နေ့စဥ်သတင်း

စစ်အာဏာသိမ်းပြီးနောက် အမျိုးသမီးများ‌အ‌ပေါ် လိင်ပိုင်းကျူးလွန်မှု ပိုများလာ

မဲခေါင် 27 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၂၇ စစ်ပွဲပဋိပက္ခများ ရှိသည့်ဒေသတွင် ကလေးသူငယ်၊ အမျိုးသမီးနှင့် လိင်စိတ်ခံယူမှု ကွဲပြားသူများအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနှင့် အကြမ်းဖက်မှု ပိုများလာကြောင်း အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများက ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။ အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရမှာ စစ်အာဏာသိမ်းပြီးနောက် အဆိုးဆုံးအခြေအနေ ဖြစ်လာပြီး ကျူးလွန်သူအများစုသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖြစ်ကာ တချို့အမှုတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အရပ်သားများ ကျူးလွန်မှုလည်းရှိကြောင်း ဖော်ပြထားသည်။ “ဒီလို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုတိုးလာတာဟာ ကူညီဖြေရှင်းမယ့် တရားရေးယန္တရားနဲ့ တိုင်ကြားနိုင်မှုတွေ အားနည်းတာ၊ စားဝတ်နေရေးခက်ခဲတာ စစ်ကောင်စီနဲ့ ဖြစ်ပွားတဲ့ ပဋိပက္ခတွေကြောင့် အမျိုးသမီးအရေးကို

မဲခေါင်၊ နိုဝင်ဘာ ၂၇

စစ်ပွဲပဋိပက္ခများ ရှိသည့်ဒေသတွင် ကလေးသူငယ်၊ အမျိုးသမီးနှင့် လိင်စိတ်ခံယူမှု ကွဲပြားသူများအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနှင့် အကြမ်းဖက်မှု ပိုများလာကြောင်း အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများက ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရမှာ စစ်အာဏာသိမ်းပြီးနောက် အဆိုးဆုံးအခြေအနေ ဖြစ်လာပြီး ကျူးလွန်သူအများစုသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖြစ်ကာ တချို့အမှုတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အရပ်သားများ ကျူးလွန်မှုလည်းရှိကြောင်း ဖော်ပြထားသည်။

“ဒီလို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုတိုးလာတာဟာ ကူညီဖြေရှင်းမယ့် တရားရေးယန္တရားနဲ့ တိုင်ကြားနိုင်မှုတွေ အားနည်းတာ၊ စားဝတ်နေရေးခက်ခဲတာ စစ်ကောင်စီနဲ့ ဖြစ်ပွားတဲ့ ပဋိပက္ခတွေကြောင့် အမျိုးသမီးအရေးကို ဖြေရှင်းဖို့၊ အကာအကွယ်ပေး ထုတ်ဖော်ပြောဆိုဖို့ လူမှုအသိုက်အဝန်းက အာရုံစိုက်မှု နည်းနေတာဖြစ်ပါတယ်”ဟု အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် အသက် ၄၀ အရွယ် ဒေါ်စုသွေးနီက မဲခေါင်သို့ ပြောသည်။

ထို့ပြင် တရားဥပဒေစိုးမိုးမှု နည်းပါးသည့် ယခုကာလတွင် ကျူးလွန်မှုများမှာ ပုံစံအမျိုးမျိုးရှိနေပြီး ထိထိရောက်ရောက် ဖြေရှင်းမှုနည်းကာ ပြဿနာအများစုတွင် ကျူးလွန်သူများသည် အာဏာပိုင်နှင့် လုပ်ပိုင်ခွင့် တစ်ခုခုရှိသည့်ထဲက ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

မြန်မာဒီမိုဂရပ်ဖစ်အဖွဲ့အစည်းမှ ထုတ်ပြန်ချက်အရ အမျိုးသမီး ၇ ဦးတွင်တစ်ဦးက အကြမ်းဖက်ခံနေရပြီး အဓိကအားဖြင့် စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာများ သာမက ထိခိုက်ဒဏ်ရာများပါ ရရှိကြကြောင်း ထုတ်ပြန်‌ထားသည်။

စစ်အာဏာသိမ်းပြီနောက် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ကျား၊ မအခြေပြု အကြမ်းဖက်မှုပေါင်း ၁၀၀၀ နီးပါးရှိခဲ့ကြောင်း မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်၏ အချက်အလက်အရ သိရသည်။

#MeKongNews
#စစ်အာဏာသိမ်း
#အမျိုးသမီးများ‌
#လိင်ပိုင်းကျူးလွန်မှု
#မြန်မာဒီမိုဂရပ်ဖစ်အဖွဲ့အစည်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now