နေ့စဥ်သတင်း

ညောင်ရွှေ၌ ကျောင်းဆုပေးပွဲအတွက် တစ်အိမ်လျင် ကျပ် ၃သောင်းခွဲမှ ၄သောင်းခွဲအထိ ကောက်ခံ၍ ရွာခံများအခက်တွေ့

မဲခေါင် 29 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ကျောက်ရေအိုး – အမက ကျောင်းဆုပေးပွဲအတွက် ဟုဆိုကာ ကျောင်းအုပ်ကြီးနှင့် ကျောင်းကော်မတီများက ငွေကောက်ခံနေခြင်းကြောင့် ရွာခံများ အခက်အခဲ ဖြစ်နေကြကြောင်း ဒေသခံများက ပြောသည်။ ‌ယင်းငွေကောက်ခံမှုကို နိုဝင်ဘာ ဒုတိယပတ်တွင် စတင်ခဲ့ပြီး ဆုပေးပွဲမတိုင်မီ ဒီဇင်ဘာ ၁၀ ရက်တွင် နောက်ဆုံးထား ထည့်ရန်လည်း ပြောထားကာ ကျောင်းသားရှိအိမ်ကို ၄၅၀၀၀ ကျပ်နှင့် မရှိသည့်အိမ်ကို ၃၅၀၀၀ ကျပ်ဖြင့် ကောက်ခံနေကြောင်း ၎င်းတို့က ပြောသည်။ “ဒီပမာဏက တစ်နေ့လုပ်တစ်နေ့စား ကျောင်းသားမိဘအတွက် အရမ်းအဆင်မပြေ ဖြစ်ရပါတယ်၊ ကလေးတွေ ပညာရေးကို အားမပေးတာတော့ မဟုတ်ပါဘူး။ အဆင်မပြေတဲ့ ကာလမှာဆိုတော့ ပွဲကိုခမ်းခမ်းနားနား

မဲခေါင်၊ နိုဝင်ဘာ ၂၉

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ကျောက်ရေအိုး – အမက ကျောင်းဆုပေးပွဲအတွက် ဟုဆိုကာ ကျောင်းအုပ်ကြီးနှင့် ကျောင်းကော်မတီများက ငွေကောက်ခံနေခြင်းကြောင့် ရွာခံများ အခက်အခဲ ဖြစ်နေကြကြောင်း ဒေသခံများက ပြောသည်။

‌ယင်းငွေကောက်ခံမှုကို နိုဝင်ဘာ ဒုတိယပတ်တွင် စတင်ခဲ့ပြီး ဆုပေးပွဲမတိုင်မီ ဒီဇင်ဘာ ၁၀ ရက်တွင် နောက်ဆုံးထား ထည့်ရန်လည်း ပြောထားကာ ကျောင်းသားရှိအိမ်ကို ၄၅၀၀၀ ကျပ်နှင့် မရှိသည့်အိမ်ကို ၃၅၀၀၀ ကျပ်ဖြင့် ကောက်ခံနေကြောင်း ၎င်းတို့က ပြောသည်။

“ဒီပမာဏက တစ်နေ့လုပ်တစ်နေ့စား ကျောင်းသားမိဘအတွက် အရမ်းအဆင်မပြေ ဖြစ်ရပါတယ်၊ ကလေးတွေ ပညာရေးကို အားမပေးတာတော့ မဟုတ်ပါဘူး။ အဆင်မပြေတဲ့ ကာလမှာဆိုတော့ ပွဲကိုခမ်းခမ်းနားနား မဟုတ်ဘဲ တင့်တယ်ဆိုရုံလေးပဲ လုပ်စေချင်ပါတယ်”ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

ထို့ပြင် ယင်းကျေးရွာတွင် ကျောင်းသားတစ်ဦးအတွက် အချိန်ပိုကြေး တစ်လစာ တစ်သောင်းကျပ်လည်း ထည့်ရပြီး ပအိုဝ်းပြည်သူ့စစ် – PNO၏ စစ်စရိတ်အတွက် တစ်လ ၃၀၀၀၀ ကျပ် နှင့် စစ်ကောင်စီ၏ စစ်မှုထမ်းစရိတ်အတွက် တစ်လ တစ်သောင်းကျပ်လည်း လစဉ် ထည့်ပေးရကြောင်း ၎င်းက ဆက်ပြောသည်။

“အခုက အလုပ်တွေလည်း သိပ်အဆင်မပြေကြဘူး။ အကောက်အခွန်လည်း လစဉ်လစဉ် ပုံမှန်ရှိတယ်၊ မထည့်ရင်လည်း သားသမီး‌တွေ မျက်နှာငယ်မှာ ပတ်ဝန်းကျင်တွေ ပြောမှာစိုးလို့ နေ့စားခကို အရင်ကြိုယူပြီး ထည့်ရတာရှိတယ်။ တချို့ဆို ချေးငှားပြီး ထည့်ရတယ်”ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

ကျောက်ရေအိုးရွာသည် အေးသာယာ – ညောင်ရွှေ သွားရာလမ်းတွင်ရှိပြီး ပအိုဝ်း၊ တောင်ရိုးနှင့် အင်းသား တိုင်းရင်းသားအများစု နေထိုင်ကြကြောင်း ဒေသခံများထံမှ သိရသည်။

ညောင်ရွှေ၌ လက်ရှိတွင် PNO က မဲဆွယ် စည်းရုံးနေသော်လည်း ၎င်းတို့ ဆက်ကြေးများကို ဆက်ကောက်နေဆဲ ဖြစ်ကြောင်းဆိုသည်။

#MeKongNews
#ညောင်ရွှေ
#ကျောင်းဆုပေးပွဲ
#ကျောက်ရေအိုး
#ရွာခံများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now