နေ့စဥ်သတင်း

စစ်‌အာဏာသိမ်းပြီးနောက် ရှမ်းတောင် စိုက်ပျိုးရေးလုပ်ငန်း တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာ

မဲခေါင် 21 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၂၁ စစ်‌အာဏာ သိမ်းပြီးနောက် ရှမ်းပြည်တောင်ပိုင်း ပင်လောင်း၊ ဖယ်ခုံ နှင့် ဆီဆိုင်မြို့နယ်တို့၌ တိုက်ပွဲများကြောင့် စိုက်ပျိုးရေးလုပ်ငန်း တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းဒေသများတွင် ပဋိပက္ခကာလအတွင်း အသက်အန္တရာယ် လုံခြုံမှုမရှိခြင်း၊ လုပ်သားရှားပါးမှု နှင့် စိုက်ပျိုးရေးသွင်းအားစုများကို စစ်ကောင်စီတပ်က ကန့်သတ် ထိန်းချုပ်ထားမှုများကြောင့် စိုက်ပျိုးနှုန်း သိသိသာသာ ကျဆင်းလာရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “လယ်မစိုက်နိုင်တာ ၃ နှစ်ရှိပြီ၊ စစ်ဘေးရှောင်တဲ့ နေရာကလည်း တောင်ပေါ်မှာဆိုတော့ ဘာမှစိုက်လို့မရဘူး။ မျိုးစေ့တွေလည်း မဝယ်နိုင်ဘူးလေ၊ ဒီဘက်မှာ မြေအငှားချပေးတယ်၊ တစ်ရာသီစာဆို ဘယ်နှစ်သိန်းနဲ့ပေါ့ အဲလို လုပ်ဖို့ကလည်း မျိုးစေ့တောင်မဝယ်နိုင်ဘူး။ ပြီးရင် ဈေးကဘယ်လိုလာမယ်

မဲခေါင်၊ နိုဝင်ဘာ ၂၁

စစ်‌အာဏာ သိမ်းပြီးနောက် ရှမ်းပြည်တောင်ပိုင်း ပင်လောင်း၊ ဖယ်ခုံ နှင့် ဆီဆိုင်မြို့နယ်တို့၌ တိုက်ပွဲများကြောင့် စိုက်ပျိုးရေးလုပ်ငန်း တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းဒေသများတွင် ပဋိပက္ခကာလအတွင်း အသက်အန္တရာယ် လုံခြုံမှုမရှိခြင်း၊ လုပ်သားရှားပါးမှု နှင့် စိုက်ပျိုးရေးသွင်းအားစုများကို စစ်ကောင်စီတပ်က ကန့်သတ် ထိန်းချုပ်ထားမှုများကြောင့် စိုက်ပျိုးနှုန်း သိသိသာသာ ကျဆင်းလာရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“လယ်မစိုက်နိုင်တာ ၃ နှစ်ရှိပြီ၊ စစ်ဘေးရှောင်တဲ့ နေရာကလည်း တောင်ပေါ်မှာဆိုတော့ ဘာမှစိုက်လို့မရဘူး။ မျိုးစေ့တွေလည်း မဝယ်နိုင်ဘူးလေ၊ ဒီဘက်မှာ မြေအငှားချပေးတယ်၊ တစ်ရာသီစာဆို ဘယ်နှစ်သိန်းနဲ့ပေါ့ အဲလို လုပ်ဖို့ကလည်း မျိုးစေ့တောင်မဝယ်နိုင်ဘူး။ ပြီးရင် ဈေးကဘယ်လိုလာမယ် မသိဘူးလေ၊ ဘာမှလုပ်လို့မရဘူး စားရလွယ်တဲ့ ပဲသီး၊ မုန်ညှင်းတွေကိုပဲ စစ်ရှောင်တဲနားမှာ စိုက်ပြီး စားဖို့လုပ်ရတာပေါ့။ အဲမျိုးစေ့တွေကလည်း အလှူရှင်တွေက လာလှူပေးထားတာ၊ အသားကလည်း မစားဖူးတာ ကြာပြီ။ စပါးမစိုက်ရလို့ လယ်မြေတွေလည်း မာတယ်၊ ဘဝအသစ် ပြန်စရသလိုပဲပေါ့” ဟု ပင်လောင်းစစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ဆီဆိုင်မြို့နယ်၌ ၂၀၂၄ နှစ်ကလည်း စိုက်ပျိုးချိန်တွင် စစ်ရှောင်နေရပြီး နေအိမ်နှင့် တန်ဖိုးရှိပစ္စည်း အများအပြား ပျက်စီးဆုံးရှုံးမှုများကြောင့် အရင်းအနှီးမရှိ၊ လူငှားခေါ်မရသည့်အတွက် အခုနှစ်တွင် စိုက်ပျိုးသူလည်း နည်းပါးကြောင်း သိရသည်။

ယင်းအခြေအနေများကြောင့် လယ်ယာမြေပေါ်တွင် လုပ်ကိုင်သူမရှိခြင်း နှင့်အရင်းအနှီး မရှိသည့်အပြင် လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနှင့် ဈေးကွက် မရှိခြင်းတို့‌ကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို စွန့်ပြီး ထိုင်း၊ မလေးရှား၊ လာအို စသည့် ပြည်ပနိုင်ငံသို့ ထွက်ခွာအလုပ်လုပ်သူ များလာကြောင်း သိရသည်။

စိုက်ပျိုးဧက နည်းပါးသည့်အပြင် ယခုနှစ်အတွင်း ရှမ်းတောင်တွင် စစ်ဘေး နှင့် သဘာဝဘေးဒဏ်များကြောင့် သီးနှံများအထွက်နှုန်း လျော့နည်းသဖြင့် ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံမှုမရှိခြင်းနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

#MeKongNews
#ရှမ်းတောင်
#စစ်‌အာဏာသိမ်း
#စိုက်ပျိုးရေး
#ကျဆင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now