နေ့စဥ်သတင်း

စားသောက်ကုန်ဝယ်ခွင့် စစ်ကောင်စီ ကန့်သတ်နေသဖြင့် ဆီဆိုင်ဒေသခံများ အခက်တွေ့

မဲခေါင် 22 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့၌ စားသောက်ကုန်များကို ပြည်သူများ လိုသလောက် ဝယ်ယူခွင့်မရဘဲ အိမ်ထောင်စုဦးရေဖြင့် ပစ္စည်းအရေအတွက်ကို စိစစ်ပြီးမှသာ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် – PNO က ဝယ်ခွင့်ပြုထားကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လကတည်းက စတင်ကန့်သတ်ခြင်း ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ပြည်သူများ အခက်ခဲဖြစ်လာပြီး အာဟာရ ချို့တဲ့သည်အထိ ဖြစ်ပွားနေကြောင်း ၎င်းတို့ထံမှ သိရသည်။ “ပိုက်ဆံ ဘယ်လောက်ရှိရှိ အများကြီးဝယ်လို့မရဘူး၊ ဆိုင်တွေအကုန်လုံး စစ်ကောင်စီက စည်းကမ်းထုတ်ထားတာ။ ဆေးပေးမဝယ်ဘူး၊ ဆန်တွေလည်း အဲလိုပဲ။ ပြည်သူတစ်ဦးကို ဆန်၂ ပြည် ၊ ဆီတစ်ပိဿာပဲ ဝယ်ခွင့်ပြုတယ်။ ဆေးလိပ်ဆိုလည်း လူတစ်ယောက်ကို ၁၀ လိပ်ပဲ

မဲခေါင်၊ နိုဝင်ဘာ ၂၂

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့၌ စားသောက်ကုန်များကို ပြည်သူများ လိုသလောက် ဝယ်ယူခွင့်မရဘဲ အိမ်ထောင်စုဦးရေဖြင့် ပစ္စည်းအရေအတွက်ကို စိစစ်ပြီးမှသာ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် – PNO က ဝယ်ခွင့်ပြုထားကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လကတည်းက စတင်ကန့်သတ်ခြင်း ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ပြည်သူများ အခက်ခဲဖြစ်လာပြီး အာဟာရ ချို့တဲ့သည်အထိ ဖြစ်ပွားနေကြောင်း ၎င်းတို့ထံမှ သိရသည်။

“ပိုက်ဆံ ဘယ်လောက်ရှိရှိ အများကြီးဝယ်လို့မရဘူး၊ ဆိုင်တွေအကုန်လုံး စစ်ကောင်စီက စည်းကမ်းထုတ်ထားတာ။ ဆေးပေးမဝယ်ဘူး၊ ဆန်တွေလည်း အဲလိုပဲ။ ပြည်သူတစ်ဦးကို ဆန်၂ ပြည် ၊ ဆီတစ်ပိဿာပဲ ဝယ်ခွင့်ပြုတယ်။ ဆေးလိပ်ဆိုလည်း လူတစ်ယောက်ကို ၁၀ လိပ်ပဲ ဝယ်ခွင့်ပေးတယ်” ဟုဒေသခံတစ်ဦးက ပြောသည်။

ယင်းအပြင် အသီးအရွက်များ၊ ကုန်ခြောက်များကိုလည်း မြို့အဝင်အထွက် ဂိတ်များတွင် စစ်ဆေးပြီး ၎င်းတို့ ကန့်သတ်ထားသည့် ကုန်များ ပါပါက ဂိတ်တွင် ပစ္စည်းသိမ်း၊ လူဖမ်း ပြုလုပ်ကြောင်း၊ ကျေးရွာဖက်တွင် နေထိုင်သည့် ဒေသခံများမှာ နေ့စဉ်နေ့တိုင်း ဈေးမလာနိုင်သည့်အတွက် ပိုမိုခက်ခဲကြောင်း ဒေသခံများက ပြောသည်။

“စိုက်မရပျိုးမရ ဝယ်မရပေါ့ အရမ်း ဒုက္ခရောက်တယ်” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

တော်လှန်ရေးအဖွဲ့များအတွက် လိုအပ်သည့် ဆေးဝါး၊ လူသုံးကုန်နှင့် အစားအသောက်များ ဝယ်ယူပေးမည်ကို စိုးရိမ်သည့်အတွက် ယင်းကဲ့သို့ ကန့်သတ်ခြင်းဖြစ်ကြောင်း၊ စစ်ရေးတွင် အသာမရသည့်အတွက် ဖြတ်လေးဖြတ်စနစ်ကျင့်သုံးခြင်းဖြစ်ပြီး ပြည်သူလူထုကိုပါ ဒုက္ခရောက်စေကြောင်း ဒေသခံများက ပြောသည်။

ထို့ပြင် ဆီဆိုင်မြို့ဝင်ဂိတ်တွင် စိုက်ပျိုးရေးအတွက် ဝယ်လာသော မြေဩဇာအိတ်များကို ဂိတ်များတွင် ဖောက်စစ်ခြင်း၊ ခရီးသွားများကို အချိန်ကြာစစ်ဆေးခြင်းလည်း ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဆီဆိုင်၌ တိုက်ပွဲအခြေအနေ ငြိမ်သွားပြီးနောက် စီးပွားရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည် လည်ပတ်နေသော်လည်း စစ်ကောင်စီနှင့် PNO တို့၏ ကန့်သတ်မှုများကြောင့် ပြည်သူများ အခက်အခဲ ကြုံနေကြရကြောင်း ဒေသခံများထံမှ သိရသည်။

#MeKongNews
#ဆီဆိုင်
#စားသောက်ကုန်
#ကန့်သတ်
#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now