများ အကုန် ပျက်စီးသွားခဲ့ပြီး ခန့်မှန်းခြေ ဧကတစ်ထောင်ကျော်ကြောင်း ဒေသခံများက ပြောသည်။

“အခွန်လည်း ဈေးကြီးတယ်။ အရင်ဆို တစ်နှစ်ကို တစ်သိန်းကျော်ကျော်ပဲ ကျတာ။ ခုနှစ်က ၃ သိန်းတောင် ပေးရတယ်။ အခွန် ဆောင်ပြီးတာတောင် သူတို့ မိုင်ရှည်သွားတဲ့ချိန် စစ်ကြောင်း ထိုးလာတဲ့ချိန်နဲ့ တိုးရင် လူကိုဖမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေလည်း ရှိသေးတယ်”ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

ပင်လောင်းမြို့နယ်ထွက် ဘိန်းသည် အ‌ရည်အသွေး ကောင်းမွန်ပြီး တစ်ဧက ၈ ကီလိုဂရမ်အထိ ထွက်ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့်နှစ်တွင် ဘိန်းစိမ်း တစ်ပိဿာ ၁၀ သိန်းကျပ်အထိ ရသော်လည်း ယခုနှစ်တွင် ဘိန်းစိမ်း တစ်ပိဿာ ၆ သိန်း သာရကြောင်း ဒေသခံများထံမှ သိရသည်။

မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ်အတွင်း တရားမဝင် ဘိန်းထုတ်လုပ်မှု တန်ချိန် တ‌စ်ထောင်ကျော် ရှိခဲ့‌သောကြောင့် ကမ္ဘာတဝန်း အမြင့်ဆုံးတွင် ရှိကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံးက ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ထားသည်။

#MeKongNew
#ပင်လောင်း
#နှင်းကျစော
#ဘိန်းခင်း
#ပျက်စီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now