မဲခေါင်၊ ဒီဇင်ဘာ ၃
ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဖတ်ကာမြို့၌ နွားသူခိုး ၄ ဦးကို ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။
သတင်းအရ နိုဝင်ဘာ ၃၀ ရက်တွင် ယင်းသူခိုးများအား ဖမ်းဆီးနိုင်ခဲ့ပြီး နမ့်ဖတ်ကာမြို့နယ် တစ်ခွင်မှ နွားနှင့် သိုးများ ခိုးယူခဲ့ကြောင်း စစ်ဆေးမှုအတွင်း ၎င်းတို့က ဝန်ခံခဲ့ကြောင်း သိရသည်။
“သူတို့က နမ့်ဖတ်ကာကပဲ၊ တိရစ္ဆာန်တွေ ခိုးသတ်ဖြတ်ပြီး ရောင်းတာ ဝန်ခံတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ဆိုသည်။
၎င်းတို့၏ ထုတ်ဖော် ဝန်ခံချက်အရ ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်အထိ သိုးကောင်ရေ ၃၀ နှင့် နွား၂ ကောင်ကို ခိုးယူခဲ့ကြောင်း သိရသည်။
၎င်းတို့ကို အထူးဒေသ – ၁ တရားစီရင်ရေးဌာနက ပြစ်ဒဏ်များ ချမှတ်သွားမည် ဖြစ်ကြောင်းသိရသည်။
#MeKongNews
#နမ့်ဖတ်ကာ
#နွားသူခိုး
#ကိုးကန့်တပ်ဖွဲ့
#ဖမ်းဆီး








